မွန်အမျိုးသားကျောင်း(၁၃၀) ကျော်အတွက် ဘတ်ဂျက် သိန်း(၈၀၀)တောင်းခံထား

မွန်အမျိုးသားကျောင်း(၁၃၀) ကျော်အတွက် ဘတ်ဂျက် သိန်း(၈၀၀)တောင်းခံထား
by -
သံလွင်တိုင်းမ်
မွန်အမျိုးသားကျောင်းကို တွေ့ရစဉ် ( ဓါတ်ပုံ - dong malay)
မွန်အမျိုးသားကျောင်းကို တွေ့ရစဉ် ( ဓါတ်ပုံ - dong malay)
မွန်အမျိုးသားကျောင်း(၁၃၀)ကျော်ကို ထောက်ပံ့ကြေးငွေအဖြစ် မွန်ပြည်နယ်လွှတ်တော်မှ တစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ ဘတ်ဂျက် သိန်း(၈၀၀) တောင်းခံထားကြောင်း မွန်အမျိုးသားကျောင်းတာဝန်ခံ မှ သတင်းရရှိသည်။

အဆိုပါ ဘတ်ဂျက်ငွေကို ဖေဖော်ဝါရီလက တင်ပြခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်အကြောင်းပြန်ကြားခြင်းမရှိသေးသော်လည်း ပြည်ထောင်စုဝန်ကြီးမှ ပြည်နယ်အစိုးရသို့ အကြောင်းပြန်ကြားချက်အရ ရနိုင်ခြေများကြောင်း မွန်အမျိုးသားကျောင်း(Mon National Education center) တာဝန်ခံ ဦးမင်းအောင်ဇေကပြောကြားသည်။

“သမ္မတရုံးကခွင့်ပြုရင်တော့ ရပါပြီ။ ရဖို့အခြေအနေရှိတယ်လို့ပြောတယ်။ကျောင်းထောက်ပံ့ကြေးပေါ့လေ။ စာအုပ်စာရေးကိရိယာတွေရဖို့ပေါ့လေ။ပြီးခဲ့တဲ့နှစ်တွေကတော့ ယူနီဆပ်ဖ် အကူအညီနဲ့ ရခဲ့တာရှိတယ်။အခု ယူနီဆပ်ဖ် ပရောဂျက်ကာလ ပြီးဆုံးတော့ ရှေ့ဆက် အကူအညီရဖို့ဆိုရင် မွန်ပြည်နယ်အစိုးရအနေနဲ့ မွန်အမျိုးသားကျောင်းတွေကို ကူညီပေးဖို့ ပရိုပိုဆယ်တင်ထားတာပေါ့။” ဟု၄င်းက ပြောကြားသည်။

မွန်ဘာသာကျောင်းများတွင်မိခင်ဘာသာစကားအခြေပြုသင်ကြားပေးမှာဖြစ်ပြီး မွန်ဘာသာစကားကို တတ်မြောက်လိုသည့် မွန်တိုင်းရင်းသားမဟုတ်သော ကျောင်းသားများလည်း တက်ရောက်သင်ကြားနိုင်ကြောင်းသိရသည်။

မွန်အမျိုးသားကျောင်း(၁၃၀) ကျော်တွင် မွန်ပြည်နယ်မှ ကျောင်းပေါင်း(၉၀) ကျော်နှင့် ကရင်ပြည်နယ်မှ (၂၄)ကျောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် (၁၆)ကျောင်းတို့ ပါ၀င်ကြောင်းသိရသည်။

“မွန်ဘာသာစကားကို အခြေပြုသင်တဲ့ ပညာရေးစနစ်ပါ။မွန်တိုင်းရင်းသားမဟုတ်တဲ့ ဗမာကလေးတွေလည်းတက်လို့ရပါတယ်။ရွာဘက်တွေမှာလည်း ကရင်ကလေး၊ထားဝယ်ကလေးတွေလည်းတက်ကြပါတယ်။ကျောင်းပေါင်းက(၁၃၃) ကျောင်းပါ။” ဟုဦးမင်းအောင်ဇေ ဆက်လက်ပြောကြားသည်။

အဆိုပါဘတ်ဂျက်ငွေများရရှိခဲ့ပါက မွန်အမျိုးသားကျောင်းများအတွက် လိုအပ်သော ပရိဘောဂစ္စည်းများ၊ဆရာ၊ဆရာမ လစာများ သောက်သုံးရေနှင့် ယင်လုံအိမ်သာဆောက်လုပ်ခြင်းစသည့် ကျောင်းတွင်းလိုအပ်သည့်နေရာများတွင် အသုံးပြုသွားမှာဖြစ်ပြီး ရပ်ရွာအခြေပြု ဆောင်ရွက်နေရသည့်အတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ငွေကြေးအခက်ခဲများ ရှိနေကြောင်းသိရသည်။

အဆိုပါကျောင်းများတွင် စတုတ္ထတန်းနှင့် အဌမတန်းကိုမူ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းညှိနှိုင်းကာဖြေဆိုခွင့်ပြုထားပြီး ယမန်နှစ်က ယူနီဆပ်ဖ်က ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...
June 25, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ...
ဓာတ်ပုံ-MOI
June 24, 2026
မွန်ပြည်နယ်မှာ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဥပဒေအတိုင်း မရွေးချယ်ဘဲ...