ဒကစမှူးကားမှ ဆိုင်ကယ်အားပွတ်တိုက်မှု ဖြစ်ပွားပြီးနောက် ခရိုင်ပညာရေးဌာန ဦးစီးမှူး အရိုက်ခံရမှု တရားဥပဒေနှင့် အညီ ဖြစ်စေလို

ဒကစမှူးကားမှ ဆိုင်ကယ်အားပွတ်တိုက်မှု ဖြစ်ပွားပြီးနောက် ခရိုင်ပညာရေးဌာန ဦးစီးမှူး အရိုက်ခံရမှု တရားဥပဒေနှင့် အညီ ဖြစ်စေလို
by -
နိရဥ္စရာ
ဆိုင်ကယ်ပွတ်တိုက်မှုဖြစ်ပွားရာ စစ်ကဲလမ်းရှိ ကွမ်းယာဆိုင်ရှေ့ နှင့် ပုံ(၂) ပြသနာ ဖြစ်ပွားရာ ဦးမောင်ထွေးနေအိမ်ရှေ့
ဆိုင်ကယ်ပွတ်တိုက်မှုဖြစ်ပွားရာ စစ်ကဲလမ်းရှိ ကွမ်းယာဆိုင်ရှေ့ နှင့် ပုံ(၂) ပြသနာ ဖြစ်ပွားရာ ဦးမောင်ထွေးနေအိမ်ရှေ့
လမ်းဘေးတွင် ရပ်ထားသော ဆိုင်ကယ်အား ဒကစ မှူးကားမှ ၀င်တိုက်မိ၍ လဲကျသွားသည်ကို ဖြေရှင်းရန် လိုက်ပါသွားသူ စစ်တွေမြို့ ခရိုင်ပညာရေးမှူးရုံးမှ ဦးစီးမှူး ဦးအေးသိန်းအား ဒကစမှူးနှင့် ရင်းနှှီးသူ တစ်ဦး ဖြစ်သည့် ဦးမောင်ထွေးဆိုသူမှ ကိုယ်ထိ လက်ရောက် ရိုက်ပုတ်မှုအား တရားဥပဒေနှင့် အညီ ဖြစ်စေလိုသည်ဟု အရိုက်ခံရသူ ကာယကံရှင် ဦးအေးသိန်းက နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

“ ကျွန်တော်ဟာ ဇွန်လ ၆ ရက်နေ့ ညနေ ၈ နာရီခန့်မှာ ဘောင်ဒွတ်သားစု၊ စစ်ကဲလမ်းနဲ့ ၀င်္ကဘာလမ်းထောင့်မှာရှိတဲ့ ကွမ်းယာဆိုင်မှာ ဆိုင်ကယ်ကို လမ်းဘေးမှာ ရပ်ပြီး ကွမ်းယာ ၀ယ်စားနေပါတယ်။ အဲဒီအချိန်မှာ အနက်ရောင် ကားတစ်စီးက ကျွန်တော် ဆိုင်ကယ်ကို လျှပ်ပြီး ပွတ်တိုက်သွားတဲ့ အတွက် ဆိုင်ကယ် လဲကျသွားပါတယ်။ အခုလို လဲကျသွားပေမယ့် ဆင်းပြီး ဘာမှ မပြောဘဲ ရှေ့ကို မောင်းသွားတဲ့ အတွက် ကျွန်တော်က လိုက်ပါသွားပါတယ်။ ကားက လည်း အဝေးကို မသွားဘဲ ဓာတ်မီးတိုင် ၂ တိုင်ကျော်လောက်မှာ အထက ၂ မှ ဒေါ်သန်းသန်းစိန် အိမ်ရှေ့မှာ ရပ်ပါတယ်။ အိမ်ရှေ့မှာ ရပ်တဲ့ အတွက် အနီးလေး ပါဆိုပြီး လိုက်ပါသွားပါတယ်။ ကားထက် ပထမဆုံး အရပ်သား အဝတ်နဲ့ ဆင်းလာတဲ့ အရပ်တိုတိုနဲ့ လူတစ်ယောက်ကို ပခုံးကို လက်နဲ့ပုတ်ပြီး ခင်ဗျားတို့ ဘယ်လိုလဲ။ ကျွန်တော်ကားကိုတိုက်သွားတဲ့ အပြင် ဘာတစ်ခုမှလည်း မပြောခဲ့ပါလားဆိုပြီး ကျွန်တော်က မေးပါတယ်။ အဲဒီအချိန်မှာ သူက ခါးကြားထဲက သေနတ်ကို ထုတ်ပြီး ပြပါတယ်။ ပီးရင် ခါးကြားက သေနတ်ကို ထုတ်ပြီး ဗမာစကားနဲ့ ခင်ဗျား သေသွားချင်လားလို့ ပြောပါတယ်။ ခုလို ဖြစ်နေတဲ့ အချိန်မှာ ဆရာမ ဒေါ်သန်းသန်းစိန်ရဲ့ လင် ဦးမောင်ထွေးဆိုသူက ပြေးထွက်လာပြီး လက်ကောက်ဝတ်လောက်ရှိတဲ့ ၂ တောင်ခန့် အရှည်တုတ်နဲ့ ကျွန်တော်ကို ရိုက်ပါတယ်။ ကျွန်တော်က ရှောင်ခံပေမယ့် မျက်နာမှာ တစ်ချက်ကျတယ်။ ခေါင်းမှာ တစ်ချက်ကျတယ်။ အဲဒီအချိန်မှာ ကားထဲက တစ်ယောက်ကလည်း ဆင်းပြီး လိုက်လာတဲ့ အတွက် ၀င်္ကာဘာကွင်းဘက်ကို ခေါင်းမှာသွေးတွေ စီးကျပြီး ထွက်ပြေးခဲ့ရပါတယ်” ဟု ဦးအေးသိန်းက ဖြစ်စဉ်ကို နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

