ရခိုင်ပြည်နယ်မှ ခရိုင်သုံးခုမှ သက်ကြီးရွယ်အိုများ အခြေခံစာတတ်မြောက်ရေး ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်မည်

ရခိုင်ပြည်နယ်မှ ခရိုင်သုံးခုမှ သက်ကြီးရွယ်အိုများ အခြေခံစာတတ်မြောက်ရေး ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်မည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်တွင် သက်ကြီးရွယ်အိုများအနေဖြင့် အခြေခံစာသင်ကြားနိုင်စေရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောက်ရွက် နေကြောင်း အခြေခံစာတတ်မြောက်ရေးကြီးကြပ်မှု ဗဟိုကော်မတီနာယက၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ဇွန်လ ၉ ရက်နေ့က ပြုလုပ်သည့် ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်ဖြူနှင့် သံတွဲခရိုင်တို့၏ အခြေခံ စာတတ် မြောက်ရေး လုပ်ငန်း ဖွင့်ပွဲ အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ထိုသို့ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

“ရခိုင်ပြည်နယ်မှာ ရခိုင်ပြည်နယ်အစိုးအဖွဲ့နဲ့ ပညာရေးဝန်ကြီးဌာနက ပူးပေါင်း ဆောင်ရွက်တဲ့ မြောက်ဦး၊ ပြီးတော့ ကျောက်ဖြူ၊ ပြီးရင် သံတွဲခရိုင်တွေမှာ အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှုတွေဟာ မြန်မာနိုင်ငံရဲ့ သက်ကြီး စာတတ်မြောက်မှုနှုန်းတွေကိုု အထောက်အကူပြုမှာ ဖြစ်သလို ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုလည်းပဲ အများကြီးပဲ အထောက်အကူပြုမှာ ဖြစ်ပါတယ်” ဟု အခြေခံစာတတ်မြောက်ရေးကြီးကြပ်မှု ဗဟိုကော်မတီနာယက၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြိမ်းက အခမ်းအနားတွင် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ၂ဝ၁၇ နှစ် ဇွန်လ ၉ ရက်စ၍ ရက်ပေါင်း (၄ဝ)အထိ အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းကို မြောက်ဦးခရိုင်၊ ကျောက်ဖြူခရိုင်နှင် သံတွဲခရိုင် တို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြောက်ဦးခရိုင်တွင် စာသင်သား (၂၂၉ဝ)ဦးကျော်၊ နည်းပြ (၂၃ဝ) ဦး ကျော်ဖြင့် လည်းကောင်း၊ ကျောက်ဖြူ ခရိုင်တွင် စာသင်သား (၆၉ဝ)ဦး ကျော်၊ နည်းပြ (၇ဝ)ဦးကျော်ဖြင့်လည်းကောင်း၊ သံတွဲခရိုင်တွင် စာသင်သား (၂၃ဝ) ဦးကျော်၊ နည်းပြ(၃ဝ)ဦးကျော်တို့ဖြင့်လည်းကောင်း သင်ကြား၊ သင်ယူမှု လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျောင်းသား ကျောင်းသူတွေကို ကျောင်းသုံး ပစ္စည်းတွေကို အခမဲ့ ဖြန့်ဝေပေးခြင်း၊ ကျောင်းဝတ်စုံနဲ့ စာရေးကရိယာတွေကိုလည်း ထောက်ပံ့ ပေးခြင်း တို့ကို နိုင်ငံတော် အစိုးရအနေနဲ့ ပြုလုပ် နေပါတယ်။ နိုင်ငံတော်ပိုင်က ပံ့ပိုးသလို မိဘပြည်သူ များကလည်း စာတတ်မြောက်ရေး လုပ်ငန်းတွေမှာ တပိုင်တနိုင် ပါဝင်ပူးပေါင်းကြဖို့ တိုက်တွန်းလို့ ပါတယ်” အခြေခံစာတတ်မြောက်ရေးကြီးကြပ်မှု ဗဟိုကော်မတီ နာယက၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

မြန်မာနိုင်ငံအနေနှင့် စာတတ်မြောက်ရေးလုပ်ငန်းများအား ၁၉၆၃ ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၁၉၇၁ နှစ်တွင် မိုဟာမက် ရီဇာပါလာဗီဆုနှင့် ၁၉၈၃ ခုနှစ်တွင် နိုမာ ဆိုတို့အား ချီးမြင့်ခြင်းခံခဲ့ရသည်။ မြန်မာနိုင်ငံတွင် လက်ရှိ လူဦးရေ အားဖြင့် ၁ဝ ရာခိုင်နှုန်းသည် စာမတတ်သူများဖြစ်နေလျက်ရှိကြောင်း သိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...