ပန်းပျိုးလက် ပန်းချီသင်းတည်ထောင်သူ ဖမ်းဆီးခံရ

ပန်းပျိုးလက် ပန်းချီသင်းတည်ထောင်သူ ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ မြောင်းမြမြို့က ပန်းပျိုးလက် ပန်းချီအသင်းတည်ထောင်သူ ကိုဟိန်းဇော်အောင် (အာဒံ) ကို စစ်ကောင်စီတပ်ဖွဲ့ က PDF ဟု စွပ်စွဲပြီး ဖမ်းဆီးသွားသည်။

အောက်တိုဘာ ၂၈ ရက်နေ့၊ ည ၁၀ နာရီ အချိန်ခန့်က မြောင်းမြမြို့တဘက်ကမ်း ကွယ်လွယ်ကျေးရွာရှိ ပရဟိတလုပ်နေသူ ပန်းချီဆရာ ကိုဟိန်းဇော်အောင်၏အိမ်ကို စစ်ကောင်စီ၏တပ်ဖွဲ့က အကြမ်းဖက် ဝင်ရောကစီးနင်းပြီး ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု လမ်းအတွင်းနေထိုင်သူများက ပြောသည်။

"အိမ်တံခါးကို ကန်ကျောက်ဖွင့်သံကြားတယ်။ သေနတ်မောင်းတွေကို "ဗြောင်း" ကနဲဆွဲတင်ပြီး ဟိုချိန်ဒီချိန်လုပ်ပြီးဖမ်းတာ။ ခွေးတောင် ဟောင်ပြီး ထွက်ပြေးတယ်" ဟု လမ်းအတွင်း နေထိုင်သူတစ်ဦးက ပြောသည်။

အဖမ်းခံရသူသည် ရန်ကုန်ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးဖြစ်ပြီး ပန်းချီပညာဖြင့် ပရဟိတလုပ်၍ အလှူပြုနေသူဖြစ်ပြီး ၎င်းသည် ခရီးသွားမှတ်တမ်းမရှိ၍ PDF မဟုတ်နိုင်ဘူးဟု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကိုဟိန်းဇော်အောင်သည် အနေအေးသူဖြစ်ပြီး ကျန်းမာရေးမကောင်းသဖြင့် မိသားစုဝင်များက အသက်အန္တရာယ်အတွက် စိုးရိမ်နေကြသည်။

ကိုဟိန်းဇော်အောင်၏ ဖခင်ဖြစ်သူနှင့် အစ်ကိုဖြစ်သူတို့လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည့်အတွက် အဖမ်းခံခဲ့ရသည်။

ကိုဟိန်းဇော်အောင်၏ ဖခင်ဖြစ်သူက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အတွက် ဖမ်းဆီးခံရပြီး အောက်တိုဘာလ တတိယပတ်က လွတ်ငြိမ်းဖြင့် ပြန်လွတ်လာပြီးဖြစ်သော်လည်း အစ်ကိုဖြစ်သူ CDM ကျောင်းဆရာက ဆက်လက်အဖမ်းခံနေထားရဆဲဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီက မြောင်းမြမြို့တွင် ပရဟိတသမား ၄ ဦးကို စစ်အာဏာသိမ်းမှု ဆန့်ကျင်သည်ဟုဆိုကာ ဖမ်းဆီးထားပြီး စက်တင်ဘာလအတွင်း ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ပရဟိတဆရာတော်တစ်ပါးကိုလည်း PDF ဟုစွပ်စွဲကာ ဖမ်းဆီးထားသည်ဟု ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။

July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...