အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူ ၂ သိန်းခန့်ကို ယခုလဒုတိယအပတ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်

အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူ ၂ သိန်းခန့်ကို ယခုလဒုတိယအပတ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်

ရခိုင်ပြည်အတွင်းက အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများကို ယခုအောက်တိုဘာလ ဒုတိယအပတ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီက ပြောကြားလိုက်သည်။

ယခုရက်ပိုင်းအတွင်း ကိုဗစ်ကာကွယ်ဆေး ရောက်ရှိမည်ဖြစ်ပြီး ဆေးရောက်ရှိပါက အောက်တိုဘာ ၁၆ ရက်နေ့တွင် ထိုးပေးသွားမည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ဦးဦးလှသိန်းက ယနေ့ အောက်တိုဘာ ၈ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ခြင်းဖြစ်သည်။

“စာသင်ကျောင်းဆိုတဲ့အထဲမှာ ဘုန်းတော်ကြီးကျောင်းတွေလည်း ပါပါတယ်။ ပုဂ္ဂလိကစာသင်ကျောင်းတွေလည်း ပါပါတယ်။ အစိုးရ စာသင်ကျောင်းတွေလည်း ပါပါတယ်။ စာသင်တဲ့ ကလေးတွေအကုန်လုံး ပါပါတယ်။ စာသင်အရွယ်တွေ အကုန်လုံးပါပါတယ်” ဟု ဆိုသည်။

ရခိုင်တပြည်နယ်လုံးရှိ ၅ တန်းမှ ၈ တန်းအထိ ပျမ်းမျှကျောင်းသား/သူစုစုပေါင်း ၂ သိန်းခန့်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စာသင်ကျောင်းများဖွင့်လှစ်ချိန် စိတ်ချစွာပညာသင်ကြားနိုင်ရန်အတွက် အသက် ၁၂ နှစ်အထက်ရှိ ကျောင်းသူ၊ ကျောင်းသားများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးခြင်းဖြစ်သည်။

ကိုဗစ်ကူးစက်ပြန့်ပွားမှုကြောင့် အခြေခံပညာကျောင်းများကို ဇူလိုင် ၉ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကလည်း မြန်မာနိုင်ငံအတွင်း ကိုဗစ်ကူးစက်မှုကြောင့် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို တစ်နှစ်ပတ်လုံး ပိတ်ထားခဲ့သည်။

 
 

 

 

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...