မောင်တော၊ ဘူးသီးတောင်တွင် မိုရာမုန်တိုင်းကြောင့် ပျက်စီးအိမ်ခြေ တစ်သောင်းကျော်ရှိ၊ ဆုံးရှုံးမှု ကျပ် သိန်းပေါင်း တစ်သောင်းသုံးထောင်ကျော်ဟုဆို

မောင်တော၊ ဘူးသီးတောင်တွင် မိုရာမုန်တိုင်းကြောင့် ပျက်စီးအိမ်ခြေ တစ်သောင်းကျော်ရှိ၊ ဆုံးရှုံးမှု ကျပ် သိန်းပေါင်း တစ်သောင်းသုံးထောင်ကျော်ဟုဆို
by -
နိရဥ္စရာ
ခရီးလမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ ဖုန်းအဆက်အသွယ်များ ပြတ်တောက်နေမှုများကြောင့် မေလ ၂၉ ရက်နှင့် ၃၀ ရက်နေ့များက တိုက်ခတ်ခဲ့သော မုန်တိုင်း အပျက်အစီးစာရင်းများကို ချက်ချင်း မထုတ်ပြန်နိုင်ခဲ့သည့် မောင်တောခရိုင်အတွင်း ယခုအခါ အပျက်အစီးစာရင်းများ ထွက်ပေါ်လာပြီ ဖြစ်သည်။

“ မောင်တောခရိုင်အတွင်းမှာရှိတဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ် အတွင်း ပျက်စီးသွားတဲ့ အိမ်အလုံးပေါင်းက တစ်သောင်းနဲ့ လေးထောင်ကျော်ရှိပါတယ်။ အဲဒီအထဲမှာ လုံးဝပြိုလဲသွားတဲ့ အိမ်အလုံးပေါင်းက ၄၀၀၀ ရှိပြီး တစ်ပိုင်းတစ်စ ပြိုပျက်သွားတဲ့ အိမ်ခြေက တစ်သောင်းရှိပါတယ်” ဟု မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောသည်။

မိုရာ လေမုန်တိုင်း ကြောင့် မောင်တောမြို့နယ် အတွင်း ဘုန်းတော်ကြီးကျောင်း ပေါင်း ရ၃ ကျောင်း ပျက်စီးခဲ့ရသည်ဟု သိရသည်။

မောင်တော မြို့နယ် တစ်ခုတည်းတွင် စာသင်ကျောင်း အဆောင်ပေါင်း ၂၁၇ ဆောင် ပျက်စီးပြီး ၎င်းအထဲတွင် လုံးဝပျက်စီးသွားသည့် ကျောင်းဆောင်မှာ ၃၀ ခန့်ရှိကြောင်း မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် မိုရာမုန်တိုင်းကြောင့် ပျက်စီးခဲ့ရသော ကျောင်းပေါင်းမှာ ၁၉၄ ကျောင်းရှိပြီး ယင်းအထဲတွင် ကျောင်း ၁၄ ကျောင်းမှာ လုံးဝ ပြိုလဲ ပျက်စီးသွားခဲ့ရသည်ဟု ဘူးသီးတောင်မြို့နယ် ပညာရေးမှူး ဦးညွှန့်ဖေက ပြောကြားသည်။

မောင်တောမြို့နယ် အတွင်း အပျက်အစီး ဆုံးရှုံးမှုတန်ဖိုးမှာလည်း အလွန်ကြီးမားပြီး ကျပ်သိန်းပေါင်း ၁သောင်း ၃ထောင်ကျော်ဖိုးရှိသည်ဟု ခရိုင် အုပ်ချုပ်ရေးမှူးက ပြောသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...