ရွှေဈေးထိုးကျပေမယ့် ဝယ်သူနည်း

ရွှေဈေးထိုးကျပေမယ့် ဝယ်သူနည်း

စံချိန်တင်စျေးနှုန်းမြင့်တက်ခဲ့သည့် ရွှေစျေးမှာ လက်ရှိအချိန်တွင် တစ်ကျပ်သားလျှင် ကျပ် ၁၇ သိန်းကျော်သာရှိသော်လည်း ရွှေဝယ်ယူသူမှာ နည်းပါးလျက်ရှိသည်။

ရွှေဈေးမှာ ကျပ်သိန်း ၂၀ ကျော်မှနေ၍ တဖြေးဖြေး ဈေးနှုန်းကျဆင်းလာခဲ့ရာ အောက်တိုဘာ ၂၇ ရက်နေ ့အခေါက်ရွှေတစ်ကျပ်သား ကျပ် ၁၇ သိန်းနှင့် တစ်သောင်းအထိိ ဈေးထိုးကျလာခဲ့သည်။

“အများစုက ဒီကာလမှာ အဆင်မပြေဘူး။ အဲဒိတော့ ရွှေဈေးထိုးကျလာပြီဆိုလည်း မဝယ်နိုင်ကြဘူး။ ကိုဗစ်မဖြစ်ခင်ကဆို ဒီအချိန် နယ်ကလူတွေ အများစုက ရွှေလာဝယ်ကြတယ်” ဟု စစ်တွေမြို့ ရတနာရွှေထည်ပစ္စည်းအရောင်းဆိုင်မှ ကိုဉာဏ်ထွန်းအောင်က ဆိုသည်။

ရွှေဈေးမှာ အောက်တိုဘာ ၂၆ ရက် အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် ၁၇ သိန်းနှင့် သုံးသောင်းရှိခဲ့ပြီး ယနေ့တွင် ၁၇ သိန်းနှင့် တစ်သောင်း ဈေးပေါက်ခဲ့သည်။

ပြည်တွင်းရွှေစျေးနှုန်းမှာ ကျဆင်းလာသော်လည်း ဝယ်ယူသူနည်းပါးနေကြောင်း ရွှေဆိုင်ပိုင်ရှင်များထံမှ သိရသည်။

သို့သော် ပွင့်လင်းရာသီရောက်လာပြီဖြစ်သောကြောင့် ယခင်ကထက် ရွှေဝယ်ယူသူ ပိုမိုများပြားလာကြောင်း စစ်တွေမြို့မှ သိဒွီအောင်ရွှေဆိုင်ပိုင်ရှင် ကိုမျိုးမျိုးက ဆိုသည်။

ရွှေဝယ်လိုအား ကျဆင်းလာသောကြောင့် ရွှေဈေးနှုန်း ကျဆင်းလာသည်ဟု ယူဆသုံးသပ်မိကြောင်း ရခိုင်ပြည်နယ် စီးပွားရေးလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးခင်မောင်ကြီးက ပြောကြားသည်။

“ရွှေဈေးအခုလိုဖြစ်တာဟာ ပြည်သူတွေအနေနဲ့ ငွေကြေးအပေါ်မှာ အယုံအကြည်နည်းသွားတာရော ငွေကြေးပေါ်မှာ စိုးရိမ်လာတာရော အဲဒီကိစ္စတွေပါနိုင်တယ်။ ဒီကာလမှာ စီးပွားရေးဆိုင်ရာ မသေချာမရေရာမှုတွေ ရိုက်ခတ်တဲ့ဒဏ်တွေလည်းပါတာပေါ့“ ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့်အောက်တိုဘာလ လဆန်းပိုင်းက အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်သိန်း ၂၀ နှင့် နှစ်သောင်းအထိ ဈေးမြင့်တက်ခဲ့ရာ ဝယ်ယူသူထက် ရွှေရောင်းချသူက ပိုမိုများပြားခဲ့သည်။

ရခိုင်ပြည်နယ်ရှိ ရွှေဆိုင်အချို့မှာ ရွှေဈေးမြင့်တက်လာသောကြောင့် အရောင်းအဝယ်မမျှသဖြင့် ရွှေထည်ပစ္စည်းများကို ရန်ကုန်သို့ တင်ပို့ရောင်းချခဲ့ရသည့် အခြေအနေများရှိခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလက ပြည်တွင်းရွှေဈေးနှုန်း တစ်ကျပ်သားလျှင် ကျပ် ၂,၂၂၀,၀၀၀ အထိ စံချိန်တင် စျေးနှုန်းမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာဈေးနှုန်းမျာလည်း တစ်ဒေါ်လာလျှင် ကျပ် ၂,၇၀၀ အထိစျေးမြင့်တက်ခဲ့သည်။

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...