စစ်ကောင်စီလက်အောက် လောက်ကိုင် နယ်ခြားစောင့်တပ်များ ဒေသခံများ၏ လယ်ယာခြံမြေကို ဖျက်ဆီး

စစ်ကောင်စီလက်အောက် လောက်ကိုင် နယ်ခြားစောင့်တပ်များ ဒေသခံများ၏ လယ်ယာခြံမြေကို ဖျက်ဆီး



ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် သိန္နီမြို့နယ် နားတီးကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်များက ဒေသခံများ၏ လယ်ယာခြံမြေကို ဖျက်ဆီးနေသည့်အပြင် ဒေသခံတောင်သူများကိုလည်း ပစ်ခတ်ခြိမ်းခြောက်နေကြောင်း သိရသည်။

“လူကတော့ ကိုးကန့်တရုတ် လူမျိုး။ ဒါပေမယ့် စစ်ကောင်စီနဲ့ ပေါင်းတဲ့သူတွေ။ ဝတ်စုံက စစ်ကောင်စီ အုပ်ထုပ်နဲ့ ဆင်တာ ဆောင်းတယ်။ စစ်ကောင်စီ တံဆိပ်တော့ မဟုတ် ပြန်ဘူး။ စစ်ကောင်စီ အုပ်ထုပ်နဲ့ တူတာ ဆောင်းတယ်။ BGF လိုမျိုးပေါ့။ နယ်ခြားစောင့်တပ်။” ဟု နားတီးရွာခံတစ်ဦးက ရှင်းပြသည်။

လောက်ကိုင်မှ လူငယ် ၁၀ ဦးအပါအဝင် ထို BGF အဖွဲ့တွင် လူဦးရေ ၆၀ ခန့်ရှိပြီး နာတီးဒေသခံများ၏ လယ်ယာခြံမြေ ဧကပေါင်း ၄၀၀ ဝန်းကျင်ရှိသော တောင်ကုန်းတွင် ဗုံးခိုကျင်းတူးခြင်း၊ မြှောင်းဖောက်ခြင်းစသဖြင့် ဖျက်ဆီးမှုများပြုလုပ်နေသည်ဟု ဆိုသည်။

“တချို့ ပြည်သူတွေက စပါးခင်း ပေါင်းရှင်းနေဆဲ ဖြစ်တယ်။ ပေါင်းမရှင်းရသေးတဲ့ သူတွေလည်းရှိတယ်။ ပေါင်းရှင်းပြီးသွားတဲ့ ခြံတွေလည်း သူတို့ မြှောင်းတွေအကုန်တူးပစ်တာ။ ဖရိုဖရဲ ဖျက်ဆီးပစ်တယ်။ လယ်တွေလည်း အဲဘက် ကုန်းဘက်က လယ်တွေလည်း ရေလည်း သွားကြည့်လို့မရတော့ဘူး။ ရေခန်းကုန်ပြီလား၊ ရေရှိလား မရှိလားလည်း သွားကြည့်လို့မရတော့ဘူး။ ခုက လယ်တွေကလည်း ထိခိုက်ရှုံးဆုံးနေရပြီ။ အဓိက စပါးများတယ်။ ပြောင်းလည်း စိုက်တော့ စိုက်တယ်။ တချို့ပြောင်းခင်းတွေလည်း သူတို့ ကတုတ်ကျင်း တူးလို့ အကုန် ခုတ်ပစ်လိုက်တယ်။ ဖျက်ဆီးပစ်တာ။ ဒီ ရွာထဲလည်း အဝင်အထွက် သူတို့ ကြိုက်သလို သွားလာ နေကြတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဩဂုတ် ၃၀၊ ၃၁ ရက်ခန့်ကစတင်ပြီး စစ်ကောင်စီနဲ့ စီးပွားရေး ပူးပေါင်းသော လောက်ကိုင် နယ်ခြားစောင့်တပ်သည် နားတီးကျေးရွာအနီးတွင် စခန်းချပြီး လမ်းကြောင်းတစ်လျှောက် သွားလာသောဒေသခံများကိုလည်း ပစ်ခတ်မှုများပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါဒေသတွင် ရှမ်း၊ တရုတ်၊ ကချင် မျိုးနွယ်စုများနှင့် မြောင်ဝ် စသည့် လူဦးရေ ၅၀၀ ဝန်းကျင် လုပ်ကိုင်စားသောက်နေသော နေရာဖြစ်သည်။

 
 

 

 

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...