မြဝတီရှိ ABSDF ဆက်ဆံရေးရုံးမှ ရဲဘော်အချို့ကို စစ်တပ်မှခေါ်ဆောင်သွား

မြဝတီရှိ ABSDF ဆက်ဆံရေးရုံးမှ ရဲဘော်အချို့ကို စစ်တပ်မှခေါ်ဆောင်သွား

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၏ ဆက်ဆံရေးရုံးကို နိုဝင်ဘာ ၂ ရက်က စစ်တပ်မှ ဝင်ရောက်ပြီး ရဲဘော် ၄ ဦးကို ခေါ်ဆောင်သွားကြောင်း သိရသည်။

ABSDF ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဆန်နီက ဆက်ဆံရေးရုံးမှ ရဲဘော်များကို မည်သည့်အတွက်ကြောင့် ခေါ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်း ပြောသည်။

“အတိအကျ ကျနော်တို့ သိရ‌အောင်လည်း‌ ကျနော်တို့ မေးနေပါတယ်။ ဘာအကြောင်းကြောင့်လည်း မသိဘူးပေါ့နော်။ အဲတာကို ကျနော်တို့ အတိအကျ သိရပြီဆိုရင် သတင်းထုတ်ပြန်သွားမယ်” ဟု ရဲဘော် ဆန်နီက ပြောသည်။

ABSDF အနေဖြင့် သတင်းထုတ်ပြန်ပြီး နားလည်မှု လွဲမှားမည်ကိုလည်း စိုးရိမ်ကြောင်း သတင်းအတိအကျ မေးမြန်းပြီးမှ သတင်းထုတ်ပြန်သွားမည်ဟု ၎င်းက ပြောသည်။

မြဝတီ ဆက်ဆံရေးရုံးတာဝန်ခံ ရဲဘော် ကိုအောင်ဘော်၊ ကိုတင်စိုး၊ ကိုကပ္ပလီ၊ ကိုခင်မောင်ဝင်းတို့ကို လုံခြုံရေးတပ်ဖွဲ့များက ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ABSDF သည် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည့် လက်နက်ကိုင်အဖွဲ့အစည်းများအနက် တစ်ဖွဲ့အပါအဝင်ဖြစ်သည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက်မှာ ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၃) နှစ်ပြည့် ထုတ်ပြန်ချက်တွင် ABSDF မှ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ် အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါ်ထွန်းရေး နိုင်ငံရေး ဦးတည်ချက် ၄ ရပ်ကို ဆက်လက်ကိုင်စွဲပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေး အင်အားစုတွေနဲ့အတူ လက်တွဲ တိုက်ပွဲဝင်သွားမည်ဟု ကြေညာထားသည်။

August 14, 2026
အမျိုးသမီး ပြည်သူ့စစ်မှုထမ်း သင်တန်းကို စစ်အုပ်စုက ဩဂုတ်လ ၁၀ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း...
August 13, 2026
မွန်ပြည်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်သည့်...
August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...