မိုရာမုန်တိုင်းကြောင့် ပြိုပျက်သွားခဲ့သည့် စာသင်ကျောင်းများ ပြန်လည်ပြုပြင်ရာတွင် ကျောင်းပြင်ပြီးမှ ငွေထုတ်ပေးသည့် စနစ်ကျင့်သုံး

မိုရာမုန်တိုင်းကြောင့် ပြိုပျက်သွားခဲ့သည့် စာသင်ကျောင်းများ ပြန်လည်ပြုပြင်ရာတွင် ကျောင်းပြင်ပြီးမှ ငွေထုတ်ပေးသည့် စနစ်ကျင့်သုံး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် တွင် မေလ ၂၉ ရက်နေ့နှင့် ၃၀ရက်နေ့က တိုက်ခတ်သွားခဲ့သော မိုရာမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ရသည့် ကျောင်းများကို ပြန်လည် ပြုပြင်ရာတွင် ကျောင်းများကို ပြန်လည် ပြုပြင်ပြီးမှ ငွေထုတ်ပေးသည့် စနစ်ကို ကျင့်သုံး နေကြောင်း သတင်းရရှိသည်။

“ ကျောင်းခေါင်းမိုး လန်သွားတဲ့ကျောင်းတွေ၊ ခေါင်းမိုး ပြိုပျက်သွားတဲ့ ကျောင်းတွေကို ကျောင်းအုပ်ကြီးရယ်၊ ရပ်မိရပ်ဖရယ်၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့တွေကို ပူးပေါင်းပြီး ပြင်ခိုင်းပါတယ်။ ကုန်ကျတဲ့ စရိတ်ကို မြို့နယ် ပညာရေးမှူးရုံးကနေ ထုတ်ပေးနေပါတယ်။ သစ်ဖိုးရယ်၊ သံဖိုးရယ်၊ သွပ်ဖိုးရယ်၊ လက်သမားဖိုးရယ် အကုန်လုံး အကုန်ကျခံနေပါတယ် ခင်ဗျ” ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံး မှ ဦးစီးမှူး (စီမံ) ဦးကျော်နိုင်က ပြောသည်။

မိုရာမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မြို့နယ် ၁၄ မြို့နယ်တွင် ကျောင်းပေါင်း ၈၆၈ ကျောင်းပြိုပျက်ခဲ့ရပြီး ထိုအထဲတွင် လုံးဝ ပြိုလဲပျက်စီးသွားခဲ့သည် ကျောင်းမှာ ရ၆ ကျောင်းရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံး မှတ်တမ်းအရ သိရသည်။

စာသင်ကျောင်း အပျက်အစီးအများဆုံးမြို့နယ်ထဲတွင် မောင်တောက ပထမ၊ ဘူးသီးတောင် ဒုတိယနှင့် ရသေ့တောင်က တတိယ အပျက်အစီး အများဆုံး ဖြစ်ကြောင်း ဦးစီးမှူး ဦးကျော်နိုင်က ဆက်လက် ပြောကြားသည်။

“ အခု ပြိုပျက်သွားတဲ့ ကျောင်းတွေကို ပြန်ပြင်ရာမှာ ပြည်နယ်ပညာရေးမှူးရဲ့ စီမံခန့်ခွဲမှုနဲ့ အတူ အဖွဲ့တွေ စေလွှတ်ပြီး ဆောင်ရွက်နေပါတယ်။ မောင်တော- ဘူးသီးတောင် ဆိုရင် ညွှန်ကြားရေးမှူး တစ်ဦး၊ စစ်တွေ-ပုဏ္ဍားကျွန်းဆိုရင် တစ်ဦး၊ အဲသလိုမျိုး မြို့နယ် ပညာရေးမှူးနဲ့ ပေါင်းစပ်ပြီး ချက်ချင်း ပြင်နိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ဆိုသည်။

လုံးဝ ပြိုပျက်သွားသော ကျောင်းများကို အသစ် အမြန် ပြန်လည် တည်ဆောက် နိုင်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ ရုံးချုပ်မှ တစ်ဆင့် တင်ပြထားကြောင်း၊ လုံးဝ ပြိုပျက် သွားသည့် ကျောင်းများကို မဆောက်နိုင်မီ ယာယီဆောင်တွေ အမြန် တည်ဆောက်သွားရန် စီစဉ်နေကြောင်း ပြောကြားသည်။

ယခု ကျောင်းများကို ပြန်လည် ပြုပြင် တည်ဆောက်နေသည်မှာ တစ်နှစ်ပတ်လုံး အတွက် ရခိုင်ပြည်နယ်ရှိ ကျောင်းများ ပြင်ဆင်စရိတ် ကျပ်ငွေ သန်းပေါင်း ၁၃၃၆ ဒဿမ ရ၇၀၅ သန်း ရရှိသည့် အထဲမှ ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ဦးကျော်နိုင်က ပြောကြားသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...