ကမ္ဘာ့စီးပွားရေးဆိုင်ရာ G20 အစည်းအဝေးတွင် အကြမ်းဖက်ဝါဒ ပြဿနာကို အိန္ဒိယ ဆွေးနွေးမည်

ကမ္ဘာ့စီးပွားရေးဆိုင်ရာ G20 အစည်းအဝေးတွင် အကြမ်းဖက်ဝါဒ ပြဿနာကို အိန္ဒိယ ဆွေးနွေးမည်

နိုင်ငံပေါင်း ၁၉ နိုင်ငံနှင့် ဥရောပသမဂ္ဂတို့ဖြင့် ဖွဲ့စည်းထားသည့် G20 အဖွဲ့၏ ထိပ်သီးဆွေးနွေးပွဲတွင် အိန္ဒိယအစိုးရက နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒ၊ အကြမ်းဖက်အုပ်စုများအား ငွေကြေးရောက်ရှိနေမှု၊ အကြမ်းဖက်နှင့် ဆက်စပ်သည့် လုပ်ဆောင်ချက်များက အိန္ဒိယနှင့် ကမ္ဘာ့နိုင်ငံများအပေါ် သက်ရောက်မှုများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါမှ ပြန်လည်ထူထောင်ရေး အစီအစဉ်များနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးသွားမည်ဟု ပြည်ပရေးရာ အတွင်းဝန် ဟာ့ရှ်ဝါဓန်ရှရင်ဂလာက အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

အီတလီနိုင်ငံတွင် ကျင်းပမည့် G20 အစည်းအဝေးနှင့် ဗြိတိန်တွင် ကျင်းပမည့် COP 26 အစည်းအဝေးများသို့ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ တက်ရောက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှရင်ဂလာက G20 အဖွဲ့သည် စီးပွားရေးနှင့် သက်ဆိုင်သည့် အစီအစဉ် ဖြစ်သော်လည်း အိန္ဒိယအနေဖြင့် နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုများ၊ အကြမ်းဖက်အုပ်စုများအား ငွေကြေးရောက်ရှိနေမှုနှင့် အကြမ်းဖက်နှင့် ဆက်စပ်သည့် ပြဿနာများက မိမိတို့နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများအား သက်ရောက်မှုတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

“အကျင့်ပျက်ခြစားမှု ပြဿနာ၊အခွန်ရှောင်ခြင်းနှင့် ငွေကြေးခဝါချမှုဆိုင်ရာ မူဝါဒတွေကို ဆွေးနွေးဖို့ အရေးကြီးသလို အကြမ်းဖက်မှုဆိုင်ရာ ဖြစ်ရပ်တွေကိုလည်း ထည့်သွင်းဆွေးနွေးသွားမှာပါ” ဟု ၎င်းက ပြောကြားသည်။

G20 ထိပ်သီးဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ နှင့် ၃၁ ရက်တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အာဖဂန်နစ္စတန်အရေးနှင့် ပတ်သက်၍ G20 က ခေါင်းဆောင်အဆင့် အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပြီး ဝန်ကြီးချုပ် နာရင်ဒရာမိုဒီလည်း ပါဝင်ဆွေးနွေးခဲ့သည်။

“လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးသွားမှာပါ။ တိုက်ရိုက်အကူအညီတွေကို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေကတစ်ဆင့် ဖြန့်ဝေသွားလိုပါတယ်။ အာဖဂန်နစ္စတန်မှာ လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်တွေရှိနေတာ သိပါတယ်။ အဆင်ပြေမယ်ဆိုရင် ဒီအခြေအနေအပေါ် ကူညီပံ့ပိုးပေးချင်ပါတယ်” ဟုလည်း ရှရင်ဂလာက ပြောကြားသည်။

Most read this week

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...