အထောက်အထားမဲ့ နိုင်ငံခြားလုပ်သားများကို လုပ်အားခရှင်းပြီး နေရပ်ပြန်ပို့ဖို့ တရုတ်အစိုးရ ထုတ်ပြန်

အထောက်အထားမဲ့ နိုင်ငံခြားလုပ်သားများကို လုပ်အားခရှင်းပြီး နေရပ်ပြန်ပို့ဖို့ တရုတ်အစိုးရ ထုတ်ပြန်

မြန်မာ-တရုတ်နယ်စပ် အဓိကကုန်သွယ်မြို့တမြို့ဖြစ်တဲ့ ဝမ်တိန်မြို့မှာ အထောက်အထားမဲ့နေထိုင်တဲ့ နိုင်ငံခြားသားလုပ်သားများကို အောက်တိုဘာ ၅ ရက်နေ့ကစပြီး နေရပ်ပြန်ပို့ရန် တရုတ်အစိုးရက အောက်တိုဘာ ၄ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဝမ်တိန်က နိုင်ငံခြားလုပ်သားများကိုခန့်ထားတဲ့ လုပ်ငန်းရှင်၊ ကုမ္ပဏီတွေအနေနဲ့ ပေးရမယ့်လုပ်အားခများကို အောက်တိုဘာလ ၄ ရက်ည အပြီးရှင်းပေးပြီး ၅ ရက်နေ့ကစတင်ကာ အထောက်အထားမဲ့များကို နေရပ်ပြန်ဖို့ရန်အတွက် သက်ဆိုင်ရာကို အကြောင်းကြားဖို့ ဆိုထားပါတယ်။

"ဝမ်တိန်ဘက်က နိုင်ငံခြားသားအလုပ်သမားတွေကို ပေးစရာရှိတဲ့ လစာတွေ အပြတ်ရှင်းပေးပြီး ဒီမနက် ၈ နာရီမှာ နိုင်ငံခြားသားတွေကို ပြန်ပို့မှာလို့သိရတယ်" လို့ မြန်မာနိုင်ငံသား ၁ ဦးက ပြောပါတယ်။

ဝမ်တိန် နယ်မြေအတွင်းရှိ သက်ဆိုင်ရာ ရဲစခန်းကနေ စာရင်းကောက်ပြီး ပြန်ပို့သွားမှာဖြစ်ကြောင်းလည်း အဲဒီအသိပေးကြေငြာစာမှာ ဖော်ပြထားပါတယ်။

လက်ရှိ ဝမ်တိန်မှာ အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ၁ ဦးက အခက်အခဲကြုံတွေ့နေရကြောင်း "နေထိုင်ခွင့်သက်တမ်းက လွန်နေပြီ။ လုပ်လက်စအလုပ်တွေ အများကြီးကျန်သေးတယ်။ ပြန်လာလို့ လုံးဝမဖြစ်သေးဘူး။" လို့  ပြောပါတယ်။

COVID-19 ကပ်ရောဂါကြောင့် တရုတ်ဘက်ခြမ်းမှာ lockdown ချလိုက်ပြီးနောက် သက်ဆိုင်ရာရုံးတွေလည်း ပိတ်ထားခဲ့ရတာပါ။ ဒါကြောင်လည်း နေထိုင်ခွင့် အထောက်အထားပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းလုပ်ငန်းတွေကို မလုပ်နိုင်ဘဲ သက်တမ်းကျော် တရားမဝင်မှုတွေ ဖြစ်နေတယ်လို့ မြန်မာလုပ်သားတွေက ပြောပါတယ်။

တရုတ်ဘက်က COVID-19 ကပ်ရောဂါအကြောင်းပြချက်နဲ့ ကျယ်ဂေါင်မြို့က မြန်မာနိုင်ငံသားတွေကို ပြန်ပို့နေတာကြောင့် တရုတ်နယ်စပ်ဒေသမှာ မှီခိုအသက်မွေးဝမ်းကြောင်းပြုနေရတဲ့ ပြည်သူတွေဟာ အခက်အခဲမျိုးစုံ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ရွှေလီနဲ့ ကျယ်ဂေါင်မှာ ရင်းနှီးမြှုပ်နှံထားကြတဲ့ ကျောက်ကုန်သည်များ၊ လုပ်ငန်းရှင်ကြီးများကတော့ တရုတ်အာဏာပိုင်းများက နယ်စပ်ဂိတ်ပေါက် ပြန်ဖွင့်လှစ်မယ့်အချိန်ကို မျှော်လင့်ပြီး နှစ်နိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မှာ ဖြစ်သလိုနေပြီး စောင့်ဆိုင်းသောင်တင်နေကြရတာလည်း ဖြစ်ပါတယ်။

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...