ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပို မဲပေးခဲ့သူများကို အရေးယူရန် ညွှန်ကြားချက်မရောက်သေးဟုဆို

ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပို မဲပေးခဲ့သူများကို အရေးယူရန် ညွှန်ကြားချက်မရောက်သေးဟုဆို

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပို၍ မဲပေးခဲ့သော မဲဆန္ဒရှင်များကို အမှုဖွင့်အရေးယူရန် ညွှန်ကြားချက် မရောက်ရှိသေးကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရှိရသည်။



"ပြည်ထောင်စုက ထုတ်ပြန်တာဆိုတော့ပြည်ထောင်စုကိုပဲ မေးလိုက်ပါ။ ကျွန်တော်တို့ဆီ ဘာညွှန်ကြားချက်မှမရောက်သေးတော့ ဘာမှဖြေလို့မရသေးပါဘူး" ဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ဆိုသည်။



နစက ပြန်လည်ခန့်အပ်ထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က မဲတစ်ကြိမ်ထက်ပိုပေးသူများကို အရေးယူမည်ဆိုသည့် ညွှန်ကြားချက်တစ်စောင် အောက်တိုဘာလ ၂၇ ရက်က လူမှုကွန်ရက်ပေါ်၌ ပျံ့နှံ့နေခြင်းဖြစ်သည်။



အဆိုပါညွှန်ကြားစာတွင် တစ်ကြိမ်ထက်ပို၍ဆန္ဒမဲပေးခဲ့သူများကို သက်ဆိုင်ရာ တရားရုံးများတွင် ရာဇသတ်ကြီး ပုဒ်မ ၁၇၁ (ဃ) ဖြင့် တရားစွဲဆိုရန်ပါရှိသည်။





“နိုင်ငံသား စိစစ်ရေးကတ် အမှတ်တူ၊ အမည်တူနှင့် ကျန်အချက်အလက်များ အားလုံးတူသူ မဲဆန္ဒရှငတစ်ဦးတည်းမှ မဲရုံမဲနှင့် ကြိုတင်မဲပေးခြင်း သို့မဟုတ် တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးသည့် မဲဆန္ဒရှင်များကို အမှုဖွင့်အရေးယူနိုင်ရေး” ဟု ပျံ့နှံ့နေသော ညွှန်ကြားစာတွင် ဖော်ပြထားသည်။



၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုပေါင်း ၁၁ သန်းကျော်အထိ ရှိခဲ့သည်ဟုဆိုကာ ရွေးကောက်ပွဲရလဒ်အား ဖျက်သိမ်းကြောင်း နစက၏ UEC က ၂၀၂၁ ခုနှစ်၊  ဇူလိုင် ၂၆ ရက်တွင် ကြေညာခဲ့ပြီဖြစ်သည်။

August 14, 2026
အမျိုးသမီး ပြည်သူ့စစ်မှုထမ်း သင်တန်းကို စစ်အုပ်စုက ဩဂုတ်လ ၁၀ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း...
August 13, 2026
မွန်ပြည်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်သည့်...
August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...