မော်လမြိုင်စျေးကြီး စျေးဆိုင်များနှင့် ဆိုင်အလုပ်သမားများအား COVID-19 ရောဂါစစ်ဆေးမှုများ အရှိန်တိုးမြှင့် ဆောင်ရွက်နေ

မော်လမြိုင်စျေးကြီး စျေးဆိုင်များနှင့် ဆိုင်အလုပ်သမားများအား COVID-19 ရောဂါစစ်ဆေးမှုများ အရှိန်တိုးမြှင့် ဆောင်ရွက်နေ

မော်လမြိုင်မြို့ စျေးကြီးရှိ စျေးဆိုင်သမားများနှင့် ဆိုင်အလုပ်သမားများကို ကိုဗစ်-၁၉ ရောဂါဆေးစစ်မှုများ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်နေကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

“ကျန်းမာရေးဌာနက စျေးတွေမှာ COVID နဲ့ပတ်သက်လို့ ကျန်းမာရေး စစ်ဆေးပြီးပြီလားမေးတော့ ကျွန်တော်တို့စျေးမှာ နှာခေါင်းတို့ဖတ်ယူတာ နှစ်ကြိမ်ရှိပါပြီ။ အဲဒါနဲ့ ကျန်းမာရေးဌာနကပြောတာက လူများများနဲ့ နောက်ထပ်တစ်ကြိမ်လောက် ပြန်စစ်ပေးပါလားပေါ့။ အဲ့ဒီလို ပြောလာတာရှိတော့ ကျွန်တော်တို့အနေနဲ့ကလည်း နောက်ထပ်တစ်ကြိမ် ဆေးစစ်နိုင်ဖို့အတွက် လုပ်ဆောင်နေတယ်” ဟု မော်လမြိုင်မြို့အမှတ် (၁) ပြည်သူ့စျေးကော်မတီဝင်တစ်ဦးဖြစ်သူ ဦးစိုးက ဆိုသည်။

စျေးကြီးဝင်းအတွင်း ကိုဗစ်စစ်ဆေးမှုများကိုအောက်တိုဘာလ တစ်လလုံး အချိန်ယူပြုလုပ်သွားမည်ဖြစ်ပြီး ကာကွယ်ဆေးမထိုးရသူများကို ကိုဗစ်ကာကွယ်ဆေးများထိုးပေးမည်ဟု ကြားသိရကြောင်း မော်လမြိုင်မြို့ မြိုင်ရတနာ နှစ်ထပ်စျေးမှ စျေးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

"ကျွန်မတို့ စနေနေ့က ဆေးစစ်ပြီးပါပြီ။ အောက်စျေးကသူတွေပြောတာ ကာကွယ်ဆေးပါထိုးပေးမယ်တဲ့။ မှတ်ပုံတင်ရှိရမယ်ပြောတယ်။" ဟု ၄င်းကဆိုသည်။

စျေးသူစျေးသားများကို မကြာခဏ ကိုဗစ်စစ်ဆေးနေရသည်မှာ စျေးများအမြန်ဆုံးပြန်ဖွင့်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်က မွန်ပြည်နယ်အတွင်း Stay at Home သတ်မှတ်ထားခြင်းမရှိသည့် ကျိုက်ထို၊ ပေါင်၊ ကျိုက်မရော၊ မုဒုံနှင့် ရေးစသည့်မြို့နယ်များရှိ စည်ပင်သာယာစျေးများတွင် ဆေးဝါးနှင့် စားသောက်ကုန်များရောင်းချသည့် စျေးဆိုင်ခန်းများအပြင် အခြားသော ကုန်ပစ္စည်းများရောင်းချသည့် စျေးဆိုင်ခန်းများကိုလည်း ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့သည်။

သို့ရာတွင် ကျန်းမာရေးဝန်ကြီးဌာနက မော်လမြိုင်၊ သထုံ၊ ဘီးလင်း၊ ချောင်းဆုံနှင့် သံဖြူဇရပ် မြို့နယ်များကို Stay at Home အစီအစဉ်သတ်မှတ် ကြေညာထားသည့်မြို့နယ်များဖြစ်သည့်အတွက် သက်ဆိုင်ရာက စျေးများဖွင့်ခွင့်မပြုသေးကြောင်း သိရသည်။

May 14, 2026
မွန်ပြည်နယ်တွင်၊ မေလ ၁၂ ရက်နေ့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၃ သိန်းကျပ်နှုန်းဖြင့်...
May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...
May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...