သမ္မတလွတ်ငြိမ်းချမ်းသာခွင့့်ဖြင် လွတ်မြောက်လာသူ ဘင်္ဂလာဒေ့ရှ် နိုင်ငံသား ၃၃ ဦးကို ပြန်လည်ပို့ဆောင်

သမ္မတလွတ်ငြိမ်းချမ်းသာခွင့့်ဖြင် လွတ်မြောက်လာသူ ဘင်္ဂလာဒေ့ရှ် နိုင်ငံသား ၃၃ ဦးကို ပြန်လည်ပို့ဆောင်
by -
နိရဥ္စရာ
ဇွန်လ ရ ရက်နေ့က ပြန်ပို့သည့် ဘင်္ဂလာဒေ့ရှ် ၅ ဦးကို ရန်ကုန်လေဆိပ်တွင်တွေ့ရစဉ်/ ဓာတ်ပုံ- ဘင်္ဂလာဒေ့ရှ် သံရုံး
ဇွန်လ ရ ရက်နေ့က ပြန်ပို့သည့် ဘင်္ဂလာဒေ့ရှ် ၅ ဦးကို ရန်ကုန်လေဆိပ်တွင်တွေ့ရစဉ်/ ဓာတ်ပုံ- ဘင်္ဂလာဒေ့ရှ် သံရုံး
နိုင်ငံတော် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မေလ ၂၄ ရက်နေ့က လွတ်မြောက်လာသူ နိုင်ငံခြားသား ရ၃ ဦးထဲတွင် ဘင်္ဂလာဒေ့ရှ် နိုင်ငံသား ၃၃ ဦး ပါ၀င်ရာ အခုအခါ သူတို့ကို မိခင် နိိုင်ငံသို့ စတင်ပြန်လည် ပို့ဆောင်နေပြီဟု သတင်းရရှိသည်။

တနင်္သာရီတိုင်း ထားဝယ်ထောင်မှ လွတ်မြောက်လာသူ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၅ ဦးကို ဇွန်လ ရ ရက်နေ့က ရန်ကုန်မြို့မှ ဒက္ကားမြို့သို့ ဘီမန်လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့ရှိ ဘင်္ဂလာဒေ့ရှ် သံရုံးက ပြန်လည် ပို့ဆောင်ပေးခဲ့သည်ဟု The Daily Star တွင် သတင်းဖော်ပြသည်။

သံတွဲထောင်မှ လွတ်မြောက်လာသူဘင်္ဂလာဒေ့ရှ် ငါးဖမ်းသမား ၉ ဦးကို ယခုအခါ သံတွဲမှ ရန်ကုန်ခေါ်ဆောင်လာပြီး ယခုလ ၁၂ ရက်နေ့တွင် ဘင်္ဂလာဒေ့ရှ်သို့ လေယာဉ်ဖြင့် ထပ်မံ ပို့ဆောင်မည်ဟု သိရသည်။

နောက်ထပ် ကျန်ရှိနေသူ ၁၉ ဦးအား ဇွန်လ ၁၅ ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပြို နယ်စပ်ဂိတ်မှ ဘင်္ဂလာဒေ့ရှ်ဘက်သို့ လွဲပြောင်းရန် စစ်တွေရှိ ဘင်္ဂလာဒေ့ရ်ှ ကောင်စစ်ဝန်ရုံးမှ စီစဉ်နေကြောင်း သိရသည်။

ဘင်္ဂလာဒေ့ရှ် နိုင်ငံအနေဖြင့် ရေပိုင်နက် ကျူးကျော်မှုဖြင့် ဖမ်းဆီးခံထားရသူ ငါးဖမ်းသမား ၉၂ ဦးကို ၂၀၁၆ ခုနှစ်က လွတ်ငြိမ်းချမ်းသာခွင့့်ဖြင့် လွတ်ပေးခဲ့ဟု သတင်းတွင် ဖော်ပြထားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံကို ကြိုဆိုသောအားဖြင့် နိုင်ငံသား အကျဉ်းသား ၁၈၆ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ရ၃ ဦးတို့ကို နိုင်ငံတော် သမ္မတမှ မေလ ၂၃ ရက် နေ့စွဲဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...