၎င်းနောက်ပိုင်း အနီးအနားမှ လူများ ဒေါ်သန်းသန်းစိန် အိမ်ရှေ့တွင် ၀ိုင်းအုံ ရောက်ရှိလာပြီး ဦးအေးသိန်းအား ရိုက်သူ ဦးမောင်ထွေးနှင့် ၀ုိင်အုံလာသူများ အကြား အပြန်အလှန် ဆဲဆိုမှုများ ရှိခဲ့ကြောင်း၊ ထိုသို့ ဖြစ်ပွားနေချိန်တွင် ပထမတွင် မော်တော်ပီကယ် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကြောင်း၊ နောက်ထပ် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဦးအေးသိန်းအား ဓာတ်ပုံများ အကြိမ်ကြိမ် ရိုက်ကြကြောင်း၊ ၎င်းနောက် စစ်တွေ အမှတ် (၂) ရဲစခန်းသို့ ရောက်ရှိပြီး အမှုဖွင့် တိုင်ကြားကြောင်း၊ ၎င်းနောက်ပိုင်း အရိုက်ခံရသဖြင့် ခေါင်းမူးလာရာမှ စစ်တွေဆေးရုံကြီးသို့ ရဲစခန်းမှ ထုတ်ပေးသည့် ဆေးစာဖြင့် ဇွန်လ ၆ ရက် ညဥ့် ၁၀ နာရီကျော်တွင် တက်ရောက်ကုသခဲ့ရပြီး ဇွန်လ ၈ ရက်နေ့ ညနေပိုင်းမှာ မူခင်းဆရာဝန်နဲ့ တွေ့ပြီး ဆေးရုံမှ ဆင်းလာခဲ့ကြောင်း ဦးအေးသိန်းက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်တွေမြို့နယ် မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသန်းကျော် အား နိရဥ္စရာမှ ဆက်သွယ် မေးမြန်းရာ ဒဏ်ရာမှာ မပြောပလောက်သဖြင့် အမှုဖွင့်ခြင်း မရှိဘဲ သာမန် အမှုအနေဖြင့်သာ မှတ်တမ်းတင်ထားကြောင်း ပြောဆိုသည်။

“ တုတ်နဲ့ ရိုက်တာ မဟုတ်ပါ။ ဘာနဲ့ ရိုက်သလဲဆိုတာ ဒဏ်ရာကို ကြည့်ရင် သိနိုင်ပါတယ်။ တစ်ခုတောင် မရှိ၊ အရေပြား ပွန်းရုံသာ ပွန်းပါတယ်။ ကျွန်တော်တို့က ဆေးစာပေးလိုက်တယ်။ ဆေးရုံကို တက်စရာမလိုဘူး။ တိမ်ကျာရေနဲ့ တို့ရုံသာပါ။ သူ့ဟာကို သူတက်တာပါ။ အမှုဖွင့်လို့ မရဘူးဆိုတာက ရဲမပိုင်မူ၊ သာမန် ဒဏ်ရာပါ။ ဒကစမှူးနဲ့ဖြစ်တာလည်း မဟုတ်ဘူး။ ဆိုင်ကယ်ကို လမ်ဘေးမှာ စည်းကမ်းမရှိ ရပ်ထားတယ်။ ကားမှ နည်းနည်း လေးတိုက်သွားတာပါ။ ဆိုင်ကယ်လည်း ဘာမှ ဖြစ်တာမဟုတ်ဘူး။ ဒကစမှူးကို သူက မင်းဘာကောင်လဲ ညာကောင်ကောင်လဲ ဆိုပြီး သွားဆွဲတော့ ပွင့်ပွင်လင်းလင်း ပြောရရင် လက်သည်းရာက ကုပ်မိတာတွေ ရှိကောင်း၊ ရှိနိုင်ပါတယ်။ ဘယ်ဘက်မှာ မျက်ခုံးမှာ တစ်ခု၊ နောက်ကျောမှာ တစ်ချက်ပါ” ဟု ပြောဆိုသည်။

