ရိုဟင်ဂျာဆိုသူများအရေး ကုလသမဂ္ဂ၏ စုံစမ်းမှုက လူမျိုးစုကြား တင်းမာမှုမြင့်တက်စေလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ရိုဟင်ဂျာဆိုသူများအရေး ကုလသမဂ္ဂ၏ စုံစမ်းမှုက လူမျိုးစုကြား တင်းမာမှုမြင့်တက်စေလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
by -
မဇ္ဈိမ
ပြီးခဲ့သည့်နှစ်က ရိုဟင်ဂျာဟုဆိုသော လူနည်းစုများအပေါ် မြန်မာစစ်တပ်က လူ့အခွင့်အရေး အလွဲသုံးစားလုပ်ခြင်းများရှိသည်ဆိုသော စွပ်စွဲချက်များအား ကုလသမဂ္ဂ၏ စုံစမ်းမှုသည် လူမျိုးစုတင်းမာမှုများ မြင့်တက်စေလိမ့်မည်ဟု မြန်မာနိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၁၂ ရက်တွင် ပြောသည်။

ရိုဟင်ဂျာဟု ဆိုကြသူများအား လုံခြံုရေးတပ်ဖွဲ့များက သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် နှိပ်စက်ညှင်းပန်းမှုများ ရှိသည်ဆိုသော စွပ်စွဲချက်များအပေါ် သက်သေအချက်အလက်ရှာဖွေရေးမစ်ရှင်အား ဦးဆောင်ရန်အတွက် ပြီးခဲ့သည့်လက ကုလသမဂ္ဂသည် ပညာရှင်များ ခန့်အပ်ဖွဲ့စည်းခဲ့သည်။

ထိုမစ်ရှင်ကို မြန်မာနိုင်ငံဖက်က လက်မခံဘဲ ငြင်းပယ်ထားသည်။

"ဒီလို မစ်ရှင် စေလွှတ်တာကြောင့် မတူညီတဲ့ အသိုက်အဝန်းကြား ပိုပြီးရန်လိုမှုတွေ မွေးဖွားဖြစ်စေလိမ့်မှာဖြစ်တယ်။"ဟု ဆွီဒင်ဝန်ကြီးချုပ် Stefan Lofven နှင့် တွေ့ဆုံပြီးနောက် စတော့ဟုမ်းတွင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအား ပြောခဲ့သည်။

"ဒီစုံစမ်းရေးမစ်ရှင် စေလွှတ်တာက ကျွန်မတို့ တည်ဆောက်နေတဲ့ အဲဒီဒေသတွင်း သဟဇာတဖြစ်ရေးနဲ့ နားလည်မှုရှိရေးတို့မှာ လိုအပ်တဲ့အရာလို့ ကျွန်မတို့ မခံယူဘူး။ ကြောက်ရွံမှုတွေ ဖယ်ရှားနိုင်ရေး၊ ရေရှည် ကွာဟနေတဲ့ အသိုက်အဝန်းနှစ်ရပ် ရင်ကြားစေ့နိုင်ရေးတို့အတွက် ဒီမစ်ရှင်ဟာ ဖော်ဆောင်ပေးနိုင်မယ် မထင်ဘူး။"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် သီးခြားအကြံပေးကော်မရှင်၏ အကြံပြုမှတ်ချက်ကိုသာ လက်ခံသွားမည်ဖြစ်ကြောင်း အသက် ရ၁ နှစ်ရှိ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...