ရခိုင်ဝေါဟာရအဘိဓာန် ကျမ်း ၄ ကျမ်း ပြုစုခဲ့သူ ဆရာတော် ဦးဝါသဝ ပျံလွန်

ရခိုင်ဝေါဟာရအဘိဓာန် ကျမ်း ၄ ကျမ်း ပြုစုခဲ့သူ ဆရာတော် ဦးဝါသဝ ပျံလွန်
by -
နိရဥ္စရာ
ရခိုင်ဝေါဟာရ အဘိဓာန် ကျမ်း ၄ ကျမ်းနှင့် ဝေါဟာရပေါင်း ၃ သောင်းကျော်ကို ပြုစုခဲ့သူ စာရေးဆရာ ဆရာတော်ဦး ၀ါသဝ (နတ်မြစ်အသျှင်) သည် ရန်ကုန်မြို့တွင် ယနေ့ နံနက် ၆နာရီ ၁၅ မိနစ်အချိန်တွင် ပျံလွန်တော်မူသွားကြောင်း သိရသည်။

“ဆရာတော်ဟာ ရခိုင်ဝေါဟာရ အဘိဓာန်ကျမ်း ၄ ကျမ်းနဲ့ ရက္ခမဏ္ဍာန် အပါအဝင် စာအုပ် ၁၀ အုပ်ထုတ်ဝေခဲ့ပါတယ်။ ဆရာတော်ဟာ နှစ်ပေါင်း ၂၀ ကျော် ရခိုင် ဝေါဟာရ အဘိဓာန်ကျမ်းကို ပြုစုနေခဲ့တဲ့ ဆရာတော် တစ်ပါး ဖြစ်ပါတယ်။ ဆရာတော် ရဲ့ပျံလွန်တော်မူဟာ ရခိုင်လူမျိုးတစ်ခုလုံးအတွက် အစားထိုး မရနိုင်တဲ့ ဆုံးမှု ဖြစ်ပြီးတော့ နောက်ထပ် ဆရာတော်လို ပုဂ္ဂိုလ်တစ်ပါး ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ဖို့ မရှိနိုင်တော့ဘူးလို့ ပြောလို့ရပါတယ်”ဟု ရခိုင်သမိုင်းသုတေသီ ဆရာကြီး ဦးမောင်ဗသိန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

njr1401ဆရာတော်ဦးဝါသဝသည် ဆရာတော် ဦးစက္ကိန္ဒနှင့် ၀မ်းကွဲညီအစ်ကို တော်စပ်ပြီး ရခိုင်ပြည်နယ် စစ်တွေ သစ္စိကာရုံကျောင်းတွင် စာချပုဂ္ဂိုလ်အဖြစ် သီတင်း သုံးခဲ့ကြောင်းနှင့် နောက်ဆုံးပျံလွန်တော် မမူမီ ရန်ကုန်မြို့ ရွှေဘုန်းပွင့် ဘုရားဝင်းအတွင်း ပညာလင်္ကာရ ကျောင်းတွင် သီတင်းသုံး နေထိုင်ခဲ့သည်ဟု သိရသည်။

ဆရာတော်သည် ဆရာတော် ဦးစက္ကိန္ဒနှင့်အတူ ရခိုင်စာပေများကို လေ့လာ ခဲ့ကြောင်း၊ သိမ်အကြောင်းနှင့် ပတ်သက်၍ ရေးသားဖူးကြောင်း၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက် ရခိုင်ပြည်နယ် ကောင်စီက ရခိုင်ဝေါဟာရ အဘိဓာန်ကျမ်းကို ပြုစုရာတွင် မင်းပြားမြို့မှ အထက်တန်းပြဆရာ ဦးအောင်မင်းက ဦးဆောင်၍ ဆရာတော်ဦးဝါသဝ၊ ဆရာတော် ဦးစက္ကိန္ဒနှင့် ရခိုင်သမိုင်းသုတေသီ ဆရာကြီး ဦးမောင်ဗသိန်းတို့ ပါ၀င်ခဲ့ကြောင်း သိရသည်။

ဆရာတော်သည် ဓိဌုံကျမ်းတွင် ပါ၀င်သော နက္ခတ်ပုံပြင်များကို ဘာသာပြန်ဆို၍ စကားပြောအခြေခံ ရခိုင်အရေးအသားဖြင့် ရေးသားခဲ့သည့် ဆရာတော် တစ်ပါး ဖြစ်ကြောင်း သိရသည်။

ဆရာတော်၏ ယင်းသို့ ကြိုးစားအားထုတ်ခဲ့မှုများကြောင့်၂၀၁၆ ခုနှစ်က တန်ခိုး ဆရာထွန်းဆု၏ တစ်သက်တာ စာပေဆုကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။

ဆရာတော် ပျံလွန်တော်မူချိန်တွင် သက်တော် ၈၇ နှစ် သက္ခာတော် ၅၉ ၀ါရှိပြီ ဖြစ်ကြောင်း သိရသည်။

ဆရာတော် ဦးဝါသဝသည် သမိုင်းတွင် အထင်ကရ ပုဂ္ဂိုလ်တစ်ပါးဖြစ်သည့်အတွက် ဆရာတော်ကို ဂုဏ်ပြုသည့်အနေဖြင့် ကျောက်ရုပ်ထု(သို့မဟုတ်) ကြေးရုပ်ထု ဆောက်လုပ်လှူဒါန်းသင့်ကြောင်း ဆရာကြီး ဦးမောင်ဗသိန်းက ပြောကြားသည်။

ဇွန်လ ၁၄ ရက် ဗုဒ္ဓဟူးနေ့တွင် ကျူချောင် သုသာန်(ရွှေပြည်သာ)၌ အန္တိမ စျာပနပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...