သံတွဲမြို့မှ ဖမ်းဆီးခံထားရသည့် ကိုရဲနိုင်ဦးကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ထား

သံတွဲမြို့မှ ဖမ်းဆီးခံထားရသည့် ကိုရဲနိုင်ဦးကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ထား

ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ လင်းသာရပ်ကွက်တွင်နေထိုင်သည့် လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုရဲနိုင်ဦးကိုဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀(က)၊ ၅၂ (က) တို့ဖြင့် သံတွဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။



ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်ဖမ်းဆီးခံထားရသည့် သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုစိန်ချစ်နှင့်ဆက်စပ်ပြီး ကိုရဲနိုင်ဦးကို အောက်တိုဘာလ ၂၃ ရက်နေ့တွင်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သံတွဲရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။



၎င်းကို ငပလီ (၅၅) တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်မှ တရားလိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားကြောင်းလည်း ရဲအရာရှိကဆိုသည်။



"သူက ကိုစိန်ချစ်နဲ့ဆက်စပ်ပြီး ဖမ်းဆီးခံရတာဖြစ်တယ်။ အခုတော့ အမှုဖွင့်ထားတယ်။ သူ့ကိုလဲ သံတွဲစခန်းမှာ ထိန်းသိမ်းထားတယ်" ဟု ရဲအရာရှိကပြောသည်။



ထိိုသို့ဖမ်းဆီးခံရသည့် ကိုရဲနိုင်ဦးမှာ သုံးဘီးဆိုင်ကယ်မောင်းနှင်းသူတစ်ဦးဖြစ်ပြီး ကိုဗစ်ကာလအတွင်းက ကိုစိန်ချစ်နှင့်အတူ လူမှုရေးလုပ်ငန်းများကိုကူညီလုပ်ဆောင်ပေးခဲ့သူဖြစ်ကြောင်း သိရသည်။



ကိုရဲနိုင်ဦးမှာ ငပလီဟိုတယ်ရှေ့တွင် သုံးဘီးဆိုင်ကယ် ဂိတ်ထိုးရပ်နားနေစဉ် ရဲများက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယခုအချိန်ထိ မိသားစုနှင့်အဆက်အသွယ်မရရှိသေးကြောင်း ဇနီးဖြစ်သူ မတင်တင်နွဲ့ကပြောသည်။



"သူကိုတော့ မနေ့ကဖမ်းသွားတယ်။ ဘယ်ကိုဖမ်းသွားတယ် ဘယ်မှာထားတယ်၊ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာကိုတော့ မသိဘူး။ အခုအချိန်ထိလဲ အဆက်အသွယ်မရသေးဘူး" ဟု မတင်တင်နွဲ့ကပြောသည်။



ကိုစိန်ချစ်ကိုလည်း မအူပင်တွင်ဖမ်းမိသည့် PDF အဖွဲ့နှင့်ဆက်စပ်သည်ဟုဆိုကာ အောက်တိုဘာလ ၉ ရက်နေ့တွင် နေအိမ်မှ ဝင်ရောက်ဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(က)၊ ၅၂(က) တို့ဖြင့် အမှုဖွင့်ခြင်းခံထားရသည်။



အလားတူ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ အသက် ၂၃ နှစ်အရွယ် လူငယ်စာရေးဆရာမင်းဒီပါကိုလည်း PDF နှင့်ဆက်စပ်သည်ဟုဆိုကာ အောက်တိုဘာ ၁၅ ရက်နေ့တွင် ၎င်း၏နေအိမ်မှ ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅ဝ(ည) ဖြင့် အမှုဖွင့်ခံထားရသည်။



PDF အဖွဲ့နှင့် ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ရခိုင်ပြည်နယ်တွင် ဖမ်းဆီးအမှုဖွင့်ခံထားရသူ ၃ ဦးအထိ ရှိလာနေပြီဖြစ်သည်။

 
 
 
 

 

 

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...