သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ကာလအတွင်း ဗြောက်အိုးဖောက်ခြင်းနှင့် ရောင်းချခြင်းကို ထိရောက်စွာအရေးယူမည်

သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ကာလအတွင်း ဗြောက်အိုးဖောက်ခြင်းနှင့် ရောင်းချခြင်းကို ထိရောက်စွာအရေးယူမည်

မွန်ပြည်နယ်တွင် သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ကာလများတွင် ဗြောက်အိုးဖောက်ခြင်းနှင့် ရောင်းချလျှင် တည်ဆဲဥပဖြင့် ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မီးရှူးမီးပန်း၊ ဗြောက်အိုး၊ ရှူးဒိုင်းများ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ရောင်းချခြင်း၊ ပစ်ဖောက်ခြင်းများမပြုလုပ်ရန် အမိန့်ထုတ်ထားပြီး တွေ့ရှိပါက ရာဇသတ်ကြထီးဥပဒေပုဒ်မ ၁၈၈ ဖြင့် ထိရောက်စွာအရေးယူမည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

"ဖမ်းဖို့လိုလာရင် ကျွန်တော်တို့က ဖမ်းပေးရပါမယ်။ ဒီစာက နှစ်တိုင်းထုတ်တာပါပဲ။ အမိန့်တွေကြေငြာစာတွေက အုပ်ချုပ်ရေးပိုင်းတွေက လုပ်ပါလိမ့်မယ်။" ဟု ပြည်နယ် ရဲအရာရှိတစ်ဦးက ပြောသည်။

နိုင်ငံအနှံ့တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်နေသောကြောင့် ယခုနှစ်တွင် ဗြောက်အိုးမဖောက်ရန် တားမြစ်ချက်ကို ပိုမိုအလေးပေးထားပြီး အရေးယူမှုများနိုင်ကြောင်း စောင့်ကြည့်လေ့လာသူများက ယူဆထားသည်။

သို့ရာတွင် မုဒုံမြို့ခံတစ်ဦးက "အခုထိ ဘာဗြောက်ဖောက်သံမှ မကြားသေးဘူး။ အရင်နှစ်တွေက ဒီအချိန်ဆို ရောင်းကြ၊ ဖောက်ကြနဲ့ ဆူညံနေပြီ။ အခုတော့ ရောင်းတာလည်းမတွေ့သေးဘူး" ဟု ဆိုသည်။

ထို့ပြင် အမိန့်မလိုက်နာသူများကို ရာဇသတ်ကြီးပုဒ်မ ၁၈၈ နှင့် အရေးယူမည်ဖြစ်ကြောင်း၊ ရာဇသတ်ကြီးပုဒ်မ-၁၈၈ အရ ပြည်သူ့ဝန်ထမ်းကထုတ်ပြန်သည့် အများပြည်သူနှင့်သက်ဆိုင်သောအမိန့်ကို ဖီဆန်လျင် တစ်လထိအလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ ကျပ်နှစ်သောင်းထိငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်ကြောင်း၊ ထိုသို့ဖီဆန်ခြင်းသည် လူ့အသက်ကိုသော်လည်းကောင်း ကျန်းမာရေးကိုသော်လည်းကောင်း လုံခြုံရေးကိုသော်လည်းကောင်း ဘေးဖြစ်စေသော် သို့မဟုတ် ဘေးဖြစ်စေတတ်သော် ခြောက်လထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

May 14, 2026
မွန်ပြည်နယ်တွင်၊ မေလ ၁၂ ရက်နေ့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၃ သိန်းကျပ်နှုန်းဖြင့်...
May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...
May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...