မြန်မာငွေစျေး ကျဆင်းတာကြောင့် နယ်စပ်ကုန်သည်အချို့ လုပ်ငန်းရပ်နားထားရ

မြန်မာငွေစျေး ကျဆင်းတာကြောင့် နယ်စပ်ကုန်သည်အချို့ လုပ်ငန်းရပ်နားထားရ

တရုတ်နယ်စပ်မှာ မြန်မာငွေတန်ဖိုး စျေးကျမှုကြောင့် လုပ်ငန်းရှင်ကုန်သည်အချို့ တရုတ်ကုန်ပစ္စည်းရောင်းဝယ်မှု ရပ်နားထားရတယ်လို့ သိရပါတယ်။

နယ်စပ်ကနေ အိမ်သုံး ကုန်ပစ္စည်းရောင်းချနေရတဲ့ လားရှိုးဒေသခံတစ်ဦးကတော့ "ရောင်း/၀ယ်ဖို့ အရမ်းခက်ခဲသွားပြီ။ ငွေစျေးက ဆက်တိုက် တက်နေတော့ မလုပ်တတ်တော့ဘူး။ ခုရှိတာတွေ ထုတ်ရောင်းလိုက်ရင်လဲ ပြန်ဝယ်ရင်ရှုံးတယ်။ စိတ်ဓါတ်ကျနေတယ်။ မရောင်း ပိတ်ထားမှ ရတော့မယ်" လို့ ပြောပါတယ်။

ယနေ့ အောက်တိုဘာ ၁ ရက်နေ့မှာတော့ တရုတ်ငွေယွမ် ၁၀၀ ကို မြန်မာငွေ ၃၁၀၀၀ ထိ ရှိနေတယ်လို့ ဆိုပါတယ်။

ကုန်သည်များအနေနဲ့လည်း နိုင်ငံခြားငွေလဲနှုန်း ပုံမှန်အနေအထားပြန်ရမှသာ လုပ်ကိုင်စားသောက်ဖို့ အဆင်ပြေလာမှာဖြစ်တယ်လို့ ပြောပါတယ်။

လားရှိုးမြို့မှာ အိမ်သုံးပစ္စည်း အရောင်းဆိုင်အများစုကလည်း လက်ကား မရောင်းပေးတော့သလို စက်သုံးဆီဆိုင် အများစုကလည်း ပိတ်ထားတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အရင်က ဂျုံ တစ်အိတ်ကို သုံးသောင်း။ အခု ၉ သောင်း ပေါက်နေပြီ။ ရောင်းတဲ့သူရော ဝယ်တဲ့ သူရော ဘယ်လို မှ မကိုက်တော့ဘူး" လို့ ကုန်သည်တစ်ဦးကပြောပါတယ်။

လျှပ်စစ်ပစ္စည်းဆိုင် တစ်ဆိုင်ကလည်း ငွေစျေးကျနေတဲ့အတွက် ပစ္စည်းရှိရင်တောင် အရောင်းရပ်ထားရတော့မယ် လို့ဆိုပါတယ်။

လားရှိုးနဲ့ နမ့်ဖတ်ကာ ယဉ်မောင်းနေသူတစ်ဦးကလည်း ကားခဈေးတင်လည်း မရသလို၊ မတင်ရင်လည်း ဆီဈေး အဆမတန်တက်နေတာကြောင့် အလုပ်ရပ်နားထားတော့မယ်လို့ ပြောပါတယ်။  

‌ငွေကြေး ဖောင်းပွမှုကြောင့် လက်ရှိမှာ အရောင်းအဝယ် ရပ်ဆိုင်းထားရသလို စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဆိုင်ကယ်၊ ကား အသုံးပြုပြီး အလုပ်လုပ်ကိုင် သွားလာနေရတဲ့ ပြည်သူတွေမှာလည်း အကျပ်အတည်း ဖြစ်နေတာ တွေ့ရပါတယ်။

 
 

 

 

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...