ကိုဗစ်ကြောင့် ရခိုင်ပြည်သူများ ပြည်ပသွားလာမှု နည်းပါး

ကိုဗစ်ကြောင့် ရခိုင်ပြည်သူများ ပြည်ပသွားလာမှု နည်းပါး

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် ယခုနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားလာမှု ထက်ဝက်နီးပါး လျော့နည်းကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ခွဲရုံး (စစ်တွေ) မှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က ပြည်ပနိုင်ငံများသို့ ခရီးသွားလာခွင့်ရရန် တရားဝင်နိုင်ငံကူးလက်မှတ် (Passport) ပြုလုပ်သူဦးရေ ၂၀၀၀ ခန့်အထိရှိခဲ့သော်လည်း ယခုနှစ် အောက်တိုဘာလအထိ တရားဝင်နိုင်ငံကူးလက်မှတ်ပြုလုပ်သူမှာ ၉၀၀ ဦးဝန်းကျင်သာရှိကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ခွဲရုံး (စစ်တွေ) မှ တာဝန်ခံ ဒု-ရဲမှူး ဦးမျိုးသက်ထွန်းကပြောသည်။

“ကိုဗစ်ကာလနဲ့ ရုံးတွေပိတ်ထားတာကြောင့်လည်း ပါတာပေါ့၊ ရုံးတွေမဖွင့်တော့ (Passport) လည်း လျှောက်လို့မရဘူး” ဟု ၄င်းကဆိုသည်။

နိုင်ငံကူးလက်မှတ် (Passport) အမျိုးအစားများမှာ အလည်အပတ်သွားခြင်း၊ သင်္ဘောသား၊ စီးပွားရေး၊ ပညာရေး၊ အလုပ်၊ ဘာသာရေး၊ မှီခီုဟု ၆ မျိုးရှိပြီး ရခိုင်ပြည်နယ်မှ ပြည်ပနိုင်ငံသို့ သွားလာခွင့်ရရန် အများဆုံးလျှောက်ထားသည့် နိုင်ငံများမှာ စင်္ကာပူ၊ ဒူဘိုင်း၊ ထိုင်း၊ မလေးရှားတို့ဖြစ်ကြောင်း သိရသည်။

ပြည်ပနိုင်ငံသို့သွားသည့်ထဲတွင် ယခင်နှစ်များက စင်္ကာပူ၊ ဒူဘိုင်း၊ ထိုင်း၊ မလေးရှားနိုင်ငံများသို့ အသွားအများဆုံးဖြစ်သော်လည်း ယခုနှစ်တွင် မလေးရှားနိုင်ငံသို့သွားရန် လျှောက်ထားသူ နည်းပါးလာကြောင်း ဦးမျိုးသက်ထွန်းကဆိုသည်။

ယင်းအပြင် ပထမအများဆုံး passport လျှောက်သူများမှာ အလည်အပတ်သွားခြင်းဖြစ်ပြီး ဒုတိယအများဆုံးလျှောက်ထားသူများမှာ အလုပ်ဖြင့်သွားခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“အခုနှစ်မှာက မလေးကိုသွားတာက မရှိသလောက်ကိုနည်းသွားတယ်၊ အများစုကတော့ အလည်အပတ်ဗီဇာနဲ့ သွားတာများတယ်” ဟု ၄င်းကဆိုသည်။

မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားမည်ဆိုပါက မှတ်ပုံတင်မူရင်း (နိုင်ငံသားစီစစ်ရေးကတ်)၊ အိမ်ထောင်စုမူရင်း၊ မွေးစာရင်းမူရင်း (အသက် (၁၀) နှစ်အောက်)၊ လျှောက်မည့်သူကိုယ်တိုင် လာရမည့်ဖြစ်ကာ ယင်းလက်မှတ် (passport) တန်ဖိုး ကုန်ကျငွေမှာ ၃၅၀၀၀ ကျပ်ကို ပေးချေရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ခွဲရုံး (စစ်တွေ) မှ သိရသည်။

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...