နောင်မွန်ဒေသ စစ်တပ်ဆန့်ကျင်သူများကို ပြန်လည်ဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်နေ

နောင်မွန်ဒေသ စစ်တပ်ဆန့်ကျင်သူများကို ပြန်လည်ဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်နေ

ပူတာအိုခရိုင် နောင်မွန်ဒေသ စစ်အာဏာရှင်စနစ်ဆန့်ကျင်လှုပ်ရှားမှုများတွင် ယခင်က ပါဝင်ခဲ့သူများကို စစ်ကောင်စီနှင့် ဌာနေပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်းဖမ်းဆီးရန် သတင်းများထွက်ပေါ်နေသဖြင့် နောင်မွန်ဒေသခံတစ်ချို့ တိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့မှပို့ချနေသော စစ်သင်တန်းမကြာခင်ပြီးတော့မှာဖြစ်ပြီး ယခင် ရွေးကောက်ပွဲစည်းရုံရေးတွင်ပါဝင်ခဲ့သူများ၊ CDM ပြုလုပ်နေသည့် ဝန်ထမ်းများနှင့် အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်ခဲ့သူများကို ဖမ်းဆီးမည်ဟုဒေသတွင်းသတင်းထွက်ပေါ်နေခြင်းကြောင့် တိမ်းရှောင်နေကြဟု ဒေသခံတစ်ဦးက KNG ကို ယခုလိုပြောသည်။

“စစ်သင်တန်းပြီးရင် ပြန်ဖမ်းမယ်လို့ကြားလို့ တစ်ချို့က နီးစပ်ရာကို ပြန်တိမ်းရှောင်နေရတယ်။ အခုဆို ၂ ပတ်လောက်ရှိပြီ။ ပြီးခဲ့တဲ့ အပတ်ကနေ ဟုတ်တယ်။ အခုပြန်ဖမ်းဖို့က NLD ပါတီအဖွဲ့ဝင်များနဲ့ သူတို့ကို မကောင်းဘူလို့ ဆန့်ကျင်တဲ့သူတွေ ဘဲဟုတ်တယ်။ သဘောက ဒေသအတွင်းမှာ သူတို့ကို ဆန့်ကျင်တဲ့သူတွေ မရှိအောင် ရှင်းထုတ်တဲ့ပုံစံဟုတ်တယ်” ဟု ပြောဆိုသည်။

လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရသူများမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာရှင်ဆန့်ကျင်မှုတွင် ပါဝင်ခဲ့သောသူများဖြစ်သည်ဟု သိရသည်။

နောင်မွန်ဒေသတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့တို့က ၎င်းတို့မသင်္ကာသည့် လူနေရပ်ကွက်များနှင့် ကျေးရွာအတွင်းသို့ စောင့်ကြည့်ကာ ဝင်ရောက်စစ်ဆေးမှုများ ပုံမှန်ပြုလုပ်နေကြောင်း သိရသည်။

ထို့အပြင် ဌာနေပြည်သူ့စစ်အဖွဲ့ ဦးဆောင် ပြီးခဲ့သော စစ်တင်ဘာလ ၂၁ ရက်နေ့စပြီး နောင်မွန်မြို့နှင့် ၁၀ မိုင်ခန့်ဝေးသည့် မဂွေဇကျေးရွာတွင် လူငယ် ၉၀ ကျော်ခန့်ကို ဒုတိယအကြိမ် စစ်သင်တန်းပို့ချပေးနေသည်။

အဆိုပါ သင်တန်းဆင်းပွဲကို အောက်တိုဘာလ ၁၃ ရက်နေ့ ပြုလုပ်သွားမည်ဖြစ်ကြောင်း နီးစပ်ရာ ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့ကလည်း ပူတာအိုဒေသသို့ အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်စား ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အဆိုပါ စစ်သင်တန်းပို့ချပေးနေသည့် မဂွေဇ ပြည်သူ့စစ်တပ်စခန်းသို့ သွားရောက်တွေ့ဆုံမှုပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

 
 

 

 

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...