မွန်ပြည်နယ်ထွက်ဝဥများ ဝယ်လိုအားကျဆင်း

မွန်ပြည်နယ်ထွက်ဝဥများ ဝယ်လိုအားကျဆင်း

မွန်ပြည်နယ်က ထွက်ရှိသောဝဥများ ပြည်တွင်းပြည်ပဈေးကွက်အတွင်း ဝယ်လိုအား ကျဆင်းနေကြောင်း ၀ဥလုပ်ရှင်များထံက သိရသည်။



ဝဥများကို အဓိကဝယ်ယူနေသော တရုတ်နိုင်ငံဘက်က ကုန်ပစ္စည်းတင်ပို့မှုများကို ပိတ်ထားခဲ့သောကြောင့် ဝယ်လိုအား ကျဆင်းနေကြောင်း၊ ထို့ပြင် ပြင်တွင်းမှ ကုန်သည်များကလည်း ငွေကြေးအခက်အခဲကြောင့် ထွက်ရှိသော ဝဥအားလုံးကို ဝယ်ယူ‌ပေးနိုင်ခြင်း မရှိတော့ကြောင်း ၀ဥလုပ်ငန်းရှင် ဦးကျော်ခိုင်မြင့်က ပြောသည်။



"အခုက အရောင်းအဝယ်က တော်တော်ပါးသွားတယ်။ တောင်သူတွေက ရောင်းချင်တယ်။ ကိုယ်တို့က ဝယ်မပေးနိုင်တော့ဘူးပေါ့။ Export တရုတ်ကို ထွက်လို့မရတော့တဲ့အတွက် နေရာလည်းမရှိဘူး။ ပိုက်ဆံလည်း မရှိတော့ဘူးပေါ့။ ဝယ်ပေးဖို့ကလည်းအဲလိုမျိုးပေါ့"ဟု ဦး ကျော်ခိုင်မြင့်က ပြောသည်။

 

ပြီးခဲ့သည့်စက်တင်ဘာလလယ်တွင် ဝဥအစိမ်း တစ်ပိဿာ ၁၃၅၀ ကျပ်ထိ ဈေးတက်လာခဲ့သော်လည်း လက်ရှိတွင် တစ်ပိဿာ တစ်ထောင်ကျပ်သာ ပေါက်ဈေးနေကြောင်း ၄င်းကဆက်ပြောသည်။

 

"တောင်သူနဲ့ ကုန်သည်က မိတ်ဖက်တွေဖြစ်တယ်။ သူတို့ကိုတော့ အစ်ကိုယ်တို့ တတ်နိုင်သလောက်ဝယ်ပေးတယ်။ ခါတိုင်းနှစ်ဆို တန် ၃၀၀ ကနေ ၅၀၀ သွားနိုင်တယ်။ အသီးစိမ်းဆို ပိဿာချိန် သိန်း ၂၀ လောက် ဝယ်နိုင်တယ်။ အခုဆို ခါတိုင်းနှစ်ထက် လေးဆ တစ်ဆပေါ့။ လေးပုံပုံ တစ်ပုံပဲ ဝယ်နိုင်ခဲ့တယ်"ဟု ၎င်းက ဆိုသည်။



ထို့အတူ ကုန်သည်များ ဝဥ ဝယ်ယူမှု နည်းပါးလာသဖြင့် တောင်သူများ အခက်အခဲရှိလာကြောင်း သထုံမြို့နယ်မှ  ဝဥစိုက်တောင်သူ တစ်ဦးက ပြောသည်။



"အရင်နှစ်တွေနဲ့ မတူဘူးပေါ့။ အရင်နှစ်တွေတုန်းကဆိုရင် အစ်မတို့ ထုတ်ပေးနိုင်သလောက် သူတို့ဝယ်တယ်။ ဝယ်လည်းဝယ်နိုင်သလို သူတို့ ဖြူန်းလည်း ဖြုန်းနိုင်တယ်။ ဒီနှစ်ကျတော့ သူတို့လည်း သိပ်မဝယ်နိုင်ဘူး၊ အစ်မတို့လညိး တစ်ပိဿာတစ်ထောင်နဲ့ မရောင်းနိုငိဘူး ဖြစ်နေတယ်"ဟု ၎င်းက ပြောသည်။



မွန်ပြည်နယ်တွင် ဝဥ ကို သထုံ၊ မေယ်လမြိုင်၊ သံဖြူဇရပ်၊ ကျိုက်မရော နှင့် ရေးမြိုနယ်တို့တွင် အများဆုံးစိုက်ပျိုးနေကြောင်း သိရသည်။

August 14, 2026
အမျိုးသမီး ပြည်သူ့စစ်မှုထမ်း သင်တန်းကို စစ်အုပ်စုက ဩဂုတ်လ ၁၀ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း...
August 13, 2026
မွန်ပြည်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်သည့်...
August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...