ယာဉ်စီးခ စျေးနှုန်းမြင့်တက်လာသောကြာင့် လေယာဉ်ဖြင့် ခရီးသွားလာမှု ပိုများလာ

ယာဉ်စီးခ စျေးနှုန်းမြင့်တက်လာသောကြာင့် လေယာဉ်ဖြင့် ခရီးသွားလာမှု ပိုများလာ

စစ်တွေ-ရန်ကုန်နှင့် စစ်တွေ-မန္တလေးသို့ ခရီးသွားလာမည့်သူများမှာ ယာဉ်စီးခဈေးနှုန်းမြင့်တက်လာသောကြောင့် လေကြောင်းခရီးစဉ်ဖြင့်သွားလာမှု ပိုမိုများပြားလာနေသည်။

ယခင်က စစ်တွေ-ရန်ကုန်ခရီးစဉ် မော်တော်ယာဉ်လက်မှတ်ခ စျေးနှုန်းမှာ ကျပ် ၂၅၀၀၀ ဖြစ်ပြီး လေယာဉ်လက်မှတ်ခ စျေးနှုန်းမှာ အမျိုးအစားအလိုက် ခန့်မှန်းခြေ ကျပ် ၅၀၀၀၀ မှ ၆၀၀၀၀ ထိ ရှိခဲ့သည်။

ကိုဗစ်ကာလအချိန်မှစတင်ကာ ခရီးသည်ယာဉ်များမှ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့့် စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ရသဖြင့် ယာဉ်ပေါ်ရှိ ထိုင်ခုံနှစ်ခုံစာနေရာတွင် ခရီးသည်တစ်ဦးသာထိုင်ရသောကြောင့် ယာဉ်လက်မှတ်ခစျေးနှုန်းများကို တိုးမြှင့်ခဲ့သည်။

လက်ရှိအချိန်တွင် စစ်တွေ-ရန်ကုန်ယာဉ်စီးခမှာ ကျပ် ၃၅၀၀၀ မှ ၄၅၀၀၀ အထိရှိပြီး လေယာဉ်လက်မှတ်ခစျေးနှုန်းမှာ အနိမ့်ဆုံးအနေဖြင့် ကျပ် ၄၅၀၀၀ သာရှိသဖြင့် စျေးနှုန်းမကွာသောကြောင့် အများစုမှာ လေကြောင်းခရီးစဉ်ဖြင့် ခရီးသွားလာမှု ပိုမိုများပြားလာသည်။

“လေယာဉ်စျေးနဲ့ ကားစျေးကသိမ်မကွာဘူး၊ လေယာဉ်နဲ့သွားရင် နေ့ချင်းရောက်တယ်။ ကားနဲ့ဆို တစ်ညအိပ်ရတာလည်းရှိတယ်။ ခရီးစရိတ်လည်းများတယ်။ အဲဒါကြောင့် လေကြောင်းနဲ့ အသွားအလာပိုများလာတယ်”ဟု ရန်ကုန်-စစ်တွေခရီးသွားနေသည့် ကိုသူရိန်ကပြောသည်။

ယင်းကဲ့သို့ ခရီးသည်အများစုမှာ လေကြောင်းခရီးစဉ်ဖြင့် သွားလာနေသောကြောင့် စစ်တွေ-ရန်ကုန်နှင့် စစ်တွေ-မန္တလေး ခရီးစဉ်ပြေးဆွဲနေသော အဆင့်မြင့်မှန်လုံခရီးသည်တင်ယာဉ်ပိုင်ရှင်များအနေဖြင့် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

ခရီးသည်များအနေဖြင့်လည်း ယာဉ်ဖြင့်ခရီးသွားလာပါက လမ်းခုလတ်တွင် အစစ်အဆေးများပြီး စစ်တွေမှ ရန်ကုန်၊ မန္တလေးသို့ ခရီးသွားလာမှုမှာလည်း လတ်တလောအချိန်တွင် နည်းပါးလာကြောင်း ရွှေပြည်သစ်မော်တော်ယာဉ်ဂိတ်မှ စာရေးမတစ်ဦးက ရှင်းပြသည်။

“ယာဉ်လိုင်းက ပြေးဆွဲနေတယ်ဆိုပေမယ့် ခရီးသည်တွေအများကြီးမပါဘူး၊ ကျမတို့က အခုဆို ကုန်နဲ့ပဲသွားနေရတာ။ ကားလက်မှတ်စျေးက သုံးသောင်းခွဲရှိတယ်။ သုံးသောင်းရှိတယ် အစားစားပေါ့။ အရင်ကဆို ကားလက်မှတ်ဈေးက နှစ်သောင်းကျော်ပဲ ရှိတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ခရီးသည်ယာဉ်များမှာ ခရီးသည်မပါဘဲ ကုန်စည်များဖြင့် ခရီီးစဉ်သွားလာနေရကြောင်း ကြံတိုင်းအောင်ကားဂိတ်မှုူး ဦးထွန်းတင်ကပြောသည်။

“ကားတွေက ခရီးစဉ်ပုံမှန်အတိုင်း ပြေးဆွဲပေးနေတယ်။ ဒါပေမဲ့ လိုက်မယ့်ခရီးသည်ကနည်းတော့ ကုန်နဲ့ အဓိကသွားလာနေရတာပေါ့။ ခရီးစဉ်တစ်ခေါက်ဆို လိုက်မယ့်ခရီးသည့်က နှစ်ယောက် သုံးယောက်လောက်ပဲပါတာ။ အခု ဆီဈေးတက်လာတော့ ပိုဆိုးတာပေါ့။ ယာဉ်ပိုင်ရှင်တွေအရှုံးပေါ်တယ်”ဟု ၎င်းကရှင်းပြသည်။

စစ်တွေ-ရန်ကုန်နှင့် စစ်တွေ-မန္တလေး ခရီးစဉ်ပြေးဆွဲနေသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များမှာ လက်ရှိအချိန်တွင် ခရီးသည်လိုက်ပါမှု လျော့နည်းလာသဖြင့် ကုန်စည်တင်ပို့မှုကို အဓိက အားထားနေရကြောင်း၊ စစ်တွေမှ ရန်ကုန်၊ မန္တလေးသို့ ကုန်စည်တင်ပို့လျှင် တန်ဆာခအဖြစ် တစ်ပိဿာ ၈၀ ကျပ်ယူကြောင်းနှင့် ရန်ကုန်၊ မန္တလေးမှ စစ်တွေမြို့သို့ ကုန်စည်တင်ပို့လျှင် တန်ဆာခ တစ်ပိဿာ ၁၈၀ ကျပ်မှ ၂၀၀ ကျပ်အထိယူကြောင်း ခရီးသည်တင်ယာဉ်လိုင်းများထံမှ သိရသည်။

 
 

 

 

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...