ကျေးရွာနဲ့ ဘုရားကျောင်းမကျန် စစ်ကောင်စီတပ် နေရာယူ

ကျေးရွာနဲ့ ဘုရားကျောင်းမကျန် စစ်ကောင်စီတပ် နေရာယူ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ နော့်ဂူကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့က ရွာထဲစခန်းချပြီး ပစ်ခတ်မှု ပြုလုပ်တဲ့အပြင် ဘာသာရေး ဘုရားကျောင်းဝင်းမကျန် နေရာယူလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"စက်တင်ဘာ ၂၃ ရက်နေ့ကစ လက်ရှိထိ နေနေတာ။ ဘယ်အချိန်ထိ နေမှာလဲ မသိဘူး။" လို့ နော့်ဂူ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က နေ့စဉ်နီးပါး ရွာထဲကနေ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်နေတာတွေရှိနေပြီး အိမ်ထောင်စု ၅၀ ကျော်ရှိတဲ့ထဲက ရွာခံ အများစုက တရုတ်နယ်စပ် ပါထန်းဘက်မှာ ဝါးတဲဆောက်ကာ ထွက်ပြေးခိုလှုံ နေရတာဖြစ်ပါတယ်။

လက်ရှိခိုလှုံနေကြရတဲ့ ယာယီ စစ်ရှောင်နေရာမှာတော့ အမိုးအကာနဲ့ ညအလင်းရရှိရန် လျှပ်စစ်မီး လိုအပ်နေပါတယ်။

မုံးကိုးဘက် စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ စက်တင်ဘာ ၂၆ ရက်နေ့ ညနေ ၃ နာရီခန့်က ပန်ဆိုင်း ဖိုင်ကောင်းဘက် ပြန်ဆင်းလာပြီး ကျေးရွာအတွင်း အပြည့် တပ်ချနေကြောင်း ပန်ဆိုင်းဒေသခံတစ်ဦးကလည်း ပြောပါတယ်။

ရှမ်းမြောက်တွင် စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား မကြာခဏ တိုက်ပွဲဖြစ်နေတာကြောင့် ‌ဩဂုတ်လ ၃၀ ရက်နေ့ကစ လက်ရှိထိ ဒေသခံအများအပြား ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း သိရပါတယ်။

 
 

 

 

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...