ရခိုင်တွင် ကျောင်းသား/သူများကို ကိုဗစ်ကာကွယ်ဆေးထိုးမှု (၇၀) ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ပြီး ဆေးထိုးမှုပြီးစီးပါက စာသင်ကျောင်းများပြန်ဖွင့်မည်

ရခိုင်တွင် ကျောင်းသား/သူများကို ကိုဗစ်ကာကွယ်ဆေးထိုးမှု (၇၀) ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ပြီး ဆေးထိုးမှုပြီးစီးပါက စာသင်ကျောင်းများပြန်ဖွင့်မည်

ရခိုင်ပြည်နယ်အတွင်းက အသက် (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနေခြင်းမှာ (၇၁) ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ပြီး ကျောင်းသား၊ကျောင်းသူများအားလုံးကို ကာကွယ်ဆေးထိုးပြီးပါက စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီမှ သိရသည်။

အသက် (၁၂) နှစ်အထက်ရှိ ကျောင်းသား၊ ကျောင်းသူ တစ်သိန်းရှစ်သောင်းကျော်ကို အောက်တိုဘာလ ၁၇ နေ့မှစတင်ကာ ကိုဗစ်ကာကွယ်ဆေးထိုးပေးနေခြင်းဖြစ်ပြီး လက်ရှိတွင် ရခိုင်က မြို့နယ် (၁၃) ခုမှ ကျောင်းသား၊ ကျောင်းသူတစ်သိန်းခြောက်သောင်းခန့်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးပြီးပြီဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

“အကုန်လုံး (ကိုဗစ်ကာကွယ်ဆေး) ထိုးလို့မပြီးသေးတာက ဘူးသီးတောင်၊ စစ်တွေ၊ ကျောက်တော်၊ နောက်တစ်မြို့ကျန်သေးတယ်။ အဲဒီ(၄)မြို့ကမပြီးသေးဘူး။ မပြီးသေးတာကတော့ တခြားကိစ္စကြောင့်မဟုတ်ဘူး။ ဒီနေ့လည်းထိုးနေတယ်။ ဒီနေ့မနက်ဖြန်လောက်ဆိုရင်ပြီးတော့မယ်ပေါ့” ဟု ၎င်းကပြောသည်။

ကျောင်သား/သူများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးပြီးလျှင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည့်အတွက် ကျောင်းသားမိဘများအနေဖြင့်လည်း ၎င်းတို့၏ သား၊သမီးများအတွက် အဆင်သင့်ပြင်ထားရန်တိုက်တွန်းကြောင်း ဦးလှသိန်းကပြောသည်။

“ကျောင်းသားတွေကို (ကိုဗစ်ကာကွယ်ဆေး) ထိုးပြီးရင် ကျောင်းဖွင့်မယ်။ ဖွင့်မယ်ဆိုတာက ပြည်နယ်အစိုးရကနေ ကိုယ့်စိတ်ကြိုက်ဖွင့်ချင်တဲ့နေ့မှာဖွင့်လို့ရတယ်လို့ သတ်မှတ်ပေးထားတာမရှိဘူး။ ပြည်ထောင်စုကချမှတ်တာဖြစ်တယ်။ ပြည်ထောင်စုက ကျောင်းဖွင့်မယ့်ရက်ကိုကြေညာတယ်။ ကျွန်တော်တို့ကလည်း ဘယ်နေ့လောက်ဖွင့်နိုင်တယ်ဆိုတာ စဉ်းစားရတာပေ့ါ။ ကြိုလုပ်ရမယ့်အလုပ်တွေကို လုပ်တာပေ့ါ။ ဒီလကုန်လောက်မှာဖွင့်မယ်လို့ မျှော်လင့်တာပေါ့” ဟု သူကပြောသည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်ပိုးတွေ့ရှိမှု ငါးရာခိုင်နှုန်းအောက်လျော့ကျပါက နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲ၌ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါဖြစ်ပွားမှု ငါးရာခိုင်နှုန်းအောက်လျော့နည်းလာနေပြီဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီက ပြောဆိုထားသည်။

စစ်တွေမြို့မှ ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ဦးအောင်ကြည်မိုးက “ကျောင်းသားမိဘတစ်ဦးအနေနဲ့ ကျောင်းပြန်ဖွင့်မယ်ဆိုတဲ့စကားကို ကြားရတာဝမ်းသာပါတယ်။ ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးပြီဆိုပေမယ့် အတိုင်းအတာတစ်ခုထိ စိုးရိမ်မှုတော့ရှိတယ်။ ဒါပေမယ့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးထားတဲ့အတွက် ကိုဗစ်စည်းကမ်းနဲ့အညီ ကျောင်းပြန်ဖွင့်မယ်ဆိုရင်တော့ ကြိုဆိုပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်” ဟု ပြောသည်။

ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက်တွင် စာသင်ကျောင်းများပြန်လည်ဖွင့်လာနိုင်သော်လည်း အချိန်တိုအတွင်းတွင် စာပေးပွဲစစ်မည်ဆိုလျှင် ကျောင်းသားများအတွက် အချိန်မရှိသည့်အတွက် မည်သည့်ပုံစံမျိုးဖြင့် လုပ်ဆောင်မည်ကိုဆွေးနွေးဖြစ်ကြကြောင်း ဘူးသီးတောင်မြို့နယ်မှ အထက်တန်းပြ ကျောင်းဆရာမ ဒေါ်ခင်စန်းဝေကပြောသည်။

“အခုကနေပြီးတော့ ကျောင်းဖွင့်ကိစ္စကို အသေအချာခန့်မှန်းလို့တော့မရဘူးပေါ့။ (ကိုဗစ်ကာကွယ်) ဆေးထိုးလို့ပြီးရင်တော့ ပြန်ဖွင့်မယ်လို့ခန့်မှန်းလို့ရတယ်။ ဆေးထိုးပြီးပြန်ဖွင့်တော့အခါကျတော့ ကျောင်းသားတွေအတွက် အချိန်ကလည်း သိပ်မရှိတဲ့အခါကျတော့ အချိန်တိုအတွင်းမှာ စားမေးပွဲစစ်မယ်ဆိုရင် (Course) သင်ခန်းစာတွေကို ဘယ်လိုလုပ်မလဲ၊ တက္ကသိုလ်ဝင်တန်းကျတော့လည်း Course တွေကိုလျော့ပြီးတော့ ထုတ်မလား။ အဲလိုမျိုးတော့ ကျွန်မတို့အချင်းချင်းဆွေးနွေးဖြစ်ကြတာပေါ့” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းဖြစ်ပွားမှုကြောင့် ဇူလိုင်လ ၉ ရက်နေ့မှ ယနေ့အထိ စာသင်ကျောင်းများကို ယာယီပိတ်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်းကလည်း မြန်မာနိုင်ငံအတွင်း COVID-19 ဖြစ်ပွားမှုများကြောင့် စာသင်ကျောင်းများကို တစ်နှစ်ပတ်လုံး ပိတ်ထားခဲ့ရသည်။

 
 

 

 

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...