အင်အား ၁၀၀ ကျော်သော စစ်ကောင်စီတပ်ကို KIA မိုင်းခွဲတိုက်ခိုက်

အင်အား ၁၀၀ ကျော်သော စစ်ကောင်စီတပ်ကို KIA မိုင်းခွဲတိုက်ခိုက်

တနိုင်းမှ ခြေကျင်ဖြင့်ဆင်းလာသော စစ်ကောင်စီအင်အား ၁၃၀ ခန့်ပါသော စစ်ကြောင်းကို ယနေ့နံနက် ၁၀ နာရီခွဲခန့် လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာနှင့် နောင်းမီကျေးရွာကြား မိုးကောင်းတံတားပေါ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“KIA ဘက်က အရင်မိုင်းခွဲတိုက်ခိုက်တယ်။ နောက်ပြီး ၂ ဖက်တပ် အပြန်အလှန် ပြန်ပစ်ခတ်ကြတယ်။ ၄၅ မိနစ်လောက်ကြာတယ်။ လက်နက်ကြီး လက်နက်သံတွေ အကျယ်ကြီးကြားရတယ်။ ထိခိုက်မှုတွေက သိပ်မရှိဘူလို့ပြောကြတယ်” ဟု ပြောဆိုသည်။

ထိုနေရာတွင် ၂ ဖက်တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်ဘက်က KIA ရှိနိုင်သည်ဟုယူဆသော နေရာများဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဝါရာဇွပ်ကျေးရွာအတွင်း လက်နက်ကြီး ၂ လုံးကျခဲ့ပြီး ထိခိုက်မှုမရှိခဲ့ကြောင်း သူကဆက်ဆိုသည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်ခံရသည့်အဖွဲ့မှာ ပြီးခဲ့သောရက်ပိုင်းက တနိုင်းသို့ စစ်ရိက္ခာသွားပို့သည့် ယာဉ်တန်းအဖွဲ့ကို ရှဒူးဇွပ်၊ တိန်ကောက်နှင့် ကောင်ရာ စသောကျေးရွာ လီဒိုလမ်းမကြီးတစ်လျှောက်ပေါ်တွင် လုံခြုံရေးယူပေးခဲ့သောအဖွဲ့ဖြစ်သည်။

၎င်းတို့မှာ စစ်ယာဉ်တန်းကို လုံခြုံရေးယူပေးပြီးနောက် ယနေ့ နံနက်ပိုင်း ၇ နာရီခန့်တွင် ရှဒူးဇွပ် ခလရ ၂၉၇ တပ်ရင်းမှ ထွက်လာခဲ့စဉ် မိုင်းခွဲ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

သို့သော် အဆိုပါစစ်ကြောင်းမှာ မိုင်းခွဲတိုက်ခိုက်ခံရသော်လည်း လက်ရှိတွင် နောင်းမီကျေးရွာအတွင်းသို့ ရောက်ရှိနေပြီး လမ်းမကြီးတစ်လျှောက် သွားလာဖြတ်သန်းသည့် ပြည်သူများကို လမ်းပိတ်ဆို့ကာ စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

အဆိုပါတပ်ဖွဲ့မှာ ဆက်လက်ပြီး မိုးကောင်းအထိ ဆင်းသွားမည့်အဖွဲ့ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အာဏာသိမ်းစစ်တပ်သည် တနိုင်းမြို့သို့ စစ်သုံးရိက္ခာများ သွားရောက်ပို့ဆောင်နိုင်ရန် လုံခြုံရေးအဖွဲ့အဖြစ် အင်အား ၅၀၀ ခန့်သည် စက်တင်ဘာလ ၂၀ ကျော်ကတည်းက လီဒိုလမ်းပေါ်အတိုင်း တက်လာခဲ့သည်။

အဆိုပါ လုံခြုံရေးအဖွဲ့၏နောက်တွင် စက်တင်ဘာ ၂၈ ရက်နေ့ စစ်ရိက္ခာသယ်ကား အစီး ၄၀ နှင့် ၃၀ ရက်နေ့တွင် ၂၀ စီး လီဒိုလမ်းမတိုင်း တက်လာခဲ့သည်။

ရိက္ခာသယ်ကား စုစုပေါင်း ၆၀ ခန့်ကို မိုးကောင်းမှ ဒွမ်ဘန်အခြေစိုက် ၂၉၈ တပ်ရင်းတွင်တစ်ကြိမ်၊ ရှဒူးဇွပ်အခြေစိုက် ၂၉၇ တပ်ရင်းတွင် တစ်ကြိမ် အနားယူပြီး တနိုင်းမြို့သို့ ပို့ဆောင်ခဲ့သည်။

တနိုင်းသို့ ရောက်ရှိစဉ် စစ်ကား စုစုပေါင်း ၄၃ စီးရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်၏ တနိုင်းအထိ စစ်ရိက္ခာသယ်ယူရေးခရီးစဉ်မှာ ရက်ပေါင်း ၂ ပတ်ခန့်အထိ ကြာမြင့်ခဲ့ပြီး ၎င်းတို့ကို လီဒိုလမ်းမကြီးတစ်လျှောက်တွင် KIA က ကြားဖြတ်မိုင်းခွဲတိုက်ခိုက်ခဲ့သော အရည်အတွက်မှာ ၆ ကြိမ်ထက်မနည်းရှိခဲ့သည်။

အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြားကြောင်း ဒေသခံများ ပြောဆိုနေသော်လည်း အသေးစိတ်အချက်အလက်ကို KNG က စုံစမ်းနေဆဲဖြစ်သည်။

ဆက်လက်ပြီး လီဒိုလမ်းပေါ် သွားလာနေသော စစ်ကောင်စီတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

 
 

 

 

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...