ထီးချိုင့်မြို့ ပြည်သူ ၁၇ ဦး ဖမ်းခံရ အငယ်ဆုံး ၁၀ နှစ်အရွယ် ကလေးတစ်ဦးပါဝင်

ထီးချိုင့်မြို့ ပြည်သူ ၁၇ ဦး ဖမ်းခံရ အငယ်ဆုံး ၁၀ နှစ်အရွယ် ကလေးတစ်ဦးပါဝင်

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့တွင် အောက်တိုဘာလ ၈ ရက်ည ၈ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်မှ ပြည်သူ ၁၇ ဦးအား ဖမ်းဆီးသွားကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။

"မနေ့ည ၈ နာရီဝန်းကျင်လောက်ကနေ စဖမ်းတာတဲ့ ခုကျနော်တို့ဆီရောက်တဲ့ သတင်းအရဆိုရင် ၁၇ ဦးလောက် ဖမ်းသွားတယ်" ဒေသခံများထံမှ သိရသည်။

 

ဖမ်းဆီးခံရသူများမှာ အမတ်မင်း၏ တူမ ၁ ဦး၊ ဒေါက်တာတစ်ဦးအပါအဝင် ညီအစ်မ ၃ ဦး၊ ရတနာရွှေရည် အရက်ဆိုင်က သားအဖ ၂ ဦး၊ ရွှေစည်းဂုံကျောင်းနားမှ ဝက်သားဒုတ်ထိုးသည် ဖခင်ကို မတွေ့သည့်အတွက် သမီးနဲ့ဇနီးသည် ၂ ဦး၊ ကိုဖိုးသက်၏တူ ၃ ဦး၊ ၁၇ နှစ်‌အောက် ထမင်းဆိုင်မှ အမျိုးသား ၁ ဦးတို့ဖြစ်ပြီး အခြားသူများ၏ စာရင်းကိုလည်း စုံစမ်းနေဆဲဖြစ်ကြောင်း ပြောသည်။

"ဖမ်းခံရတဲ့သူတွေ မုံရွာဘက်ပို့လိုက်ပြီလို့ကြားတယ်။ ထောင်ဖြစ်ဖို့များမယ် အရင်ကလည်း ဖမ်းပြီး ထောင်တန်းထည့်တာဆိုတော့လေ" ဟု နီးစပ်သူများက ပြောသည်။

ဒေသခံများ၏ သတင်းပေးပို့ချက်အရ ယနေ့နံနက်မှာပင် ထီးချိုင့်မြို့အတွင်း စစ်ကောင်စီတပ်သား ၆၀၀ ခန့် ထပ်မံဝင်ရောက်နေပြီး အတည်ပြု၍ မရသေးသည့် သတင်းများအရ အနောက်မြောက်တိုင်း တိုင်းမှူးသည်လည်း ရွှေမင်းဝံရိပ်သာတွင် လာရောက်‌တည်းနေကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် ယခုရက်ပိုင်း ထီးချိုင့်မြို့နယ်ရှိ ကျေးရွာများတွင် ဝင်ရောက်ရှာဖွေမူများပြုလုပ်နေကာ ဒေသခံများကိုလည်း ဖမ်းဆီးနေကြောင်း သိရသည်။

လက်ရှိ စစ်ကောင်စီတပ်များသည် ထီးချိုင့်မြို့နဲ့ (၃) မိုင်ခန့်ဝေးသည့် အလယ်တောရွာအား အဝင်/အထွက်အားလုံး ပိတ်ထားသည့်အပြင် (၁၀) မိုင်ခန့်ဝေးသည့် နီကယ်မောင်းကုန်း တရုတ်နီကယ်စက်ရုံကြီးရှိသည့် ကျေးရွာတွင်လည်း ကျေးရွာအတွင်း စစ်ဆေးရေးများ လုပ်ဆောင်နေသည်ဟု နီးစပ်သူများကပြောသည်။

ထို့ပြင် ထီးချိုင့်မြို့နယ်အတွင်း စက်တင်ဘာလ (၁၇) ရက်နောက်ပိုင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ကုန်သည့်အတွက် စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားပျက်စီးနေပြီဖြစ်ကြောင်း သိရသည်။

 
 

 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...