စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်တွင် ထီရောင်းချရမှု ထက်ဝက်ကျော်ကျဆင်း

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်တွင် ထီရောင်းချရမှု ထက်ဝက်ကျော်ကျဆင်း

မြန်မာစစ်တပ်မှ နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက်ပိုင်း ရခိုင်ပြည်နယ်တွင် အောင်ဘာလေထီရောင်းချရမှုမှာ ထက်ဝက်ကျော် ရောင်းအားကျဆင်းခဲ့ကြောင်း ထီရောင်းချနေသူများထံမှ သိရသည်။

ယခင်က အောင်ဘာလေထီ အမြင့်ဆုံးဆုမှာ ကျပ်သိန်းတစ်သောင်းခွဲဖြစ်ပြီး စစ်တပ်မှ အာဏာသိမ်းယူပြီးနောက်ပိုင်း ထီလက်မှတ်ဈေးနှုန်းကို ယခင်အတိုင်း ဈေးနှုန််းဖြင့်ရောင်းချသော်လည်း အမြင့်ဆုံးဆုကို ကျပ်သိန်းငါးထောင်သာ ချီးမြှင့်ပေးတော့သည်။

ယင်းအပြင် သတ်မှတ်ထားသည့် အောင်ဘာလေထီဖွင့်ရက်တွင်လည်း ထီမဖွင့်လှစ်နိုင်ခဲ့ခြင်းတို့ကြောင့် ပြည်သူအချို့မှာ ယုံကြည်မှုကျဆင်းလာပြီး ထီရောင်းအားမှာလည်း ထက်ဝက်ကျော် ကျဆင်းခဲ့ကြောင်း ထီရောင်းချနေသူများကဆိုသည်။

“ထီသွားရောင်းရင် ဒီထီက ဖွင့်မှာလား၊ ထီပေါက်ရင်ရော ငွေက ထုတ်လို့ရောရမှာလားဆိုပြီး မေးကြတယ်။ နောက်ပြီး အရင်က အစောင်ရေ ငါးရာလောက်ရောင်းရတာ အခုတော့ အစောင်ရေ နှစ်ရာတောင် အနိုင်နိုင်ကုန်အောင် ရောင်းနေရတယ်” ဟု စစ်တွေမြို့အတွင်း လေးနှစ်ခန့် ဆိုင်ကယ်ဖြင့်ထီလှည့်လည်ရောင်းချနေသူ ဦးမင်းနွယ်ကပြောသည်။

ယခင်က တစ်လလျှင် ထီစောင်ရေငါးထောင်ကျော်ခန့်အထိ ရောင်းချနိုင်ခဲ့သော်လည်း လက်ရှိတွင် အစောင်ရေတစ်ထောင်ခန့်ကိုပင် မနည်းကုန်အောင် ရောင်းနေရကြောင်း ပင်ရင်းထီဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုကျော်ဖြိုးလင်းကဆိုသည်။

“လက်ရှိမှာ ထီတွေက ရောင်းအားတော်တော်လေးကျနေပေမယ့် ရန်ကုန်ကနေ ထီလက်မှတ်ယူရတဲ့စျေးကတော့ တက်နေတယ်။ နောက်ပြီး ထီထည့်တဲ့အိတ်ခွံတွေကလည်း စျေးတွေတက်တယ်။ ထီတွေကစျေးတက်ပြီး ရောင်းတဲ့အခါကျ မရောင်းရတော့ ကျွန်တော်တို့မှာ သိန်းရာနဲ့ချီပြီး ထိခိုက်တာတွေရှိတယ်” ဟု သူကဆိုသည်။

လက်ရှိတွင် ဆုကြေးငွေကို လျှော့ထားခြင်း၊ ပေါက်ဂဏန်းများ နည်းပါးခြင်းနှင့် ပြည်သူများအယုံကြည်မဲ့လာခြင်းတို့ကြောင့် အောင််ဘာလေထီရောင်းချရာတွင် အခက်ကြုံလာရကြောင်း ကိုကျော်ဖြိုးလင်းက ပြောသည်။

“အရင်တုန်းကဆိုရင် ကျွန်တော်တို့ ဆီကနေ တစ်ဆင့်ယူပြီး ရောင်းတဲ့လူ အယောက် ၂၀ ကျော် ၃၀ ကျော်ရှိတယ်။ အခုဆိုရင် ထီရောင်းမကောင်းတော့ တစ်ဆင့်ယူရောင်းသူ လေးငါးဆယ်ယောက်ပဲကျန်တော့တယ်” ဟု သူကရှင်းပြသည်။

ယခင် စစ်အာဏာမသိမ်းမီကာလက တစ်လလျှင် ထီသုံးစောင်ခန့်ထိုး၍ ကံစမ်းလေ့ရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထီမထိုးဖြစ်တော့ကြောင်း စစ်တွေမြို့ဒေသခံ ကိုအောင်ကြည်မိုးကဆိုသည်။

“မထိုးဖြစ်တဲ့အချက် သုံးချက်ရှိတယ်။ တစ်ခုက ကိုဗစ်ကြောင့် စီးပွားရေးအဆင်မပြေလို့။ နောက်တစ်ခုက ထီပေါက်ခဲ့လို့သွားထုတ်မယ်ဆိုရင်လည်း နိုင်ငံရေးမတည်ငြိမ်တဲ့အတွက် အခက်တွေ့နိုင်တာကြောင့်။ နောက်တစ်ခုကတော့ ထီပေါက်ရင် ကိုယ့်ငွေကို ကိုယ်ဘယ်လိုထုတ်ရမယ်ဆိုတာ မသိနိုင်လို့ပါ” ဟု သူကရှင်းပြသည်။

လက်ရှိ စစ်ကောင်စီအနေဖြင့် ထီပေါက်ပါက ထီ၏ ၇၀ ရာခိုင်နှုန်းကို ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး ပေါက်သည့်ငွေများကိုလည်း ငွေသားဖြင့် တစ်လုံးတစ်ခဲတည်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

(၂၆) ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ဧပြီ ၁ ရက်နေ့ ဖွင့်ရမည့်အစား မေ ၁ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းကြောင့် (၂၇) ကြိမ်မြောက်နှင့် (၂၈) ကြိမ်မြောက် အောင်ဘာလေ သိန်းဆုဖွင့်ပွဲများကို စျေးကွက်အတွင်းရှိ ထီလက်မှတ်များ၌ ဖော်ပြထားသည့် ရက်များအတိုင်းမဖွင့်လှစ်ဘဲ ဇွန် ၁ ရက်နှင့် ဇူလိုင် ၁ ရက်နေ့တွင် ဖွင့်လှစ်ပေးမည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲက ထုတ်ပြန်ခဲ့ရသည်။

မေ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သည့် (၂၆) ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် အထူးဆုကြီးစနစ်၌ ကျပ်သိန်းတစ်သောင်းခွဲနှင့် ကျပ်သိန်းတစ်သောင်းဆုများ မပါဝင်တော့ဘဲ ကျပ်သိန်းငါးထောင် တစ်ဆုနှင့် ကျပ်သိန်းတစ်ထောင် တစ်ဆုသာပါဝင်ပြီး ဆုတစ်ဆုချင်းစနစ်တွင်လည်း ယခင်ထက် ဆုမဲအရေအတွက် လျော့နည်းသွားခဲ့သည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...