ရိက္ခာပြန်လာယူတဲ့ စစ်ဘေးရှောင်ပြည်သူတစ်ဦး မိုင်းနင်းမိပြီး ညာခြေထောက်ဆုံးရှုံး

ရိက္ခာပြန်လာယူတဲ့ စစ်ဘေးရှောင်ပြည်သူတစ်ဦး မိုင်းနင်းမိပြီး ညာခြေထောက်ဆုံးရှုံး

ဒီကနေ့ အောက်တိုဘာလ ၂ ရက်နေ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာမှာ ရိက္ခာပြန်လာယူတဲ့ စစ်ဘေးရှောင်ပြည်သူ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ညာခြေထောက် ဆုံးရှုံးလိုက်ရတယ်လို့ သိရပါတယ်။

"လမ်းမကြီးဘေးနားမှာ ထောင်ထားတာ လမ်းခင်းတဲ့ကျောက်ခဲနား အိမ်ထဲအဝင် မြေသားနားမှာ သွားနင်းမိတာလို့ကြားတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုင်းထိမှန်သူအမျိုးသမီးမှာ အသက် ၄၀ကျော်အရွယ်ရှိသူဖြစ်ပြီး ကုန်းသာကျေးရွာမှာ နေထိုင်တဲ့ဒေသခံတစ်ဦးဖြစ်ပြီး ရိက္ခာပြန်လာယူရင်း အကြမ်းဖက်ကောင်စီတပ်မှ ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဆေးကုသမှုခံယူနေပြီး အခြေအနေအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။

ပြီးခဲ့တဲ့တစ်ပတ်အတွင်း ဒီးမော့ဆိုမြို့ ကုန်းသားကျေးရွာ၊ သေးဆူလဲကျေးရွာမှာ ကရင်နီပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသခံ ၅ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့သလို အလားတူ မြေမြုပ်မိုင်းနင်းမိတဲ့ ဒေသခံအမျိုးသားတစ်ဦးလည်း ရှိခဲ့ပါတယ်။

August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...
August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...
(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...