လက္ကာရွာသားများကို စွဲဆိုထားသည့် အမှုသုံးခုအနက် လက်နက်အရေးပေါ် (ယာယီ) အမှုအတွက် လာမည့်ရုံးချိန်းတွင် စွဲချက်မိန့်ချမည်

လက္ကာရွာသားများကို စွဲဆိုထားသည့် အမှုသုံးခုအနက် လက်နက်အရေးပေါ် (ယာယီ) အမှုအတွက် လာမည့်ရုံးချိန်းတွင် စွဲချက်မိန့်ချမည်

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးတရားစွဲဆိုခံထားရသည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသားများကို စွဲဆိုထားသည့်အမှုသုံးခုအနက် ၁၉၄၉ လက် နက်ရေးအပေါ် (ယာယီ) ဥပဒေပုဒ်မ ၂၁ (က) အမှုအား လာမည့်ရုံးတွင် စွဲချက်မိန့်ချသွားမည်ဖြစ်ကြောင်း မင်းထီး Law Firm ရှေ့နေအဖွဲ့မှ သိရသည်။

လက္ကာကျေးရွာသားများကို အောက်တိုဘာလ ၁ ရက်နေ့က ရုံးထုတ်ရာခဲ့ရာ အဆိုပါ လက်နက်ရေးပေါ် (ယာယီ) အမှုနှင့်ပတ်သက်၍ ရှေ့နေကိုယ်စားလှယ်လွှဲစာတင်ခဲ့ပြီး လာမည့် အောက်တိုဘာ ၇ ရက်နေ့ ရုံးချိန်းတွင် စွဲချက်မိန့်ချမှတ်သွားမည်ဟု မင်းထီး Law Firm အဖွဲ့ ပြန်ကြားရေးတာဝန်ခံရှေ့နေ ဦးခိုင်သန့်ဇင်က ပြောသည်။

“မနေ့က လက်နက်အရေးပေါ်မှုနဲ့ပတ်သက်လို့ ပါဝါတင်ခဲ့တယ်။ နောက်နေ့ရုံးချိန်းမှာတော့ အမှုနဲ့ပတ်သက်လို့ စွဲချက်တင်သင့်မတင်သင့် အမိန့်တစ်ရပ်ကို ချမှတ်သွားမှာဖြစ်တယ်” ဟု ပြောသည်။

မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၂ ဦးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ် ၅၀(က)၊ ၅၀(စျ)၊ ၅၂(က)၊ ၅၄ ၊ ၁၉၄၉ လက်နက်အရေးပေါ် (ယာယီ) ဥပဒေပုဒ်မ ၂၁ (က) နှင့် အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မတို့ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

အမှုသုံးခုထဲမှ ကျန်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ အမှုနှစ်ခုနှင့်ပတ်သက်၍လည်း လာမည့်အောက်တိုဘာလ ၇ ရက်နေ့တွင် ရှေ့နေလွှဲစာတင်ကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

လက္ကာကျေးရွာသားနှင့်ပတ်သက်၍ အမိန့်ချမည်ဟုသိရှိရသဖြင့် မျှော်လင့်ချက်နှင့်ရုံးချိန်းသို့ ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူ ကိုထွန်းအေးကျော်မိခင် ဒေါ်ဦးစံစိန်ကပြောသည်။

“သားနဲ့လည်း မတွေ့ဖြစ်တာကြပြီ ဆိုပြီး လာခဲ့တာ။ အမိန့်ချမယ်ဆိုလို့လာခဲ့တာ အမိန့်မချတော့ဘဲ ရုံးပြန်ချိန်းလိုက်တယ်။ ဒီကိုတစ်ခေါက်လာဖို့မလွယ်ဘူး။ သူများဆီကငွေချေးပြီးလာခဲ့တာ။ အခုတော့ မျှော်လင့်ချက်နဲ့  တခြားစီဖြစ်သွားပြီ” ဟု ပြောသည်။

၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ရက္ခိုင့်တပ်တော် ULA/AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာ ထားခြင်းအား ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ပြီး နောက်ပိုင်းမှစ၍ အကြမ်းဖက်မှုဥပဒေဖြင့် တရားစွဲခံထားရသူများ ပြန်လည်လွတ်မြောက်မည်ကို မိသားစုဝင်များက မျှော်လင့်နေကြခြင်းဖြစ်သည်။

“အမှုကို စစ်ကောင်စီက ရုပ်သိမ်းတယ်လို့လည်း ပြောတယ်။ အခုထိအမှုက ဆောင်ရွက်နေတုန်းပဲ အဲဒါဘယ်လိုမျိုးလဲ ကျွန်မတို့လည်းမသိတော့ဘူး။ စစ်တပ်က စာထုတ်ထားတာ ဘာတစ်ခုမှ အဓိပ္ပာ မရှိဘူးလို့ပြောချင်တယ်။ လက္ကာရွာသားတွေကို အားလုံးတူတူကိုပဲ လွှတ်ပေးစေချင်ပါတယ်” ဟု လက္ကာကျေးရွာမှ ဖမ်းဆီးခံရသူ ကိုဦးလှမောင် (၂၄) နှစ်၏ မိခင်ဖြစ်သူ ဒေါ်စံသာနုက ပြောသည်။

လက္ကာကျေးရွာသား ၂၀ ကျော်မှာ ၂၀၁၉ ခုနှစ် ဧပြီလအတွင်းကတည်းက သံသယဖြင့်ဖမ်းဆီးခံခဲ့ရပြီး တရားရင်ဆိုင်နေရသည်မှာ လက်ရှိတွင် ၃ နှစ်နီးပါးအထိ ကြာမြင့်ခဲ့ပြီဖြစ်သည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် (၂) နှစ်တာကာလ အတွင်းမှာ AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် တရားစွဲခံရသူ ၂၀၀ ကျော် ဦးအထိရှိခဲ့ကြောင်း သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်း၏ စာရင်းအရ သိရသည်။

AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုဖြင့် တရားစွဲခံထားရသူ၏ အမှုအချို့ကို စစ်ကောင်စီက ရုပ်သိမ်းပေးမှုများရှိလာခဲ့သည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုဖြင့် တရားစွဲခံထားရသည့် ကလေးသူငယ်အမှု ၁၇ မှုကို စစ်ကောင်စီက ရုပ်သိမ်းပေးခဲ့ကာ စက်တင်ဘာလအတွင်းကလည်း အကြမ်းဖက်မှုနှင့် တရားရင်ဆိုင်နေရသူ ၃၀ ကျော် လွတ်မြောက်ခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်း အကြမ်းဖက်မှုဖြင့် တရားစွဲခံထားရသူ ၁၆၀ ကျော် လွတ်မြောက်ရန်ကျန်ရှိနေသေးကြောင်း ဖမ်းဆီးခံရသူများ၏ စာရင်းကို ကောက်ယူထားသည့် အဖွဲ့အစည်းများ၏မှတ်တမ်းအရသိရသည်။

 
 

 

 

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...