မြေဆီနှင့် မြေသြဇာဈေးမြင့်တက်မှုကြောင့် ရခိုင်ပြည်တွင် ယခုနှစ် စပါးအထွက်နှုန်းလျော့နည်းနိုင်

မြေဆီနှင့် မြေသြဇာဈေးမြင့်တက်မှုကြောင့် ရခိုင်ပြည်တွင် ယခုနှစ် စပါးအထွက်နှုန်းလျော့နည်းနိုင်

ဒေါ်လာဈေးမြင့်တက်လာမှုနှင့်အတူ မြေဆီနှင့် မြေသြဇာဈေးနှုန်းမှာလည်း အဆမတန်ဈေးနှုန်းမြင့်တက်လာသောကြောင့် လယ်သမားများ စိုက်ပျိုးထွန်ယက်ရာတွင် ယခင်လို အသုံးမပြုနိုင်ခဲ့ရာ ယခုနှစ်စပါးအထွက်နှုန်းမှာလည်း လျော့နည်းကျဆင်းလာနိုင်ကြောင်း ရခိုင်ပြည်နယ်တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။

“ဒီနှစ်ရခိုင်ပြည်မှာ စပါးအထွက်နှုန်းနည်းလိမ့်မယ်။ မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တွေမှာတော့ စပါးတစ်ဧကို တင်း ၄၀ နဲ့ ၅၀ ကြားပဲထွက်လိမ့်မယ်လို့ ဒေသခံလယ်သမားတွေ ပြောကြားချက်အရသိရတယ်” ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဗဟိုကော်မတီဝင် ဦးမျိုးမင်းအောင်က ပြောသည်။

ပြီးခဲ့သည့်နှစ်များက လယ်သမားများမှာ မြေဆီ၊ မြေသြဇာများ စျေးမတက်သဖြင့် အသုံးပြုနိုင်ခဲ့ရာ လယ်တစ်ဧလျှင် စပါးတင်း ၇၀ ခန့်ထွက်နှုန်းကောင်းခဲ့ကြောင်း၊ ယခုနှစ်တွင် မြေဆီ၊ မြေသြဇာဈေးနှုန်းများ မြင့်တက်လာသဖြင့် အသုံးမပြုနိုင်သောကြောင့် လယ်တစ်ဧကလျှင် စပါးတင်း ၄၀ ခန့်သာ ထွက်ရှိမည်ဖြစ်ကြောင်း ဦးမျိုးမင်းအောင်က DMG ကိုပြောသည်။

ပြီးခဲ့သည့် သြဂုတ်လက ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သောကြောင့် လယ်မြေများ ပျက်စီးဆုံးရှုံးခဲ့ပြီး မြေဆီနှင့်မြေသြဇာကိုလည်း ယခင်နှစ်များလိုမသုံးနိုင်သဖြင့် အဆိုပါမြို့နယ်များရှိ လယ်မြေများမှာ တစ်ဧကလျှင် စပါးတင်း ၃၀ ခန့်သာထွက်ရှိမှာဖြစ်ကြောင်း လယ်လုပ်ကိုင်သူများထံမှ သိရသည်။

“ရခိုင်ပြည်တစ်ခုလုံးကို ပျှမ်းမျှချိန်လိုက်ရင်တော့ လယ်တစ်ဧကကို စပါး ၃၅ တင်းနဲ့ တင်း ၄၀ လောက်ပဲထွက်မယ်ထင်တယ်။ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဘက်တွေမှာဆိုရင်လည်း စပါးအထွက်နှုန်းကလျှော့နည်းမယ်လို့ပြောကြတယ်” ဟု ဦးမျိုးမင်းအောင်က ဆက်ပြောသည်။

မြေဆီတစ်အိတ်ဈေးနှုန်းမှာ ယခင်ကကျပ်သုံးသောင်းခွဲသာရှိသော်လည်း ယခုအချိန်တွင် ကျပ်ရှစ်သောင်းကျော်အထိ ဈေးနှုန်းမြင့်တက်လာသောကြောင့် လယ်ယာစိုက်ပျိုးရာတွင်လုံလောက်စွာအသုံးမပြုနိုင်တော့ကြောင်း၊ စပါးအထွက်နှုန်းမှာလည်း လျော့နည်းကျဆင်းခဲ့ကြောင်း လယ်သမားများထံမှ သိရသည်။

ယခုနှစ်တွင် ဓာတ်မြေသြဇာစျေးနှုန်းမှာ အဆမတန်မြင့်တက်၍ စိုက်ပျိုးရေးစရိတ်ကြီးမားခြင်း၊ စက်သုံးဆီစျေးနှုန်းများ မြင့်တက်ခြင်း၊ စပါးရိတ်သိမ်းချိန်တွင်လည်း ရိတ်သိမ်းခပိုမိုပေးရခြင်းတို့ကြောင့် လယ်သမားများမှာ အခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း လယ်လုပ်ကိုင်သူ ဦးထွန်းထွန်းမြင့်က DMG သို့ပြောသည်။

ရခိုင်တစ်ပြည်လုံးတွင် လယ်ယာစိုက်ပျိုးမြေဧကပေါင်း ၁၂ သိန်းခန့်ရှိပြီး တောင်သူအများစုမှာ စစ်ဘေးရှောင်နေရခြင်း၊ စိုက်ပျိုးရေးစရိတ်ကြီးမားခြင်းတို့ကြောင့် ၂၀၂၁ ခုနှစ်တွင် လယ်ဧက ၈၅၀၀၀ ခန့်သာ စိုက်ပျိုးနိုင်ခဲ့သည်ဟု ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရ သိရသည်။

 
 

 

 

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...