စစ်တွေ-သံတွဲသွား မှန်လုံကားငယ်တစ်စီး ကန်စောက်တောင်တွင် တိမ်းမှောက်

စစ်တွေ-သံတွဲသွား မှန်လုံကားငယ်တစ်စီး ကန်စောက်တောင်တွင် တိမ်းမှောက်
by -
နိရဥ္စရာ
တိမ်းမှောက်သွားသော ကားကို တွေ့ရစဉ်
တိမ်းမှောက်သွားသော ကားကို တွေ့ရစဉ်
စစ်တွေမှ သံတွဲသို့ ပြေးဆွဲနေသည့် မှန်လုံခရီးသည်တင် ကားငယ် တစ်စီးသည် ယနေ့ နံနက်က ကျောက်တော်မြို့နယ် ကန်စောက်တောင်အဆင်းတွင် ဘရိတ်ပေါက်ပြီး တိမ်းမှောက်သွားခဲ့သည် ဟု အပေါက်ဝ ကျေးရွာ ရဲစခန်းမှ ရဲအုပ် ဌေးဇော်က နိရဥ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

“ ဒီကနေ့ နံနက် ၆ နာရီခန့်မှာ ကားက တောင်အဆင်းမှာ ဘရိတ်ပေါက်တယ်။ ချောက်ထဲကျမသွားအောင် တောင်စောင်းမှာ လှည့်ရာကနေ တိမ်းမှောက်သွားတာပါ။ ဒါပေမယ့် အသေအပျောက်တော့ မရှိပါဘူး” ဟု ရဲအုပ်ဌေးဇော် ကပြောသည်။

ကျောက်တော်မြို့နယ် ကန်စောက်တောင်သည် မကြာခဏ ကားမတော်တဆ ဖြစ်ပွားသော နေရာ တစ်ခု ဖြစ်သဖြင့် ယခုလို မိုးရာသီတွင် ကားသမားများ အနေဖြင့် အထူးသတိထားပြီး မောင်းနှင်ရန် လိုအပ်သည်ဟု ဆိုသည်။

“ အသေအပျောက်မရှိဘူး ၊ ဒဏ်ရာကြီးကြီးကျယ်ကျယ် မရတာတော်သေးတယ်။ မိုးရာသီမှာ တစ်ခြား အချိန်တွေ ထက် ကားသမားတွေ ပိုသတိထား မောင်းနှင်ဖို့ လိုအပ်ပါတယ်” ဟု ရဲအုပ်ဌေးဇော်က ပြောသည်။

ယခု ကားမတော်တဆမှုကို တရားစွဲဆို အမှု့ဖွင့်ဆောင်ရွက်ခြင်း မရှိဟုလည်း သူက ဆက်လက်ပြောဆိုသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...