ထီးချိုင့်မြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူး အားလုံးနီးပါး နုတ်ထွက်

ထီးချိုင့်မြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူး အားလုံးနီးပါး နုတ်ထွက်

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ တာဝန်ခံနှင့် ရာအိမ်မှူးများအားလုံးနီးပါးခန့် နုတ်ထွက်သွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

"အမှတ် (၁) ဥက္ကဌ ဦးကျော်ထူးကို local pdf အဖွဲ့ကနေ ရှင်းလင်းပြီးတော့ သတိပေးလိုက်တဲ့ နောက်နေ့ကစပြီးထွက်ကြတာဘဲ ခုကုန်သလောက်ရှိနေပြီ" လို့ ဒေသခံတစ်ဦးက ပြောသည်။

ထီးချိုင့် မြို့နယ်တွင် ကျောက်ပေါက်ချောင်းရွာ၊ ကွမ်းဘောင်၊‌ လေသာကုန်း၊ ချိတ်သင်၊ ရေသိမ်၊ အောင်ဇေယျ၊ ကျက်သရေချောင်း၊ ဆင်ဖြူဆိပ်၊ ဇီးသောင်၊ ကျောက်မှော်၊ ဆပ်ကျ၊ ကွင်းကြီး၊ ပေါက်နက်၊ နီတာ၊ စစ်တန်း၊ ကမ်းနီ၊ ကြက်တကောင်၊ ကမ်းနီ၊ ရေဝ၊ သခွတ်‌ချောင် ကျေးရွာအုပ်စုများအပါအဝင် ကျေးရွာပေါင်း (၁၁၉) ရွာရှိကာ ကျေးရွာအုပ်စုပေါင်း (၂၉) စုရှိသည့်အနက် နုတ်ထွက်ခြင်းမရှိသေးသည့် ကျေးရွာ (၂) ရွာနှင့် မြို့ပေါ်ရပ်ကွက် (၁) ခုသာ ကျန်ရှိတော့ကြောင်း သိရသည်။

"ခုကျောက်အိုက်နဲ့မုတ်ဝကျန် ရွာ (၂) ရွာကျန်တယ်။ ပြီးတော့ မြို့ပေါ်က အမှတ် (၅) ရပ်ကွက်ကျန်မယ် ကျန်တာတော့ အကုန်ထွက်ပြီ" ဟု နီးစပ်သူများက ပြောသည်။

ထီးချိုင့်မြို့နယ်တွင် Local PDF မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား ရာထူးမှ နုတ်ထွက်ကြရန် စက်တင်ဘာလ (၁၇) ရက်နေ့ ရက်စွဲဖြင့် သတိပေးထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ထီးချိုင့်မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများအနေဖြင့် အမှတ် (၁) အုပ်ချုပ်ရေးမှူး ကျော်ထူးကဲ့သို့ အသက်မရင်းလိုပါက အုပ်ချုပ်ရေးမှူးရာထူးမှ အမြန်နုတ်ထွက်ကြရန် သတိပေးထားသည်။

ဒေသခံများ၏ ပြောချက်အရ လက်ရှိ ထီးချိုင့်မြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ကုန်သည့်အတွက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ပျက်စီးနေပြီဖြစ်ကြောင်း ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အချို့ဒေသများတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ သတ်ခံရမူများလည်း များစွာရှိနေဆဲဖြစ်သည်။

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...