မိုးကြီးရေလျှံ၍ အမ်းမြို့နယ် အတွင်း ကျိုးပျက်ခဲ့ရသည့် စစ်တွေ- ရန်ကုန် ကားလမ်း ပြန်လည်ပြုပြင်ပြီးဖြစ်

မိုးကြီးရေလျှံ၍ အမ်းမြို့နယ် အတွင်း ကျိုးပျက်ခဲ့ရသည့် စစ်တွေ- ရန်ကုန် ကားလမ်း ပြန်လည်ပြုပြင်ပြီးဖြစ်
by -
နိရဥ္စရာ
မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီး ရေလျှ ံ ဖြစ်ပြီး အမ်းမြို့နယ် အတွင်း ကျိုးပျက်ခဲ့ရသည့် စစ်တွေ-ရန်ကုန် ကားလမ်းမှာ ယခုအခါ ပြုပြင်ပြီး ဖြစ်သဖြင့် ကားများ ပြန်လည် သွားနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

လွန်ခဲ့သော တစ်ရက် နှစ်ရက်အတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီးနောက် ရေကြီး ရေလျှံဖြစ်ကာ ရန်ကုန်-စစ်တွေ ကားလမ်းမကြီးမှာ အမ်းမှ စစ်တွေဘက်သို့ အလာ ၂၈ မိုင်ခန့် အကွာတွင် ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ပျက်စီးသွားခဲ့သည်ဟု အမ်းမြို့နယ် ရဲစခန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ ကားကတော့ အခု သွားလာလို့ ရနေပါပြီ။ မနေ့ ညနေကတည်းက လမ်းပြန်ပွင့်သွားပါပြီ” ဟု ပြောသည်။

ယခု ရေကြီးရေလျှံ၍ ကျိုးပျက်ခဲ့ရသော နေရာမှာ မြေပုံမြို့နယ်နှင့် အမ်းမြို့နယ် အစပ် ကဇူးကိုင်းအနီးရှိ ကျောက်ဆည်တောင်တွင် ဖြစ်ကြောင်း၊ မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် ရေလျှံရာမှ ကျိုးပျက်သွားခဲ့ကြာင်း၊ လမ်းကောင်းပြီး ဆိုသော်လည်း ထပ်မံပြီး မကျိုးပျက်ရအောင် ဆက်လက် ပြုပြင်နေတုန်း ဖြစ်ကြောင်း၊ အမ်းမြို့အတွင်းတွင် မိုးကြီး၍ တစ်စုံတစ်ရာ ထိခိုက်မှု မရှိပါကြောင်း အမ်းမြို့နယ်မှ လူမှုရေး ဆောင်ရွက်နေသူ ကိုဇော်လင်းအောင်က ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ် စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ကျော်ဇံအား ဆက်သွယ်မေးမြန်းရာ သူက “မနေ့က လမ်းပျက်စီးပြီး ကားဖြတ်သန်းသွားလာမှု နေ့တစ်ဝက်လောက် ရပ်သွားပါတယ်။ အခုတော့ ပြင်ဆင်ပြီးပါပြီ”ဟု ပြောသည်။

မြေကြီးပြိုကျသွားသည့် လမ်းပိုင်းကို ဘတ်ဟိုးနှစ်စီး အသုံးပြုပြီး ပြုပြင်နေကြောင်း၊ လိုအပ်ပါက ပျက်စီးနေသော လမ်းပိုင်းနေရာတွင် ဘေလီ ယာယီတံတားထိုး၍ အသုံးပြုနိုင်ရန် မင်းပြားမြို့အနီး ကြပ်စင် တံတားဆောက်လုပ်နေသည့် နေရာမှ သံပြား ဘေလီများကို စုဆောင်းထားပြီး ရွှေ့့ပြောင်းမှုများလည်း ပြုလုပ်နေသည်ဟု ဆိုသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...