ဆရာမ ဒေါ်သန်းသန်းစိန် ယောင်္ကျားဖြစ်သူ ဦးမောင်ထွေးက တုတ်ဖြင့် ရိုက်သည်ဟု ဆိုခြင်းမှာလည်း မမှန်ကန်ကြောင်း၊ တုတ်နှင့်သတ်သည်ကိုလည်း မိမိတို့က မမြင်ကြောင်း၊ အခင်း ဖြစ် ချိန်မှာ မိမိတို့ မရှိ၍ မသိကြောင်း၊ လူတစ်ယောက်ကို တုတ်နှင့်ရိုက်လျှင် မည်သို့ ဖြစ်သွားမည်ကို လူတိုင်း သိပါကြောင်း၊ မိမိတို့ အနေဖြင့် အမှုဖွင့်၍ မရကြောင်း၊ အထက် လူကြီး က ခွင့်ပြုချက် (က) (ခ) ပုံစံနဲ့ ပို့ပေးမည် ဖြစ်ကြောင်း၊ ၀တ္တရား နှောင့်ယှက်မှုများ ဖြစ်လာနိုင်ကြောင်း၊ ဒကစမှူး၏ အကျီင်္ိကို ဆွဲလားငင်လား လုပ်ရာမှ ဒကစမှူး အသိမိတ်ဆွေမှ ရိုက်ပုတ်ခြင်းလည်း ဖြစ်နိုင်ကြောင်း၊ ဒကစမှူးမှ တစ်စုံတစ်ရာ ပြုလုပ်ခြင်း မရှိကြောင်း၊ ဆွဲလား၊ ပြုလား လုပ်လျှင် မည်သူက သည်းခံ နိုင်မလဲဆိုသည်ကို အကောင်းမြင် ၀ါဒနဲ့ တွေးကြည့်သင့်ကြောင်းဖြင့် မြို့နယ်မှူး ဦးသန်းကျော်က ဆက်လက် ပြောကြားသည်။

ယခု ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ပညာရေးဌာန၏ သဘောထားကို သိရှိနိုင်ရန် စစ်တွေခရိုင် ပညာရေးမှူး ဦးသက်လေးဦးကို ဆက်သွယ် မေးမြန်းရာ ယခုအမှုအား ကာယကံရှင်၏ ဆန္ဒအရ ဥပဒေနှင့် အညီ ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း ပြောကြားသည်။

