ရခိုင်ပြည် မြို့နယ် ၃ ခုမှ စစ်အာဏာရှင်ကို ကန့်ကွက်ဆန္ဒပြပြီး ထောင်ဒဏ်ချခံရသူ ၉ ဦး လွတ်မြောက်

ရခိုင်ပြည် မြို့နယ် ၃ ခုမှ စစ်အာဏာရှင်ကို ကန့်ကွက်ဆန္ဒပြပြီး ထောင်ဒဏ်ချခံရသူ ၉ ဦး လွတ်မြောက်

ရခိုင်ပြည်နယ်အတွင်းက တောင်ကုတ်၊ ဂွမြို့နှင့် မာန်အောင်မြို့နယ်တို့မှ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြပြီး ဖမ်းဆီးခံရသူများထဲမှ ၉ ဦးကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်နေ့တွင် စစ်ကောင်စီမှ ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။

ပြန်လည်လွတ်မြောက်လာသူများမှာ ဂွမြို့နယ်မှ ဦးရဲခေါင်ညွန့်၊ ဦးလူနီနှင့် ကိုအောင်စိုးမိုး တောင်ကုတ်မြို့နယ်မှ ဦးမင်းအောင်၊ ကိုသန့်ဇင်ဖြိုး၊ ဦးတင်သိန်းအောင်နှင့် ကိုချစ်မောင်မောင်တို့ဖြစ်ကြပြီး မာန်အောင်မြို့နယ်မှ ကိုဝင်းနိုင်နှင့် ဦးကျော်ဆွေတို့ဖြစ်ကြသည်။

အဆိုပါဖမ်းဆီးခံရသူများကို အောက်တိုဘာလ ၁၈ ရက်နေ့မှာ စစ်ကောင်စီမှ အမှုပိတ်ကာ ပြန်လွှတ်ပေးခြင်းဖြစ်ပြီး အထူးဝမ်းသာမိကြောင်း ပြန်လည်လွတ်မြောက်လာသူ ကိုဝင်းနိုင်က ပြောသည်။

"ကျနော်တို့ကို ၁၉ ရက်နေ့က လွှတ်ပေးလိုက်တယ်။ အမှုတွေကိုပိတ်သိမ်းပြီး လွှတ်ပေးလိုက်တာဖြစ်တယ်လို့ပြောတယ်။ ကျန်တာတော့ ဘာမှမလုပ်ခဲ့ရဘူး။ အထဲမှာက ၈ လကျော်လောက် နေခဲ့ရတယ်" ဟု ပြောသည်။

စစ်ကောင်စီအား အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ပြသ၍ ဖမ်းဆီးခံရပြီး တရားရင်ဆိုင်နေရသူများရှိသေးသလို ဖမ်းဝရမ်းထုတ်ကာ တိမ်းရှောင်နေရသူများလည်းရှိနေသေးကြောင်း ဖမ်းဝရမ်းထုတ်ခံရ၍ ရှောင်တိမ်းနေရသူ အမ်းမြို့နယ် NLD ပါတီမှ ဒေါ်ဝင်းချေက ပြောသည်။

"အခုလို ပြန်လွှတ်ပေးတယ်ဆိုတော့ ဝမ်းသာပါတယ်။ ဒါပေမဲ့ ဖမ်းဝရမ်းထုတ်ပြီး ရှောင်တိမ်းနေရသူတွေရှိနေတယ်။ ပြီးတော့ မြို့နယ်အချို့မှာဖမ်းဆီးခံရပြီး တရားရင်ဆိုင်နေရသူတွေလည်း ရှိနေသေးတယ်။ သူတို့တွေကိုလည်း ပြန်လွှတ်ပေးဖို့လိုတယ်" ဟု ပြောသည်။

ပြည်နယ်ဝန်ကြီးဟောင်း ဦးမင်းအောင်မှာ အဂတိလိုက်စားမှုနှင့်လည်း တရားစွဲဆိုခံထားရသဖြင့် အကျဉ်းထောင်မှ ဆက်လက်တရားရင်ဆိုင်ရအုံးမည်ဖြစ်သည်။

စစ်ကောင်စီ အာဏာသိမ်းပြီးအချိန်မှစတင်ကာ ရခိုင်ပြည်အတွင်းရှိ NLD ပါတီဝင်အများစု ရှောင်တိမ်းနေရမှုများရှိနေပြီး PDF အဖွဲ့များနှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆိုခံရမှုများရှိနေကြသည်။

မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြ၍ အကျဉ်းကျနေသူ ၁၃၂၆ ဦးနှင့် အမှုရင်ဆိုင်နေရသူ ၄၃၂၀ ဦးကို အမှုပိတ်ပြီးတော့ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၈ ရက်နေ့က စစ်ကောင်စီမှ ထုတ်ပြန်ချက်ထုတ်ခဲ့သည်။

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...