စစ်တွေမြို့ရှိ ဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှုပြတိုက် ပြန်ဖွင့်မည်

စစ်တွေမြို့ရှိ ဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှုပြတိုက် ပြန်ဖွင့်မည်

ကိုဗစ်ကပ်ရောဂါကြောင့် ၁ နှစ်ကျော်ကြာပိတ်ထားရသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ဗုဒ္ဓပြတိုက်နှင့်ယဉ်ကျေးမှုပြတိုက်တို့ကို အောက်တိုဘာ (၂၈) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

အဆိုပါပြတိုက်များ ပြန်လည်ဖွင့်လှစ်သည့်အခါ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားခြင်းမရှိစေရန်နှင့် လူစုလူဝေးမဖြစ်စေရန် ကိုဗစ်စည်းမျဉ်း၊စည်းကမ်းချက်များနှင့်အညီ ဝင်၊ခွင့်ပြုမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန စစ်တွေဌာန (ခွဲ) မှ ညွန်ကြားရေးမှူး ဦးကြည်ခင်က DMG ကိုပြောသည်။

“ဒီနေ့အစည်းဝေးလုပ်တယ်။ ပြတိုက်တွေကို မနက်ဖြန်ပြန်ဖွင့်မယ်။ ပြတိုက်တွေကို ကိုဗစ်စည်းကမ်းချက်နဲ့အညီ ဝင်၊ ထွက်သွားလာခွင့် လုပ်ဆောင်သွားမှာပါ“ ဟု ၄င်းကဆိုသည်။

ပြတိုက်များကို ယခင်မူလအတိုင်း တနင်္လာတစ်ရက်ပိတ်ပြီး တစ်ပတ်လျှင် ၆ ရက် ဖွင့်သွားမည်ဖြစ်သည်။

ယဉ်ကျေးမှုပြတိုက် ဝင်ကြေးကို ယခင်သတ်မှတ်ထားသည့်အတိုင်း နိုင်ငံခြားသားတစ်ဦးလျှင် ၅၀၀၀ ကျပ်နှင့် အရပ်သားတစ်ဦးလျင် ၂၀၀ ကျပ် ကောက်ခံသွားမည်ဖြစ်ပြီး ဗုဒ္ဓပြတိုက်ဝင်ခွင့်ကိုလည်း ယခင်မူလအတိုင်း အခမဲ့ဝင်ခွင့်ပေးမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန စစ်တွေ ဌာန(ခွဲ)မှ ညွန်ကြားရေးမှူး ဦးကြည်ခင်ကပြောသည်။

အဆိုပါပြတိုက်များကို ကိုဗစ်ရောဂါကူးစက်မှုပြန့်ပွားခြင်းကြောင်း ၂၀၂၀ ခုနှစ် မတ်လမှစတင်ပြီး ယာယီပိတ်ထားခဲ့ခြင်း ဖြစ်သည်။

စစ်တွေမြို့ရှိ ယဉ်ကျေးမှုပြတိုက်တွင် ရှေးခေတ်အသုံးအဆောင်များ၊ ရှေးခေတ်ဝတ်စားဆင်ယင်မှုပုံစံ၊ ရခိုင်မျိုးနွယ်စု ၇ စုတို့၏ ဝတ်စားဆင်ယင်မှုပုံစံ၊ ရှေးခေတ်နေအိမ်၊ ဓားနှင့် မြောက်ဦးနန်းသုံးပစ္စည်းများကို သွားရောက်လေ့လာနိုင်သည်။

January 6, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်က မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး...
စစ်တွေမြို့ မီးစက်ကြီးခွဆုံ နေရာအား ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်။
January 5, 2026
ရွေးကောက်ပွဲကာလက သေနတ်သံများ ခဏငြိမ်သက်နေခဲ့သည့် စစ်တွေ စစ်မျက်နှာပြင်သည် ယခုရက်ပိုင်းအတွင်း...
December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...