ရေးမြို့ဓမ္မပီယကျောင်း ဘုရားစိန်ဖူးတော်ခိုးယူခံရပြီး ထီးတော်ပါပြိုကျ

ရေးမြို့ဓမ္မပီယကျောင်း ဘုရားစိန်ဖူးတော်ခိုးယူခံရပြီး ထီးတော်ပါပြိုကျ

ရေးမြို့၊ သိရီခေမာရပ်ကွက် ဓမ္မပီယကျောင်းတွင် တည်ထားကိုးကွယ်သော ဘုရားစေတီတစ်ဆူ၏ စိန်ဖူးတော် ခိုးယူခံရပြီး ဘုရားထီးတော်ပါ ပြိုကျပျက်စီးသွားကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ ညဦးပိုင်းအချိန်တွင် ဘုရားစိန်ဖူးတော်အား ကြိုးနှင့်ဆွဲချခိုးယူခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ယူဆပြောဆိုသည်။

“အဲဒီဘုရား စိန်ဖူးတော်အလှူရှင်က ရန်ကုန်ကပါ။ သူခိုးတွေကိုတော့မမိဘူး။ ဖြစ်တဲ့အချိန်ကလည်း ညမထွက်ရအချိန်ဖြစ်နေတော့လေ။ အခုထိတော့ပြန်မပြင်ရသေးဘူး" ဟု ၄င်းကဆိုသည်။

ဖန်ဖြင့်ပြုလုပ်ထားသည့် စိန်ဖူးတော်အတုဖြစ်သောကြောင့် သူခိုးများ မယူဆောင်သွားကြောင်း ဘုရားဒါယကာများမှ သိရသည်။

" သူတို့က စိန်ဖူးတော်ကိုခိုးဖို့လုပ်တာပါ။ ဘုရားကလည်း နိမ့်တဲ့အထဲပါတယ်။ အဲဒီတော့ကြိုးနဲ့ဆွဲချတာပေါ့။ နည်းနည်းဟောင်းနွမ်းနေတော့ ကြိုးကျတာပေါ့။ စိန်ဖူးတော်က ဖန်နဲ့လုပ်ထားတဲ့အတုဆိုတော့ ယူမသွားဘူး။ ထားခဲ့တယ်။" ဟု ဘုရားဂေါပကတစ်ဦးက ဆိုသည်။

ရေးမြို့နယ်အတွင်း ဘုရားစေတီ အနည်းဆုံး ၅ ဆူခန့် ဘုရားစိန်ဖူးတော် ခိုးခံခဲ့ရဖူးပြီး ယနေ့အထိ ဘုရားစိန်ဖူးကို ပြန်လည်မကပ်လှူနိုင်သေးကြောင်း သိရသည်။

 
 

 

 

(ဓာတ်ပုံ - MSDF / Crd)
August 19, 2026
မွန်ပြည်ကာကွယ်ရေးတပ် (MSDF) အနေဖြင့် နည်းပညာအကူအညီဖြင့် ပင်လယ်ပြင်နှင့် ရေကြောင်း စစ်ဆင်ရေးများ...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ဆေးရေးဂိတ်တစ်ခု - Crd)
August 19, 2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်-ခလယ်တံခွန်တိုင် လမ်းပိုင်းရှိ အဘစ်စစ်ဆေးရေးဂိတ်တွင် ဒေသခံမဟုတ်...
မွန်သတင်းအေဂျင်စီ (၂၀၂၅ ခုနှစ် ကျုံလောင်းကျေးရွာ တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် စစ်ဘေး ရှောင်အချို့။ - ပုံဟောင်း)
August 18, 2026
ရေးမြို့နယ်၊ ရေးချောင်းဖျား ဒေသအတွင်း စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံများ...
ဓာတ်ပုံ - ထိုင်းသတင်း
August 17, 2026
ထိုင်း-မြန်မာနယ်စပ်ဒေသ အပါအဝင် မြန်မာနိုင်ငံအတွင်း အသုံးပြုနေသည့် စတားလင့် (Starlink) စက်များ...