ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ ခက်ခဲစွာကျောင်းတက်နေရသော ကျောင်းသားများအတွက် We Love Rakhine မှ စက်ဘီးများလှူဒါန်း

ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ ခက်ခဲစွာကျောင်းတက်နေရသော ကျောင်းသားများအတွက် We Love Rakhine မှ စက်ဘီးများလှူဒါန်း

ရခိုင်ပြည်နယ်၊ မြို့နယ် ၁၇ မြို့နယ်မှ လမ်းပန်းဆက်သွယ်ရေး ခက်ခဲစွာဖြင့် ကျောင်းတက်နေရသည့် ကျောင်းသား/ကျောင်းသူများအတွက် We Love Rakhine အဖွဲ့မှ ဂျပန်နိုင်ငံထုတ် စက်ဘီးအစီး ၃၀၀ ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါစက်ဘီးများကို အောက်တိုဘာ ၁၇ နေ့မှစတင်၍ လှူဒါန်းပေးနေခြင်းဖြစ်ပြီး မြောက်ဦးမြို့နယ်မှ ကုလားကကျေးရွာ၊ ကင်းဆိပ်ကျေးရွာနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ဆင်အင်းကြီးကျေးရွာ စသည့်ကျေးရွာများမှ ကျောင်းသား/ကျောင်းသူများကို စက်ဘီးများ လှူဒါန်းပေးခဲ့ကြောင်း We Love Rakhine အဖွဲ့ထံမှ သိရသည်။

ရခိုင်မြို့နယ်အတွင်း ကျေးရွာအချို့မှ ကျောင်းသားကျောင်းသူများမှာ စာသင်ကျောင်းသို့ ၃ မိုင်ခန့် ခြေလျင်သွားကျောင်းတက်နေရသဖြင့် ကျောင်းသွားကျောင်းပြန် အဆင်ပြေစေရန်အတွက် စက်ဘီးများလှူဒါန်းပေးခြင်းဖြစ်သည်ဟု We Love Rakhine အဖွဲ့မှ ဒုဥက္ကဋ္ဌ ဦးတင်ငြိမ်းဦးကပြောသည်။

“စစ်ဘေးရှောင်စခန်းကသူတွေလည်း ပါချင်ပါမယ်။ အဓိက ကျောင်းကို ၂ မိုင် ၃ မိုင်လောက်လမ်းလျှောက်ပြီး ကျောင်းတက်နေရတဲ့ ကျောင်းသူကျောင်းသားတွေပေါ့နော်။ မရှိဆင်းရဲသားတွေ ၊ မိဘဆင်းရဲနွမ်းပါးတဲ့သူတွေအနေနဲ့ ကျောင်းတက်လို့အဆင်ပြေအောင်ရည်ရွယ်ပြီး ကျေးရွာလူကြီးတွေနဲ့အတူ မြို့နယ်တိုင်းမှာရှိတဲ့ We love Rakhine EC တွေကရွေးချယ်ပြီး လှူပေးတာဖြစ်ပါတယ်” ဟု ဆိုသည်။

အဆိုပါကျေးရွာများတွင် စက်ဘီးများလှူဒါန်းထားပြီး ထပ်မံ၍ အခြားမြို့နယ်အတွင်းမှ ကျောင်းတက်ရန် လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်နေသော ကျောင်းသား/ကျောင််းသူများကိုလည်း အသုတ်လိုက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ဦးတင််ငြိမ်းဦးက ဆက်လက်ပြောကြားသည်။

အဆိုပါစက်ဘီးများမှာ ဂျပန်နိုင်ငံမှ အလှူရှင်တစ်ဦးက We Love Rakhine ကို လှူဒါန်းထားခြင်းဖြစ်ပြီး ယင်းမှတဆင့် ရခိုင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းသို့ သွားလာရေး အခက်အခဲရှိနေသော ကျောင်းသား၊ကျောင်းသူများကို ထပ်မံလှူဒါန်းပေးခြင်းဖြစ်သည်။

ယခုကဲ့သို့ We Love Rakhine အဖွဲ ့မှ စက်ဘီးထောက်ပံ့ပေးသဖြင့် ဝမ်းသာမိကြောင်း ဆင်အင်းကြီးကျေးရွာမှ ကျောင်းသား ဖခင်တစ်ဦးဖြစ်သည့် ဦးမောင်လှကဆိုသည်။

“အခုလိုမျိုး ထောက်ပံ့ပေးတဲ့အတွက် ဝမ်းသာပါတယ်။ ကျနော်တို့သား၊သမီးတွေ ကျောင်းတက်သွားတဲ့အခါ အရင်လိုအချိန်တွေလည်း ကြန့်ကြာမနေတော့ဘူး။ ပင်လည်းမပင်ပန်းတော့ဘူးပေါ့နော်။ ပိုပြီးအဆင်ပြေသွားပါတယ်“ ဟု ၎င်းကဆိုသည်။

We Love Rakhine အနေဖြင့် ပညာရေးနှင့်သော်လည်းကောင်း၊ ကျန်းမာရေးနှင့်သော်လည်းကောင်း လိုအပ်ချက်များကို အခါအားလျော်စွာ ထောက်ပံ့လှူဒါန်းမှုများ ဆက်လက်လုပ်ဆောင်သွားရန်စီစဉ်နေကြောင်းလည်း ယင်းအဖွဲ့ထံမှ သိရသည်။

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...