စစ်ကောင်စီတပ်များ တိုက်ခိုက်မှုမခံရအောင် ဒေသခံလူငယ်တစ်ဦးကို ပြန်ပေးဆွဲခေါ်ဆောင်

စစ်ကောင်စီတပ်များ တိုက်ခိုက်မှုမခံရအောင် ဒေသခံလူငယ်တစ်ဦးကို ပြန်ပေးဆွဲခေါ်ဆောင်

ဟူးကောင်း လီဒိုလမ်းမပေါ်တွင် သွားလာနေသော စစ်ကောင်စီတပ်များသည် ၎င်းတို့စစ်ကြောင်း တိုက်ခိုက်မှုမခံရအောင် နောင်းမီကျေးရွာမှ လူငယ်တစ်ဦးကို ပြန်ပေးဆွဲကာ ရှဒူးဇွပ်မှ ဒွမ်ဘန်အထိ ဖြတ်ကျော်သွားကြောင်း သိရသည်။

ယနေ့နံနက် ၈ နာရီဝန်းကျင်တွင် ရှဒူးဇွပ်ကျေးရွာမှ နောင်းမီဘက်သို့ ဆင်းလာခဲ့သော စစ်ယာဉ်တန်းကို လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀၀ ကျော်ကို နောင်းမီကျေးရွာအထွက်တွင် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် နောင်းမီကျေးရွာမှ လူငယ်တစ်ဦးကို ပြန်ပေးဆွဲကာ စစ်ကားများကို ဒွမ်ဘန်အထိ မောင်းနင်သွားခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“နောင်းမီမှာ ရောက်နေတဲ့ စစ်သားတွေက လုံခြုံရေးယူပေးဖို့ ၈ နာရီလောက်မှာ ရွာကနေ ထွက်ခွာသွားကြတယ်။ မကြာဘူး KIA က ရွာထွက်အနားမှာဘဲ မိုင်းတစ်ကြိမ်ဖောက်ခွဲလိုက်တယ်။ မိုင်းကွဲတဲ့အချိန်မှာ လူငယ်တစ်ယောက်က ဆိုင်ကယ်နဲ့ဖြတ်လာတယ်။ အဲ့ဒီလူငယ်ကို ဖမ်းဆီးပြီး ပြန်ပေးဆွဲသဘောနဲ့ ခေါ်သွားတယ်” ဟု ပြောဆိုသည်။

ပြန်ပေးဆွဲဖမ်းဆီးခံရသည့် လူငယ်မှာ အသက် ၂၀ အရွယ် ဇင်ထုန်းနောင်လတ် (ZingHtung Nawng Lat) ဖြစ်သည်။

ထိုလူငယ်ကို ပြန်လွတ်ပေးရန်အတွက် နောင်းမီရပ်မိရပ်ဖများက တောင်းဆိုမှုပြုလုပ်ခဲ့သော်လည်း နောင်းမီကျေးရွာအနီးတွင် ‘KIA ထပ်မံ တိုက်ခိုက်ရင် မလွတ်ပေးဘူး။ ပြန်မတိုက်ရင်လွတ်ပေးမယ်’ ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ယာဉ်တန်းများ တိုက်ခိုက်ခံရမှု မရှိသောကြောင့် နေ့လည် ၁၁ နာရီခွဲခန့်တွင် ဖမ်းဆီးခံရသောလူငယ်ကို ပြန်လွတ်ပေးလိုက်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

ယနေ့နံနက် ၈ နာရီခွဲဝန်းကျင် နောင်မီကျေးရွာအထွက် အာဏာသိမ်းစစ်တပ်ကို KIA က မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင် စစ်တပ်ဘက်က ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းမှာ စစ်ကောင်စီယာဉ်တန်းများ တနိုင်းထိ တက်သွားနိုင်ရန် လမ်းကြောင်းတစ်လျှောက် လုံခြုံရေးယူပေးနေသော အဖွဲ့ဖြစ်သည်။

 
 

 

 

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...