စစ်တွေမြို့ရှိ ဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှုပြတိုက် ပြန်ဖွင့်မည်

စစ်တွေမြို့ရှိ ဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှုပြတိုက် ပြန်ဖွင့်မည်

ကိုဗစ်ကပ်ရောဂါကြောင့် ၁ နှစ်ကျော်ကြာပိတ်ထားရသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ဗုဒ္ဓပြတိုက်နှင့်ယဉ်ကျေးမှုပြတိုက်တို့ကို အောက်တိုဘာ (၂၈) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

အဆိုပါပြတိုက်များ ပြန်လည်ဖွင့်လှစ်သည့်အခါ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားခြင်းမရှိစေရန်နှင့် လူစုလူဝေးမဖြစ်စေရန် ကိုဗစ်စည်းမျဉ်း၊စည်းကမ်းချက်များနှင့်အညီ ဝင်၊ခွင့်ပြုမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန စစ်တွေဌာန (ခွဲ) မှ ညွန်ကြားရေးမှူး ဦးကြည်ခင်က DMG ကိုပြောသည်။

“ဒီနေ့အစည်းဝေးလုပ်တယ်။ ပြတိုက်တွေကို မနက်ဖြန်ပြန်ဖွင့်မယ်။ ပြတိုက်တွေကို ကိုဗစ်စည်းကမ်းချက်နဲ့အညီ ဝင်၊ ထွက်သွားလာခွင့် လုပ်ဆောင်သွားမှာပါ“ ဟု ၄င်းကဆိုသည်။

ပြတိုက်များကို ယခင်မူလအတိုင်း တနင်္လာတစ်ရက်ပိတ်ပြီး တစ်ပတ်လျှင် ၆ ရက် ဖွင့်သွားမည်ဖြစ်သည်။

ယဉ်ကျေးမှုပြတိုက် ဝင်ကြေးကို ယခင်သတ်မှတ်ထားသည့်အတိုင်း နိုင်ငံခြားသားတစ်ဦးလျှင် ၅၀၀၀ ကျပ်နှင့် အရပ်သားတစ်ဦးလျင် ၂၀၀ ကျပ် ကောက်ခံသွားမည်ဖြစ်ပြီး ဗုဒ္ဓပြတိုက်ဝင်ခွင့်ကိုလည်း ယခင်မူလအတိုင်း အခမဲ့ဝင်ခွင့်ပေးမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန စစ်တွေ ဌာန(ခွဲ)မှ ညွန်ကြားရေးမှူး ဦးကြည်ခင်ကပြောသည်။

အဆိုပါပြတိုက်များကို ကိုဗစ်ရောဂါကူးစက်မှုပြန့်ပွားခြင်းကြောင်း ၂၀၂၀ ခုနှစ် မတ်လမှစတင်ပြီး ယာယီပိတ်ထားခဲ့ခြင်း ဖြစ်သည်။

စစ်တွေမြို့ရှိ ယဉ်ကျေးမှုပြတိုက်တွင် ရှေးခေတ်အသုံးအဆောင်များ၊ ရှေးခေတ်ဝတ်စားဆင်ယင်မှုပုံစံ၊ ရခိုင်မျိုးနွယ်စု ၇ စုတို့၏ ဝတ်စားဆင်ယင်မှုပုံစံ၊ ရှေးခေတ်နေအိမ်၊ ဓားနှင့် မြောက်ဦးနန်းသုံးပစ္စည်းများကို သွားရောက်လေ့လာနိုင်သည်။

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...