ဂျပန်မှ လှူဒါန်းသည့် ရခိုင်ကမ်းရိုးတန်းပြေး “ ကစ္ဆပနဒီ-၁” သင်္ဘောခ စျေးနှုန်းလျော့ချ

ဂျပန်မှ လှူဒါန်းသည့် ရခိုင်ကမ်းရိုးတန်းပြေး “ ကစ္ဆပနဒီ-၁” သင်္ဘောခ စျေးနှုန်းလျော့ချ
by -
နိရဥ္စရာ
ဂျပန်နိုင်ငံမှ ရခိုင်ကမ်းရိုးတန်းတွင် ပြေးဆွဲရန် လှူဒါန်းလိုက်သော ကစ္ဆပနဒီ - ၁ သင်္ဘောခများကို သက်ဆိုင်ရာမှ ယမန်နေ့ ဇွန်လ ၆ ရက်နေ့မှ စတင်လျော့ချလိုက်သည်ဟု သတင်းရရှိသည်။

ယခင်က စစ်တွေ- မြေပုံ သင်္ဘောခမှာ ခရီးသည် တစ်ဦးအတွက် ကျပ် ၈၀၀၀ ရှိခဲ့ပြီး ယခုအခါ ကျပ် ၆၀၀၀ သို့ လျော့ချခဲ့သည်။

အလားတူ စစ်တွေ-ကျောက်ဖြူ သင်္ဘောခ စျေးနှုန်းမှာ ခရီးသည် တစ်ဦးအတွက် ကျပ် ၁၂၀၀၀ နှုန်း ရှိခဲ့သော်လည်း ယခုအခါ ၉၀၀၀ ကျပ်သို့လည်းကောင်း၊ ယခင် စစ်တွေ-တောင်ကုတ် သင်္ဘောခမှာ ခရီးသည် တစ်ဦး ၂၀၀၀၀ ကျပ်နှုန်း ရှိခဲ့သော်လည်း ယခု ၁၅၀၀၀ ကျပ်နှုန်းသို့ လျော့ချခဲ့သည်။

မြေပုံ- ကျောက်ဖြူ အကြား သင်္ဘောမှာ ၈၀၀၀ ကျပ်နှုန်းရှိခဲ့ရာမှ ယခု ၆၀၀၀ ကျပ်သို့လည်းကောင်း၊ ယခင် မြေပုံ-တောင်ကုတ် ၁၄၀၀၀ ကျပ်နှုန်း ရှိခဲ့ရာမှ ယခု အခါ ၁၀၅၀၀ ကျပ်နှုန်းသို့လည်းကောင်း၊ ယခင် ကျောက်ဖြူ-တောင်ကုတ် ၉၀၀၀ ကျပ်နှုန်း ရှိခဲ့ရာမှ ယခုအခါ ရ၀၀၀ ကျပ်နှုန်းသို့လည်းကောင်း ယခုအခါ လျော့ချ လိုက်သည်ဟု ဌာနခွဲစာရေး ဦးအောင်စောသိန်းက ပြောသည်။

ထိုသို့ ရခိုင်ပြည်နယ်တွင်း စစ်တွေမြို့မှ တစ်ခြားမြို့များသို့ ပြေးဆွဲနေသည့် “ ကစ္ဆနဒီ-၁ ” ရေယာဉ်ဖြင့် ပြေးဆွဲနေသည့် ခရီးသည်ခစျေးနှုန်းများအား လျော့ချပေးခြင်းမှာ ခရီးသည်များ စရိတ်စခ အနည်းငယ်ဖြင့် ခရီးသွားလာရေး အဆင်ပြေရန် ရည်ရွယ်၍ လျော့ချခြင်း ဖြစ်ကြောင်း ရခိုင်ပြည်တွင်းပြည်ပ ပို့ဆောင်ဆက်သွယ်ရေးမှ တာဝန်ရှိသူ ကိုတင်ဝင်းက နိရဥ္စရာ သို့ပြောသည်။

အဆိုပါ လျော့ချလိုက်သည့် သင်္ဘောခ စျေးနှုန်းများဖြင့် ဇွန်လ ၆ ရက်နေ့မှ စတင်၍ ခရီးသွားလာနိုင်ပြီ ဖြစ်ကြောင်း၊ ယခင်စျေးနှုန်းအတိုင်း ရောင်းချပါက သက်ဆိုင်ရာသို့ တိုင်ကြားနိုင်ပါကြောင်း ပြောကြားသည်။

ကစ္ဆပနဒီ- ၁ အမြန်ရေယာဉ်သည် စစ်တွေ-မြေပုံ- ကျောက်ဖြူ -တောင်ကုတ်-မာန်အောင် -ရမ်းဗြဲ စသည့် ခရီးစဉ်များကို တစ်ပတ်လျှင် နှစ်ကြိမ်နှုန်းဖြင့် ယခုနှစ် ဧပြီလ ၁၀ ရက်နေ့မှ စတင် ပြေးဆွဲပေးနေခြင်းဖြစ်ကြောင်း သိရသည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...