ကုန်စျေးနှုန်းတက်မှုကြောင့် ကချင်ပြည်သူများ အခက်အခဲကြုံနေရ

ကုန်စျေးနှုန်းတက်မှုကြောင့် ကချင်ပြည်သူများ အခက်အခဲကြုံနေရ

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း ကုန်စည်ကားသွားလာမှု နည်းပါးလာခြင်းကြောင့် ကုန်ဈေးနှုန်း ပိုမိုမြင့်တက်လာကြောင်း စျေးရောင်းနေသူများထံမှ သိရသည်။

“ဇူလိုင်လကနေထင်တယ် ဈေးတွေတက်လာလိုက်တာ။ ကိုယ်ကရောင်းတဲ့သူဆိုတော့ ပိုပြီးတောင် စိတ်ညစ်ရတယ်။ တစ်ဆင့်ဖောက်သည်ဈေးယူတာ ဈေးကကြီးနေပြီ အမြတ်ပြန်တင်ရောင်း ၃၀၀-၅၀၀ မြတ်ပေါ့။ ဟိုဘက်ကမ်း ရှဒေါင်နဲ့ မိုင်းနားဘက်ကနေ ယူရောင်းတာ ကားကအရင်လို အဝင်အထွက် သိပ်မရှိတော့ဘူး။ အရင်ဈေးထက်တော့ ၂ ဆလောက်ကွာ တတ်သွားတယ်။ ဖောက်သည်ဈေးယူကတည်းကကို ဈေးက တတ်နေပြီ။” ဟု မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။

မြစ်ကြီးနားမြို့ပေါ်တွင် ယခင်က ငွေတိုး-ဆန် တစ်အိတ် ၃ သောင်းစျေး လက်ရှိ ၄ သောင်းကျော်နေပြီ၊ ဆီ ၁ ပိဿာယခင်က ၆ ထောင် ယခု ၉ထောင်ကျော်၊ ကြက်သွန် ၁ ပိသာာ ယခင် ၁ ထောင် ယခု ၄ ထောင် ပေးနေရသည်ဟု ဆက်ပြောသည်။

ထို့အတူ ဓါတ်ဆီ ဒီဇယ်စျေးလည်း အမြင်ဆုံးတက်နေသည့်အတွက် ဆက်လက်မှာယူရောင်းချရန် ခက်ခဲလာသည်ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

“ကျနော်တို့ ဒီအတောအတွင်းတော့ ဆိုင်ဝန်ထမ်းကလေးတွေရဲ့ လခနဲ့ စားသောက်စရိတ်လောက်ပဲရအောင် ရှာသလောက်ပဲရှိတယ်။ ဘယ်လိုမှလဲ မတတ်နိုင်တော့ဘူး။ ဈေးက တက်ပဲတက်နေတယ်။ ဆီကုန်လို့ပြန်မှာ ပိုတောင်ဈေးတက်သွား။ အခု ၁၀ လပိုင်းမှာတော့ နဲနဲတော့ ကျလာတယ်။” ဟုပြောသည်။

လမ်းခရီးသွားလာမှုခက်ခဲသည့် ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုဒေသတွင်လည်း အာဏာသိမ်းစစ်ကောင်စီမှ ဂိတ်များတွင် ကားများ ဖြတ်သန်းသွားလာခွင့်ကို တင်းကြပ်လိုက်သည့်အတွက် ကုန်ဈေးနှုန်းမြင့်တတ်မှုနှင့် ကြုံနေရတယ်လို့ ပူတာအိုဒေသခံက KNG သတင်းဌာနကို ပြောပါသည်။

“ကုန်ဈေးနှုန်းတတ်တာက အဓိကတော့ အရင်လို ကားအဝင်/အထွက် သိပ်မရှိတော့ဘူး။ ဆွမ်ပရာဘွမ်မှာလည်း ကားတစ်စီးပြီးမှတစ်စီး ဖြတ်ခိုင်းတယ်။ အဲလိုတင်းကြပ်လိုက်တာကြောင့် ပူတာအိုက အရင်ဝင်သလောက် မဝင်နိုင်တော့တာ။ စစ်တပ်ကလည်း ဂိတ်တွေမှာ ညဘက်ဆို မသွားခိုင်းတော့ဘူး။ ကုန်စည်စီးဆင်းမှုက မြန်မြန်မရောက်နိုင်ဘူး။” ဟု ပြောသည်။

ထို့အပြင် ပူတာအိုဒေသတွင် ယခုနှစ်တောင်ယာစပါးခင်းအများစုတွင် စပါးဖျက်နှံကောင် ကျရောက်ခဲ့သောကြောင့် လာမည့်နှစ်တွင် စပါးပြတ်လတ်မှာကို စိုးရိမ်နေကြသည်။

ကချင်ပြည်နယ်အတွင်း ပိုမိုဝေးလံခေါင်ဖျားသော ခေါင်လန်ဖူးနှင့် ဆော့လော်ဒေသများမှာ နှစ်စဉ် ဆန်ပြတ်လောက်မှုကြောင့် မြစ်ကြီးနားဘက်က ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်သည်။

တရုတ်နယ်စပ်ပြည်သူများမှာ မြန်မာငွေစျေးကျမှုကြောင့် နေ့စဉ်ဝမ်းရေးအတွက် အခက်အခဲပိုတွေ့နေကြောင်း ပြောဆိုနေကြသည်။

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...