ငပလီကမ်းခြေသို့ လာရောက်အပန်းဖြေသူများပြား

ငပလီကမ်းခြေသို့ လာရောက်အပန်းဖြေသူများပြား

ကိုဗစ်ကာလတွင် ခရီးသွားလုပ်ငန်းများ ထိခိုက်မှုရှိခဲ့သော်လည်း  သီတင်းကျွတ်လမှစတင်ကာ ရခိုင်ပြည်နယ်ရှိ ငပလီကမ်းခြေသို့ လာရောက်အပန်းဖြေသူအရေအတွက် မြင့်တက်လာခဲ့သည်။

“ကိုဗစ်ကာလအချိန်နဲ့ဆို အခုအချိန်မှာ ကမ်းခြေလာအပန်းဖြေသူ သုံးဆလောက်မြင့်တက်လာတယ်” ဟု ရခိုင်ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က DMG သို့ပြောသည်။

ပြီးခဲ့သည့်စက်တင်ဘာလက သံတွဲလေဆိပ်သို့ ပြည်တွင်းခရီးသွား ၇၅၆ ဦး၊ ပြည်ပခရီးသွား ၂၃ ဦးရှိခဲ့ပြီး ယခုအောက်တိုဘာလ ၂၅ ရက်နေ့အထိစာရင်းအရ ပြည်တွင်းခရီးသွား ၂၈၉၃ ဦးနှင့် ပြည်ပခရီးသွား ၉၄ ဦးအထိရှိလာကြောင်း ၎င်းကရှင်းပြသည်။

ပြီးခဲ့သည့်သီတင်းကျွတ်လက သံတွဲလေဆိပ်ကို လာရောက်သည့် ခရီးသည်အရေအတွက်ထက် စက်တင်ဘာလ ခရီးသည်အရေအတွက်က သုံးဆလောက်ပိုမိုများပြားလာကြောင်း၊ ခရီးသွားရာသီမှာ ပြည်တွင်းပြည်ပခရီးသည်တွေ ပိုမိုလာရောက်စေရန် အစီအစဉ်များရေးဆွဲဆောင်ရွက်နေကြောင်း ဦးတင်ထွန်းအောင်က ပြောကြားသည်။

“ကျွန်တော်တို့ဌာနအနေနဲ့ ကိုဗစ်ကာလတွေမှာတော့ ကမ်းခြေတွေကို ပိတ်ထားခဲ့တာမျိုး မရှိခဲ့ပါဘူး။ ဒါပေမယ့် Lock Down ဧရိယာက လူတွေတော့လာခွင့်မပြုဘူး။ ဒါကြောင့် ငပလီကမ်းခြေကို ခရီးသွားဝင်ရောက်မှုနှုန်းက ကျဆင်းခဲ့တယ်။ ငပလီကမ်းခြေကို ဖွင့်ထားတယ်ဆိုတဲ့အကြောင်း ပြည််တွင်းပြည်ပ အကုန်သိစေဖို့ ကမ်းခြေဖွင့်ပွဲတစ်ခုလုပ်ဖို့အစီအစဉ်ရှိတယ်” ဟု ၎င်းကရှင်းပြသည်။

ငပလီကမ်းခြေမှ ဟိုတယ်နှင့်တည်းခိုခန်းများမှာ ကိုဗစ်ကာလချိန်တွင် အပန်းဖြေခရီးသည် မလာရောက်သဖြင့် ဝင်ငွေကျဆင်းခဲ့သည်။

ယခုနှစ် သီတင်းကျွတ်လမှစတင်ပြီး ကမ်းခြေသို့ လာရောက်အပန်းဖြေသူများရှိလာကြောင်း “ဌေးဌေး” စားသောက်ဆိုင်နှင့် တည်းခိုခန်းပိုင်ရှင် ဦးမျိုးသက်ကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဒေသမတည်ငြိမ်မှုအပြင် ကိုဗစ်ကပ်ရောဂါဖြစ်ပွားခြင်းတို့ကြောင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်းက ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှုမှာ ၂၀၁၉ ခုနှစ်ထက် ၂၅ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းအရသိရသည်။

ကိုဗစ်ကာလတွင် ရခိုင်ပြည်နယ်ရှိ ဟိုတယ်နှင့် တည်းခိုခန်းများကို ပိတ်ထားခဲ့ရပြီးနောက် စစ်ကောင်စီလက်ထက်တွင် ကိုဗစ်စည်းကမ်းနှင့်အညီ ဟိုတယ်နှင့် တည်းခိုခန်း ၆၀ ခန့်မှာ ပြန်လည်ဖွင့်လှစ်ခွင့်ရခဲ့သည်။

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...