စပါးထားကျေးရွာတွင် သွေးလွန်တုတ်ကွေး အများအပြား ဖြစ်ပွားနေပြီး ကွယ်လွန်သူ တစ်ဦးရှိ

စပါးထားကျေးရွာတွင် သွေးလွန်တုတ်ကွေး အများအပြား ဖြစ်ပွားနေပြီး ကွယ်လွန်သူ တစ်ဦးရှိ
by -
နိရဥ္စရာ
စပါးထားကျေးရွာမှ ဆေးကုရန်လာကြသည့် အမျိုးသမီးများကို ဇွန်လ ၁၂ ရက်နေ့က စစ်တွေ ခမောင်းတော ဘုနး်တော်ကြီးကျောင်းတွင်တွေ့ရစဉ်
စပါးထားကျေးရွာမှ ဆေးကုရန်လာကြသည့် အမျိုးသမီးများကို ဇွန်လ ၁၂ ရက်နေ့က စစ်တွေ ခမောင်းတော ဘုနး်တော်ကြီးကျောင်းတွင်တွေ့ရစဉ်
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စပါးထားကျေးရွာတွင် သွေးလွန်တုတ်ကွေး အများအပြား ဖြစ်ပွားနေပြီး ကွယ်လွန်သူ တစ်ဦးရှိကြောင်း သိရသည်။

ကွယ်လွန်သူမှာ ဦးယဉ်မောင် (၇၃) နှစ်ဖြစ်ပြီး လွန်ခဲ့သောအပတ် ဗုဒ္ဓဟူးနေ့က စစ်တွေ ဆေးရုံကြီးတွင် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

စပါးထားကျေးရွာ၌ သွေးလွန် တုတ်ကွေးဖြစ်ပွားမှုမှာ မေလကုန်ပိုင်းက စတင် ဖြစ်ပွားခဲ့ပြီး မိုရာမုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်းတွင် အဖြစ်များလာကြောင်း၊ အိမ်တိုင်း လိုလို၌ ဖြစ်ပွားနေပြီး မိသားစု တစ်စုတွင် ၃ ဦးမှ ၅ ဦးထိဖြစ်ပွားလျက် ရှိသည်ဟု ရွာသားများက ပြောသည်။

“ဒီနေ့ အသက် ၃ နှစ်အရွယ် ကလေးငယ်ကို ဆေးကုဖို့ လာခဲ့တာပါ။ အိမ်မှာလည်း ၁၆ နှစ်နဲ့ ၁၃ နှစ် အရွယ် သမီးနှစ်ဦး ဖျားပြီး ကျန်ရှိနေပါသေးတယ်”ဟု ဦးသိန်းမြင့်ရွှေ က နိရဥ္စရာသတင်းဌာနသို့ပြောသည်။

သွေးလွန်တုတ်ကွေး စဖြစ်သည်နှင့် ထမင်းမစားနိုင်ဖြစ်လာပြီး အိပ်ရာမှ ထ၍ပင် မရောက်တော့ကြောင်း၊ စပါးထားကျေးရွာတွင် ဖြစ်ပွားရာတွင် လူကြီး၊ လူငယ်နှင့် လူလတ် ရွယ်သုံးပါးလုံးတွင် ဖြစ်ပွားနေသည်ဟု ဆိုသည်။

“ကျမမှာ သားတစ်ယောက် စစ်တွေဆေးရုံတက်နေတာ နှာခေါင်းနဲ့ နားရွက်တွေ ကလည်း သွေးယိုနေပါတယ်။ နောက်ထပ် ရွာမှာလည်း သားတစ်ယောက်နဲ့ အမေတစ်ယောက် ဖျားနေပါသေးတယ်”ဟု ဒေါ်မေချေက ပြောသည်။

စပါးထားကျေးရွာ၌ သွေးလွန်တုတ်ကွေးဖြစ်ပွားပြီး ပိုးသတ်ဆေးဖြန်းရန် ရောက်ရှိ လာပြီး ဆေးဖြန်းခ အိမ်တစ်ဆောင်မှ ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ပေးရကြောင်း၊ ငွေမပေးနိုင်သည့် အိမ်များသို့ ဆေးမဖြန်းပေးဟု ရွာသားများက ပြောဆိုသည်။

ယင်းသို့ သွေးလွန်တုတ်ကွေး အများအပြား ဖြစ်ပွားနေသော်လည်း မြို့ပေါ်ရှိ သက်ဆိုင်ရာ ကျန်းမာရေးဌာနက ယနေ့ထက်ထိ လာရောက် စစ်ဆေးမှု မရှိသေးကြောင်း သိရသည်။

စစ်တွေဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့ရသူ ၅၀ ကျော်ရှိကြောင်း၊ ထိုအထဲမှ ၃၀ ကျော် ဆင်းသွားပြီ ဖြစ်ကြောင်း၊ လက်ရှိစစ်တွေ ဆေးရုံကြီးတွင် တက်ရောက်ကုသနေသူ ၁၀ ကျော် ရှိနေကြောင်း၊ လက်ရှိ ပြင်းထန်သည့် လူနာ၁၀ ဦးခန့်ရှိကြောင်း၊ နောက်ထပ်ဆေးကုရန် ရောက်ရှိနေသူ စစ်တွေမြို့ ခမောင်းတော ဘုန်းတော်ကြီးကျောင်းတွင် ၁၀ ကျော်ရှိကြောင်း၊ ငွေကြေးမတတ်နိုင်၍ မြို့ပေါ်သို့ လာရောက် မကုသနိုင်သည့် မိသားစု အများအပြားကျန်ရှိနေသေးကြောင်း ခမောင်းတောဘုန်းတော်ကြီး ကျောင်းတွင် ရောက်ရှိနေသည့် ရွာသားတစ်ဦး ဖြစ်သူ ဦးအေးထွန်းက ပြောသည်။

စပါးထားကျေးရွာသည် ပုဏ္ဏားကျွန်းမြို့နယ် တောင်ပိုင်းတွင် တည်ရှိပြီး အိမ်ခြေ ၃၈၀ ခန့်ရှိကြောင်း၊ ဆေးပေးခန်း တစ်ခန်းနှင့် သူနာပြုဆရာမတစ်ဦးရှိကြောင်း သိရှိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...