မုံးကိုးမြို့နယ်ခွဲမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲပြင်းထန်

မုံးကိုးမြို့နယ်ခွဲမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲ ကောင်းဒပ်ရွာနဲ့ ကောင်းလုံရွာကြားမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား ယနေ့ မွန်းလွဲပိုင်းက ၄ နာရီနီးပါးကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဒီနေ့တော့ ကောင်ဒပ်၊ ကောင်းလုံအောက် ကောင်းဒပ်နဲ့ ကောင်းလုံကြားမှာ တအားပစ်နေတယ်။ ရွာကလူတွေတော့ ဘာမှမဖြစ်ဘူး။ စပါးရိတ်တဲ့သူတွေလည်း အားလုံးပြန်သွားပြီ။ စပါးရိတ်နေတဲ့ အချိန်မို့။" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စက်တင်ဘာလ ၂၉ ရက်‌နေ့ မွန်းလွဲ ၂ နာရီ ၃၇ မိနစ်ခန့်ကစပြီး ညနေ ၆ နာရီခန့်အထိ နှစ်ဖက်အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကြတယ်လို့ ပြောပါတယ်။

ပစ်ခတ်မှုအတွင်း လယ်ကွင်းမှာ ကျွဲကျောင်းနေတဲ့သူကို လက်နက်ကြီး စင်မိသွားကြောင်း ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

"လက်နက်ကြီးကျည်က စစ်ကောင်စီတွေရှိတဲ့နေရာ မရောက်ဘူး။ စစ်ကောင်စီတွေက နည်းနည်းအပေါ်မှာရှိနေတာ။ ကျွဲကျောင်းတဲ့သူတွေက အောက်နားလေးက လယ်ကွင်းမှာ။ ရေချောင်းနားလေးမှာ။ ကုန်းပေါ်မကျပဲ အောက်မှာ လာကျတာ။ သူတို့ နည်းနည်း ဝေးတယ်။ ပစ်တာ။ စစ်ကောင်စီတပ်တွေ နေတဲ့ နေရာမရောက်ပဲ လယ်ကွင်းမှာ လာကျလို့ နည်းနည်းလေး ထိသွားပါ။" လို့ သူက ထပ်မံရှင်းပြပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်တို့သည် ကုန်းသာလမ်းသွယ်နှင့် လှိုင်ဟူဘုရားကျောင်း ရှိ MNDAA တပ်စခန်းများကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းတွင် မြေပြင်အင်အားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာသော‌ကြောင့် MNDAA ဘက်ကလည်း ခုခံတိုက်ခိုက်ခဲ့တယ်လို့ ယနေ့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကလည်း ကိုးကန့် MNDAA တပ်စခန်းရှိရာဘက်ကို လတ်တလော အဆက်မပြတ် အင်အားဖြည့်ကာ စစ်ကြောင်းထိုးနေကြောင်း ကိုးကန့်သတင်းမှာ ဖော်ပြထားပါတယ်။

 
 

 

 

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...