နိုင်ငံ (၉) နိုင်ငံပါဝင်သည့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ PDF အဖွဲ့ကို အကြမ်းဖက်အဖြစ်လက်မှတ်ရေးထိုး သဘောတူပြီဆိုတဲ့ သတင်းအမှား

နိုင်ငံ (၉) နိုင်ငံပါဝင်သည့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ PDF အဖွဲ့ကို အကြမ်းဖက်အဖြစ်လက်မှတ်ရေးထိုး သဘောတူပြီဆိုတဲ့ သတင်းအမှား

နိုင်ငံ (၉) နိုင်ငံပါဝင်သည့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ People Defense Force (PDF) အဖွဲ့ကို အကြမ်းဖက်အဖြစ် လက်မှတ်ရေးထိုး သဘောတူပြီဆိုတဲ့ သတင်းအမှားတစ်ခုဟာ Facebook စာမျက်မှာပျံ့နှံ့ နေပါသည်။

ဒီသတင်းအမှားကို အမျိုးဘာသာချစ်မြတ်နိုးသူများဆုံမှတ် Group မှာတင်ထားတာဖြစ်ပြီး “အာဆီယံ အကြမ်းဖက် ဥပဒေနဲ့ပါထပ်မံငြိစွန်းခဲ့သည့်အတွက် PDF အကြမ်းဖက်အဖွဲ့များကို ရှာဖွေဖမ်းဆီးရန် ဝရမ်းအမိန့်ကို မြန်မာနိုင်ငံ နိုင်ငံတော်ဝန်ကြီးချုပ်လက်မှတ်ရေးထိုးပြီးပေးပို့ခဲ့ပြီး PDF အဖွဲ့များကို ရှာဖွေရှင်းလင်းဖို့ စစ်ဆင်ရေးစီမံကိန်းရေးဆွဲ အကောင်ထည်ဖော်နိုင်တော့မည်လို့ “ ရေးသားဖော်ပြထားတာဖြစ်ပါသည်။

အမျိုးဘာသာချစ်မြတ်နိုးသူများဆုံမှတ် Group မှာတင်ထားတဲ့ အကြောင်းအရာကို စိတ်ချယုံကြည်နိုင်တဲ့ သတင်းဌာနကြီးတွေမှာ ရေးသားဖော်ပြထားတာမရှိသလို ၎င်းနဲ့ပတ်သက်တဲ့ အချက်တချို့ကိုလည်း ထုတ်ပြန်ထားခြင်းမရှိပါဘူး။

အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများစွာဟာ ဒေသပြည်သူကာကြယ္ေရးတပ္ (PDF) ကိုဖွဲ့စည်းပြီး ရရာလက်နက်များဆွဲကိုင်ကာ စစ်ကောင်စီကို တွန်းလှန်နေကြတာဖြစ်ပါသည်။ ယခုကဲ့သို့ သတင်းအမှားများကြောင့် ပြည်သူလူထုကို ယုံမှားသံသပိုတိုးစေပါသည်။ ဒါကြောင့် ပြည်သူများအနေနဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်က သတင်းဟူသမျှကို မယုံကြည်ပဲ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနက သတင်းများကိုသာ ဖတ်ရှုသင့်ပါသည်။

၎င်းသတင်းကို Like & React ပြုလုပ်သူ (455) ယောက်ရှိပြီး ပြန်လည်မျှဝေသူ (177) ယောက်ထိရှိနေတဲ့ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါသည်။

March 26, 2026
ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာများတွင် တအာင်း (ပလောင်) လူမျိုးများက ကိုးကန့်တပ် (MNDAA) အား...
March 19, 2026
စစ်အုပ်စုက ကေအဲန်ယူဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်၍ ကေအဲန်ယူရဲဘော်အယောင်ဆောင်...
January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...