ရခိုင်တွင် တိုက်ပွဲကာလအတွင်း သတ်ဖြတ်ခံလိုုက်ရသူများနှင့် ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များကို ရက္ခိုင်အစည်းအရုံး (ဂျပန်) က စားနပ်ရိက္ခာများထောက်ပံ့

ရခိုင်တွင် တိုက်ပွဲကာလအတွင်း သတ်ဖြတ်ခံလိုုက်ရသူများနှင့် ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များကို ရက္ခိုင်အစည်းအရုံး (ဂျပန်) က စားနပ်ရိက္ခာများထောက်ပံ့

ရခိုင်တွင် တိုက်ပွဲကာလအတွင်း သတ်ဖြတ်ခံလိုုက်ရသူများနှင့် ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များကို ရက္ခိုင်အစည်းအရုံး (ဂျပန်) က စားနပ်ရိက္ခာများထောက်ပံ့

ရခိုင်ပြည်နယ်တွင် တိုက်ပွဲကာလအတွင်း သတ်ဖြတ်ခံလိုက်ရသူများနှင့် ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များကို ရက္ခိုင်အစည်းအရုံး (ဂျပန်) က စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။

ထောက်ပံ့ရာတွင် ကျောက်တော်မြို့နယ်အတွင်းရှိ တင်းမကျေးရွာမှ မိသားစု ၁၈ စု၊ တောင်ပေါက်ကျေးရွာ၊ သင်္ဘောကွေ့ကျေးရွာနှင့် ရွာမပြင်ကျေးရွာတို့မှ မိသားစု ၁ စုစီနှင့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ မိသားစု ၃ စု၊ စုစုပေါင်းမိသားစု ၂၄ စုကို ကျပ် ၅ သောင်းတန်ဖိုးရှိသည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ စသည့်အခြေခံစားနပ်ရိက္ခာများနှင့် Mask များကို စက်တင်ဘာလ ၂၇ ရက်က ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်ဟု ရက္ခိုင်အစည်းအရုံး (ဂျပန်) ၏ ယာယီဥက္ကဋ္ဌ ဦးထွန်းမြခိုင်က နိရဥ္စရာကို ပြောသည်။

“တတ်နိုင်သလောက်ကူညီထောက်ပံ့ရတာပါ။ ကျွန်တော်တို့ရခိုင်လူမျိုးတွေ ကိုယ်ဖြစ်ရင်ကိုယ်ခံမဟုတ်ဘဲ အမျိုးသားရေးလမ်းကြောင်းပေါ်လျှောက်မဲ့ အနာဂတ်မျိုးဆက်သစ်တွေကို ကျွန်တော်တို့က နောက်မှာရှိတယ်ဆိုတာကို ပြသချင်တာဖြစ်ပါတယ်” ဟု ပြောသည်။

သားလင်အိမ်ထောင်ဦးစီးများ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရခြင်း၊ ပျောက်ဆုံးနေခြင်းတို့ကြောင့် မိသားစုစီးပွားဘဝ အခက်အခဲဖြစ်နေရချိန်တွင် ယခုကဲ့သို့ထောက်ပံ့ပေးမှုအပေါ် ကျေးဇူးတင်ဝမ်းမြောက်မိသည်ဟုလည်း တင်းမကျေးရွာမှ ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေသူ ဦးကြည်လင်း၏အမျိုးသမီးဖြစ်သူ ဒေါ်ဝိုင်းမေဦးက ပြောသည်။

“အမျိုးသားမရှိတော့ စားဝတ်နေရေး၊ သားသမီးတွေပညာရေးကအစ ခက်ခဲကတော့မျိုးစုံပါပဲ။ ကယ်ဆယ်ရေးမှာနေတယ်ဆိုပေမယ့် ကယ်ဆယ်ရေးက လူတစ်ယောက် တစ်သောင်းခွဲစီ ပေးပြီး နိုင်ငံတကာက ကူညီပေးတာကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အဲ့ဒါနဲ့က မလုံလောက်ဘူးလေ။ အခုလို ကိုယ့်ရခိုင်အဖွဲ့အစည်းတွေကနေ လာပြီးကူညီပေးတဲ့အတွက် အရမ်းကျေးဇူးတင်မိပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲကာလအတွင်း သတ်ဖြတ်ခံလိုက်ရသူများနှင့် ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေသူများ၏ မိသားစုဝင် အိမ်ထောင်စု ၂၇ စုကို ရက္ခိုင်အစည်းအရုံး (ဂျပန်) က ယခင်ကလည်း ကျပ် ၅ သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများကို ထောက်ပံ့ပေးခဲ့ပြီးပြီဟု သိရသည်။

 
 

 

 

August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...