“ အခင်း ဖြစ်ပွားပြီးနောက်တစ်နေ့မှာ မနက်မှာ သက်ဆိုင်ရာ ဌာနတွေကို ကျွန်တော်သွားမေးထားတာရှိပါတယ်။ ကွမ်းယာ ၀ယ်စားတော့ ကွမ်းယာဆိုင်ရှေ့မှာ ဆိုင်ကယ် ရပ်ထားပါတယ်။ သူတို့ အပြောအရ ဆိုင်ကယ်ကို လမ်းပေါ်မှာ ရပ်ထာတဲ့ အနေ့အထား မရှိပါဘူး။ မျက်မြင်တွေ အပြောအရပေါ့နော်။ ဆိုင်ကယ်ကို ကားက ပွတ်တိုက်သွားတော့ ဆိုင်ကယ်ကလဲသွားတယ်။ ဆရာ ဦးအေးသိန်းက ကားနောက်ကို လိုက်သွားပါတယ်။ ကားက ရှေ့ ဓာတ်တိုင် နှစ်တိုင်မှာ အကွာလောက်မှာ ရပ်သွားပါတယ်။ ကားနဲ့ တိုက်မိတဲ့ အတွက် ဆိုင်ကယ်လဲ သွားတဲ့အပေါ် ဆင်း မေးတော၊ တောင်းပန်တာတွေ မရှိတဲ့ အတွက် ဆရာဦးအေးသိန်းက စိတ်ဆိုးကောင်း ဆိုးနိုင်ပါတယ်။ လေသံလည်း မာကောင်း မာနေနိုင်ပါတယ်။ အဲဒီ ဟို ပုဂ္ဂိုလ်က သေနတ်နဲဲ့ ထုတ်ချိန်ပြီး သူ့ကို မင်းသေသွားချင်လားဆိုပြီး လုပ်တယ်လို့ ဦးအေးသိန်းက ကျွန်တော်ကို ပြောပြပါတယ်။ အဲဒီ အချိန်မှာ အိမ်ထဲက ပြေးထွက်လာတဲ့ ပုဂ္ဂိုလ်က ဦးအေးသိန်းကို တုတ်နဲ့ ရိုက်တယ်လို့ ဆိုပါတယ်။ ရိုက်တဲ့ အနေအထားကို ကျွန်တော် ဆေးရုံကို သွားကြည်တော့ ညာဘက် ဂျိုးစောင်းလည်း ပေါက်သွားတယ်။ နောက် တစ်ခါ ဘယ်ဘက် မျက်လုံးအောက်ဖက်လည်း ပေါက်သွားတယ်။ နောက်ပြီး ရိုက်တာကို ကာလိုက်တဲ့ ညာဖက် လက်လည်း တော်တော်လေး နာနေတယ်လို့ ဦးအေးသိန်းက ဆေးရုံပေါ်မှာ ကျွန်တော်ကို ပြောပါတယ်။ ကျွန်တော် ရဲစခန်းကို သွားမေးတော့လဲ ဒီ သေနတ်နဲ့ ထုတ်ချိန်တဲ့သူဟာ ဒကစမှူးလို့ ပြောပါတယ်။ နောက်ပီး ကျွန်တော် ၀န်ထမ်း ဦးအေးသိန်းက လမ်းပေါ်မှာ ဆိုင်ကယ် ရပ်ထားပြီးတော့ ဒါကို ဖြစ်သွားတဲ့ အနေအထားမှာ ဒကစမှူး မချေမငံ ပြောဆို တာပေါ့။ အခု ဆိုင်ကယ်ကိုလည်း ရဲစခန်းမှာ သိမ်းထားပါတယ်။ အဓိကတော့ ဆိုင်ကယ်ကို တိုက်သွားတာကို မမေးမိတဲ့ အတွက် ခုလို ဖြစ်သွားရတာ လို့ ပြောလိုပါတယ်” ဟု ပြောဆိုသည်။

တုတ်နဲ့ ရိုက်တာ မှန်ကန်ကြောင်း၊ ဘောက်သီးစု အုပ်ချုပ်ရေးမှူးအား သွားရောက် မေးမြန်းရာတွင် ၀ါးလုံးပိုင်းနဲ့ ရိုက်တာမှန်ကန်သည်ဟု ပြောကြားကြောင်း၊ အမှန်အတိုင်း ဖြစ်စေလိုကြောင်း ခရိုင် ပညာရေးမှူးက ပြောကြားသည်။

စစ်တွေခရိုင် ပညာရေးမှူးရုံးမှ ဦးစီးမှူး ဦးအေးသိန်းအား ရိုက်သူ ဦးမောင်ထွေး (၅၄) နှစ် အိမ်သို့ သွားရောက်မေးမြန်းရာ သူက “ ဖြစ်တာကတော့ ၈ နာရီကျော်လောက်မှာ ကျွန်တော့်သူငယ်ချင်း ဒကစမှူးက ကျွန်တော့်အိမ်ကို လာနေကျပါ။ ကျောင်းတုန်းက သူငယ်ချင်းတွေပါ။ ကျွန်တော့်အိမ်ကို ကားနဲ့လာတော့ ကျွန်တော်က အိမ်နောက်ဖက်မှာ ရေသွားသောက်နေတယ်။ ကျွန်တော်ထွက်လာတော့ အဲဒီ လူ (ဦးအေးသိန်း) က ကျွန်တော့်သူငယ်ချင်းကို အကျီင်္ဆွဲပြီး လက်သီးနဲ့ ထိုးဖို့ ချိန်ရွယ်နေတာကိုတွေ့ပါတယ်။ အဲဒါကြောင့် ကျွန်တော်က ပြဿနာဖြစ်မှာ စိုးလို့ ဝင်းပြီး ထိုးပစ်တာပါ။ နှစ်ချက်လောက်ကိုတော့ မှတ်မိတယ်။ သွေးပူးနေတာဆိုတော့ ကျန်တာကိုတော့ မမှတ်မိတော့ဘူး။ ကျွန်တော်ကတော့ ပြဿနာမဖြစ်ချင်ဘူး။ ဝန်ထန်းတွေဆိုတော့ အလုပ်တွေကိုထိခိုက်မှာလည်းစိုးရိမ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်ကတော့ တရားမစွဲဖို့ ဆုံးဖြတ်ချက်ချထားပါတယ်” ဟု သူက ပြောသည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...