Stay at home မြို့နယ်ရှိ စျေးဆိုင်များ COVID-19 ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်ပြနိုင်လျင် စျေးရောင်းချခွင့်ပြုမည်ဟုဆို

Stay at home မြို့နယ်ရှိ စျေးဆိုင်များ COVID-19 ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်ပြနိုင်လျင် စျေးရောင်းချခွင့်ပြုမည်ဟုဆို

မွန်ပြည်နယ်အတွင်း Stay at Home အစီအစဉ်တွင် ပါဝင်သည့် မြို့နယ်များရှိ စည်ပင်သာယာစျေးများတွင် COVID ကာကွယ်ဆေး ထိုးနှံပြီးကြောင်း ဆေးလက်မှတ်ပြနိုင်ပါက စျေးရောင်းချခွင့် ပြန်လည်ခွင့်ပြုထားကြောင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရှိရသည်။

Stay at home တွင်အကျုံးဝင်နေသည့် မော်လမြိုင်၊ သထုံ၊ ဘီးလင်း၊ ချောင်းဆုံနှင့် သံဖြူဇရပ် မြို့နယ်များမှ စည်ပင်သာယာစျေးများကို ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်ဖြင့် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာ ရေးကော်မတီထံမှသိရသည်။

"ကိုဗစ်ကာကွယ်ဆေးထိုးပြီးသား ဆိုင်ရှင်တွေ၊ အလုပ်သမားတွေပေါ့။ သူတို့ ကာကွယ်ဆေးထိုးထားပြီးကြောင်း လက်မှတ်ပြပြီးတော့ အဲ့ဒီဆိုင်တွေကို ပြန်ပေးဖွင့်ပါတယ်" ဟု မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ဆိုသည်။

ထို့အတူ ကာကွယ်ဆေးမထိုးရသေးသူများအနေဖြင့် မော်လမြိုင်မြို့ သာသနာ့ဗိမာန်တွင် ကာကွယ်ဆေး ထိုးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ထို့အတူ မွန်ပြည်နယ်အတွင်းရှိ Stay at Home မဖြုတ်ရသေးသည့် မြို့နယ်များရှိ စည်ပင်သာယာ စျေးများတွင်လည်း ယင်းကဲ့သို့ ဆောင်ရွက်သွားရန် ညွှန်ကြားထားပြီးဖြစ်ကြောင်းနှင့် ယခင်ကတည်းက သတ်မှတ်ထားသည့် ကိုဗစ် စည်းကမ်းများနှင့်အညီ စျေးရောင်းချခွင့် ပြုသွားမည်ဖြစ်ကြောင်း ဦးတင်ကိုကိုက ဆိုသည်။

"ကျွန်မက ပြီးခဲ့တဲ့စနေနေ့ကဆေးထိုးပြီးပြီ။ မနေ့က စျေးဆိုင်ပြန်စဖွင့်တယ်။ ပိတ်ထားတဲ့ဆိုင်တွေတော့ များသေးတယ်။ မှတ်ပုံတင်မရှိရင်လည်း ဆေးမထိုးပေးဘူးလေ။ စျေးဝယ်သူလည်း နည်းပါသေးတယ်" ဟု ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ စျေးဆိုင်ပိုင်ရှင် မနီနီက ဆိုသည်။

ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသော စျေးသူစျေးသားတွေက စျေးရုံးခန်းမှာ စာရင်းပေးသွင်းနိုင်ပြီး သတ်မှတ်ထားသော ဆေးထိုးစုရပ်များတွင် အလှည့်ကျ ကာကွယ်ဆေးထိုးပေးသွားဖို့ရှိကြောင်း စျေးကော်မတီတစ်ဦးထံမှ သိရသည်။

မော်လမြိုင်မြို့၏ အဓိကစျေးကြီးများဖြစ်သည့် မြိုင်ရတနာ လေးထပ်စျေးနှင့် နှစ်ထပ်စျေးများရှိ စျေးဆိုင်ခန်းများကိုလည်း ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြောင်း ဆေးလက်မှတ်ပြနိုင်ပါက စျေးဆိုင်ခန်းများကို အောက်တိုဘာလ ၂၅ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီးဖြစ်သည်။

မွန်ပြည်နယ်တွင် အောက်တိုဘာ ၁ ရက်မှ ၂၄ ရက်အတွင်း ကိုဗစ်ကူးစက်ဖြစ်ပွားသူ ၉၄၃ ဦးနှင့် အတည်ပြုလူနာ ၄၉ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

(ဓာတ်ပုံ - MSDF / Crd)
August 19, 2026
မွန်ပြည်ကာကွယ်ရေးတပ် (MSDF) အနေဖြင့် နည်းပညာအကူအညီဖြင့် ပင်လယ်ပြင်နှင့် ရေကြောင်း စစ်ဆင်ရေးများ...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ဆေးရေးဂိတ်တစ်ခု - Crd)
August 19, 2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်-ခလယ်တံခွန်တိုင် လမ်းပိုင်းရှိ အဘစ်စစ်ဆေးရေးဂိတ်တွင် ဒေသခံမဟုတ်...
မွန်သတင်းအေဂျင်စီ (၂၀၂၅ ခုနှစ် ကျုံလောင်းကျေးရွာ တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် စစ်ဘေး ရှောင်အချို့။ - ပုံဟောင်း)
August 18, 2026
ရေးမြို့နယ်၊ ရေးချောင်းဖျား ဒေသအတွင်း စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံများ...
ဓာတ်ပုံ - ထိုင်းသတင်း
August 17, 2026
ထိုင်း-မြန်မာနယ်စပ်ဒေသ အပါအဝင် မြန်မာနိုင်ငံအတွင်း အသုံးပြုနေသည့် စတားလင့် (Starlink) စက်များ...