ဖားကန့်အခြေစိုက် ရခိုင်လူငယ် ကွန်ရက်မှ ရခိုင်စစ်ဘေးရှောင်များသို့ ကိုယ်တိုင်သွားရောက် အကူအညီပေး

ဖားကန့်အခြေစိုက် ရခိုင်လူငယ် ကွန်ရက်မှ ရခိုင်စစ်ဘေးရှောင်များသို့ ကိုယ်တိုင်သွားရောက် အကူအညီပေး
by -
နိရဥ္စရာ
ဓါတ်ပုံ- ဆရာဗဂျီးကျော်
ဓါတ်ပုံ- ဆရာဗဂျီးကျော်
ကချင်ပြည်နယ် ဖားကန့်ဒေသ အခြေစိုက် ရခိုင်လူငယ်ကွန်ရက် အဖွဲ့က ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့မှုများ ကိုယ်တိုင်သွားရောက်ပေးခဲ့သည်ဟု သတင်းရရှိသည်။

ရက္ခိုင်တပ်မတော် AA နှင့် မြန်မာ့တပ်မတော်တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နေရပ် ကျေးရွာများကို စွန့်ခွာလာခဲ့ကြရသည့် ရခိုင်စစ်ဘေးရှောင်များအား ဆန်နှင့်အခြားရိက္ခာများကို ဇွန်လ ၁၂ ရက်နေ့တွင် အကူအညီ သွားပေးခဲ့သည်ဟု သိရသည်။

“ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းမှာရှိတဲ့ ကိုယ့်ရခိုင်လူမျိုးတွေ မိုးရာသီ ရောက်လာတဲ့အခါ ရိက္ခာအခက်အခဲ ဖြစ်နေတဲ့အတွက် လှူဒါန်းရခြင်းဖြစ်ပါတယ်”ဟု ဖားကန့်အခြေစိုက် ရခိုင်လူငယ် ကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ကိုညီကြီးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယနေ့ အကူအညီပေးရာတွင် ကျောက်တော်မြို့နယ်ရှိ ပညာဝ စစ်ဘေးရှောင် စခန်းရှိ အိမ်ထောင်စု ၁၆ စု၊ ငါးစင်ရိုင်းကိုင်းတွင် ၁၃စု၊ ပညာကြီးတွင် ရ စု၊ သလူချောင်းတွင် ၂ စု တို့အား တစ်အိမ်ထောင်လျှင် ဆန် ၂ အိတ်နှုန်းနှင့် ကျောင်းသားများအတွက် ဗလာစာအုပ်နှင့် မုန့်များကို ကူညီထောက်ပံ့ပေးခဲ့ပြီး ကျောက်တော်မြို့နယ် ရွာမပြင်ကျေးရွာရှိ စစ်ဘေးရှောင် အိမ်ထောင်စု ၃၈ စုတို့အား ဆက်လက် အကူအညီ ပေးသွားမည်ဟု သိရသည်။

ယင်းအပြင် ပိုပြီး အခက်အခဲရှိသော စစ်ဘေးရှောင်စခန်းများတွင် အိမ်ထောင်စု တစ်စု အတွက် အထက်ဖေါ်ပြပါ ရိက္ခာများအပြင် ငါးခြောက် တစ်ပိဿာကျစီ လှူဒါန်းခဲ့သည်ဟု ဆိုသည်။

njr1301

ယနေ့လှူဒါန်းခဲ့မှုအပြင် ဘူးသီးတောင်မြို့နယ်ရှိ စည်တောင်နှင့် ရေကြောင်းချောင်း စစ်ဘေးရှောင် စခန်းများအတွက် ဇွန်လ ၉ ရက်နေ့ကလည်းကောင်း၊ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းရှိ ဖားကြွယ်နှင့် သင်ပုန်တန်း စစ်ဘေးရှောင် စခန်းများအတွက် ဇွန်လ ၁၀ ရက်နေ့ကလည်းကောင်း အဆိုပါအဖွဲ့မှ ဆန်နှင့် အခြားရိက္ခာများ အကူအညီပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိ ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များ၏ နေအိမ်များ အမိုးအကာ မလုံမခြံုဖြစ်နေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ သားသမီးများ ပညာရေးအခက်အခဲနှင့် စားနပ်ရိက္ခာ မလုံလောက်မှုများကို မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။

ယခု အကြိမ်လှူဒါန်းခြင်းသည် ဖားကန့်အခြေစိုက် ရခိုင်လူငယ်ကွန်ရက် အနေဖြင့် ပထမဆုံးအကြိမ် လှူဒါန်းခြင်းဖြစ်ပြီး ယင်းမတိုင်မီ ဖားကန့်တွင် ရောက်ရှိနေကြသော ရခိုင်လူမျိုးများက စစ်ဘေးရှောင်များ၊ ရေဘေးဒုက္ခသည်များနှင့် လေဘေးဒုက္ခသည်များအတွက် ရခိုင်ရိုးရာ စာပေယဉ်ကျေးမှုအဖွဲ့မှ တစ်ဆင့် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ရခိုင်လူငယ်ကွန်ရက်အနေဖြင့် မြောက်ဦးမြို့ရှိ မြတန်ဆောင်း ဘက ကျောင်းအတွက်လည်း ဇွန်လ ၁၁ ရက်နေ့က အကူညီပေးမှုကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရွှေကရုဏာခန်းမတွင် အခမ်းအနားတစ်ရပ်ဖြင့် ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...