နိုင်ငံသားကဒ်ထုတ်ပေးမှု ဥပဒေနှင့် မညိီဟုဆိုကာ ဘူးသီးတောင်တွင် ကန့်ကွက် ဆန္ဒဖော်ထုတ်

နိုင်ငံသားကဒ်ထုတ်ပေးမှု ဥပဒေနှင့် မညိီဟုဆိုကာ ဘူးသီးတောင်တွင် ကန့်ကွက် ဆန္ဒဖော်ထုတ်
by -
နိရဥ္စရာ
ဘူးသီးတောင်မြို့နယ်တွင် လူဝင်မှုနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ လက်ရှိ ဘင်္ဂလီ လူမျိုးများအား နိုင်ငံသားစိစစ်ရေး ကဒ်ပြားများ ထုတ်ပေးနေမှုမှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေနှင့် ကိုက်ညီမှု မရှိဟုဆိုကာ ဘူးသီးတောင်မြို့၌ ဇွန်လ ၉ ရက်နေတွင် ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်သူ ၅၀၀ ခန့်သည် ယမန်နေ့ နေ့လယ် ၁ နာရီ မိနစ် ၂၀ တွင် ဘူးသီးတောင်မြို့ထဲရှိ အေးစေတီကျောင်းတွင် စုရပ်လုပ်ပြီး မြို့နယ် လူဝင်မူနှင့် ပြည်သူ့အင်အား ဦးစီးဌာန ရုံးရှေ့ထိ ချီတက်ကာ သွားရောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်သူများသည် နိုင်ငံသားကဒ်ထုတ်ပေးမှု ရပ်တန့်ရေး၊ ဥပဒေချိုးဖောက်သူများအား အရေးယူရေး၊ ဥပဒေနှင့် မညီဘဲ ထုတ်ပေးထားသော နိုင်ငံသား စိစစ်ရေးကဒ်များကို ပြန်ရုပ်သိမ်းရေး၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း စိစစ်ပေးရေး၊ လက်ရှိနိုင်ငံသားစိစစ်ရေးအဖွဲ့ နုတ်ထွက် ပေးရေးတို့ကို တောင်းဆိုခဲ့ကြသည်။

“ နိုင်ငံသား စိစစ်တဲ့ နေရာမှာ ဥပဒေနဲ့အညီ မစိစစ်ဘဲ နိုင်ငံသားအဖြစ် ပေးနေတယ်။ ဒီလို စိစစ်နေတဲ့ သူတွေ နဲ့ ဥပဒေနဲ့ မညီဘဲ နိုင်ငံသားကဒ် ရရှိထားသူတွေကို အရေးယူပေးဖို့ ခုလို တောင်းဆို ဆန္ဒပြရတာ ဖြစ်ပါတယ်” ဟု ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးမောင်ဝင်းနိုင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဘူးသီးတောင်မြို့နယ်မှာ ယခုနှစ် ဖေဖော်ဝါရီလ အတွင်း ဘင်္ဂလီလူမျိုး ၃၀ ကျော်ကို နိုင်ငံသား စိစစ်ရေးကဒ်များနှင့် နိုင်ငံသား ပြုခွင့်ရကဒ်များ ထုတ်ပေးခဲ့သည်။ ၎င်းအပြင် နောက်ထပ် ဘင်္ဂလီ လူမျိုး ၂၄ ဦးကို ထပ်မံထုတ်ပေးရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

“ ဘင်္ဂလီတွေကို ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေနဲ့ ညီညွတ်မူမရှိဘဲ့ နိုင်ငံသားကဒ်များကို လာဘ်ပေး လာဘ်ယူပြုလုပ်ကာ ထုတ်ပေးနေပါတယ်။ ဥပဒေနဲ့ မညီတဲ့ လုပ်ဆောင်မှုတွေ ရှိနေတဲ့အတွက် ဘူးသီးတောင်မြို့မှာ ဒီကနေ့ မြို့လုံးကျွတ် ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုဝင်းနိုင်က ပြောသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...